BREAKING
March 1, 2025

ထားဝယ်

ဖုန်းဆင်းကတ်များ ကြိုတင်မှတ်ပုံတင်ပြီး ရောင်းချပါက အရေးယူမည်

diz_admin

September 14, 2020

ဖုန်းဆင်းကတ် (SIM Card)) များကို ကြိုတင်မှတ်ပုံတင်ကာ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် လိုက်သည်။ ဆင်းကတ်အရောင်း ကိုယ်စားလှယ်အချို့နှင့် အရောင်းဆိုင်အချို့တွင် သက်သေခံလက်မှတ်ပါ အချက်အလက် များကို ပြင်ဆင်၍ ကြိုတင်မှတ်ပုံတင်ရောင်းချနေသည်ကို တွေ့ရပြီး ယင်းသည် စာတမ်းအမှတ်အသား လိမ်လည် အတုပြုလုပ်ခြင်းဖြစ်၍ တည်ဆဲဥပဒေအရ ပြစ်မှုမြောက်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ထားဝယ်ဈေးများတွင် ကိုဗစ်ကာကွယ်ရေးလုပ်ဆောင်ရန် စေတနာ့ဝန်ထမ်းခေါ် ကြိုတင်မှတ်ပုံတင်ထားသည့် ကတ်များမှာ ပိတ်သိမ်းခံရမည့် ကတ်များဖြစ်သည့်အတွက် မိမိတို့၏ ဖြည့်သွင်းငွေ များ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် ဝယ်ယူသုံးစွဲခြင်း မပြုကြရန် ဆက်သွယ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထား သည်။ ယင်းအပြင် အ‌ရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင်များအနေဖြင့် သက်သေခံလက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်၍ ကြိုတင်မှတ်ပုံတင်ရောင်းချခြင်းမပြုကြရန်နှင့် ဝယ်ယူသူ၏ […]

ထားဝယ်ဈေးများတွင် ကိုဗစ်ကာကွယ်ရေးလုပ်ဆောင်ရန် စေတနာ့ဝန်ထမ်းခေါ်

diz_admin

September 14, 2020

ထားဝယ်ဈေးကြီးနှင့် ကမ်းနားဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ဆောင်ရန်အတွက် ပါဝင်လိုသည့် စေတနာ့ဝန်ထမ်းများကို ခေါ်ယူလျက်ရှိကြောင်း Clean Dawei အလုပ်အမှုဆောင်အဖွဲ့မှ ဦးအောင်ကိုက ပြော သည်။ ဈေးအတွင်းသို့ လာသူများအား Mask (ပါးစပ်နှာခေါင်းစည်း) တပ်ပြီးမှဝင်ရန် တိုင်းအစိုးရက ထုတ်ပြန်ကြေညာ ထားပြီး စည်ပင်သာယာရေးအဖွဲ့အနေနှင့်လည်း ဈေးများကို ကြပ်မတ်ရန် ညွှန်ကြားထားသဖြင့် ယင်းလုပ်ငန်းများကို ကူညီရန်အတွက် စေတနာ့ဝန်ထမ်းများကို ခေါ်ယူခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ လောင်းကစားမှုဖြင့် တရားစွဲခံရသည့် KTV ပိုင်ရှင်အား ထောင်ဒဏ် တစ်နှစ်ခွဲချ နံနက် ၆ နာရီခွဲမှ ၉ နာရီအထိ ထားဝယ် စည်ပင်သာယာဈေးကြီးနှင့် ကမ်းနားဈေးဝင်ပေါက် ထွက်ပေါက်များတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ “ကျွန်တော်တို့က ဈေးသူ ဈေးသားတွေကို Mask တပ်ပြီးမှ […]

