ဖုန်းကုမ္ပဏီဝန်ထမ်းတစ်ဦး ငွေကျပ် သိန်းတစ်ရာကျော်လိမ်လည်
diz_admin
September 8, 2020ထားဝယ်မြို့တွင် တာဝန်ကျနေသည့် Realme ဖုန်းကုမ္ပဏီဝန်ထမ်း တစ်ဦးသည် ယင်းကုမ္ပဏီမှ ငွေကျပ် သိန်း ၁၅၀ ခန့်ကို ယူပြီးတိမ်းရှောင်နေသဖြင့် ထားဝယ်မြို့မရဲစခန်းတွင် လိမ်လည်မှုဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ကုမ္ပဏီ ဈေးကွက်မြှင့်တင်ရေးဝန်ထမ်း ဦးသက်ဇင်မျိုးက ပြောသည်။ ဖုန်းဆိုင်များထံမှ ဖုန်းဖိုးငွေများလိုက်လံသိမ်းဆည်းပြီး ကုမ္ပဏီထံအပ်နှံရမည့် ငွေကြေးများကို လာရောက်အပ်နှံခြင်းမရှိဘဲ တိမ်ရှောင်းသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ ယင်းသို့ပိုက်ဆံမသွင်းဘဲ တိမ်းရှောင်သွားသည်ကို သြဂုတ်လ ၂၈ ရက်ကမှ ကုမ္ပဏီဘက်ကသိရပြီး အဆိုပါ ဝန်ထမ်းအား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်အားလုံး ဖြတ်တောက်ထားခဲ့ကြောင်း ၎င်းက ပြောသည်။ တိမ်းရှောင်ထွက်ပြေးသွားသူသည် Realme ဖုန်းကုမ္ပဏီ၏ ထားဝယ် တာဝန်ခံတစ်ဦးဖြစ်ပြီး ထားဝယ်တွင် တာဝန်လာရောက်ထမ်းဆောင်သည်မှာ ခုနစ်လခန့်သာရှိသေးသည်။ ထားဝယ်တွင် […]