လောင်းကစားမှုဖြင့် တရားစွဲခံရသည့် KTV ပိုင်ရှင်အား ထောင်ဒဏ် တစ်နှစ်ခွဲချ

diz_admin

September 14, 2020

KTV ပိုင်ရှင်တစ်ဦးပါဝင်သည့် လောင်းကစားအမှုတွင် ထောင်ဒဏ်တစ် နှစ်ခွဲချမှတ်လိုက်ကြောင်း ထားဝယ်မြို့ နယ် တရားရုံးထံမှ သိရသည်။ ယမန်နှစ် ဇွန်လက ထားဝယ်မြို့ရှိ အသက် ၄၅ နှစ်အရွယ် KTV ပိုင်ရှင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ လောင်း ကစားပစ္စည်းများ၊ လောင်းကြေးငွေကျပ် ၆၅ သိန်းကျော်နှင့် ထိုင်းဘတ်ငွေ တစ်ထောင်ကျော်ကို ဖမ်းမိခဲ့သည့် အမှုဖြစ်သည်။ အဆိုပါအမှုတွင် KTV ပိုင်ရှင်အပါ အဝင် စုစုပေါင်း ၁၅ ဦးကို လောင်းကစားဥပဒေပုဒ်မ- ၁၆(က) ၊ ၁၇ (က)တို့ဖြင့် တရားစွဲဆိုထားသည်။ လက်ရှိတွင် KTV ပိုင်ရှင်ကို လောင်းကစားဥပဒေပုဒ်မ- ၁၇(က) ကျူးလွန်ကြောင်း ထင်ရှားသည့်အတွက် စက်တင် ဘာလ ၇ ရက်နေ့က အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ခွဲချမှတ်လိုက်ကြောင်း ထားဝယ်မြို့နယ်တရားရုံး၏ […]

မူးယစ်ဆေးအကျဉ်းသားများ တစ်ရက်ကျွေးမွေးစရိတ် ကျပ်သိန်းသုံးဆယ်ခန့်ကုန်

diz_admin

September 12, 2020

တနင်္သာရီတိုင်းအတွင်း မူးယစ်ဆေးကြောင့် ထောင်ကျနေသူများကို တစ်ရက်တာ ကျွေးမွေးစရိတ်က ကျပ်သိန်းသုံးဆယ်ခန့်ကုန်ကျကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်း အကျဉ်းသားဦးရေ လေးထောင်ကျော်ရှိသည့်အနက် မူးယစ်ဆေးအမှုကြောင့် ထောင်ကျနေသူ သုံးထောင်ဝန်းကျင်အထိ ရှိနေ ကြောင်း တိုင်းဒေသကြီး အကျဉ်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းခိုင်က ဆိုသည်။ တိုင်းအတွင်း အကျဉ်းထောင် သုံးခု နှင့် အလုပ်စခန်း နှစ်ခုရှိသည်။ ကလေးသူငယ်များ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှု ပိုများလာ အဆိုပါ အကျဉ်းသားတစ်ဦးအတွက် တစ်ရက်လျှင် ငွေကျပ်တစ်ထောင်နှုန်း ကျွေးမွေးနေသည့်အတွက် တစ်ရက်ကုန် ကျစရိတ်က ကျပ်သိန်းသုံးဆယ်ခန့်အထိ ရှိကြောင်း ၎င်းက ဆိုသည်။ “သိန်းသုံးဆယ်လောက်ကို ကျန်းမာရေး ပညာရေး လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွေမှာ သုံးလို့ရှိရင် အရမ်းအကျိုးရှိမှာ ပေါ့နော်” ဟု ဦးထွန်းခိုင်က ပြောသည်။ ထို့အပြင် […]

ပြည်ထောင်စု၏ ဒေါ်လာဈေးသတ်မှတ်ချက်ကြောင့် လျှပ်စစ်အရေးတွင် ထားဝယ်လူထုနစ်နာ

diz_admin

September 11, 2020

ထားဝယ်ခရိုင် လျှပ်စစ်သုံးစွဲသည့် ယူနစ်ဈေးနှုန်းကို သုံးလတစ်ကြိမ် ပြောင်းလဲသတ်မှတ်နိုင်သည့် စည်းကမ်းချက်ရှိသည်။ ဒေါ်လာဈေးကျလျှင် လျှပ်စစ်ယူနစ် ဈေးကျမည်။ ဒေါ်လာ ဈေးတက်လျှင် လျှပ်စစ်ယူနစ် ဈေးတက်မည်။ သို့သော် ယခုအခါ ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်ထားသော ဒေါ်လာဈေးနှုန်းနှင့် ပြင်ပဈေးနှုန်းအကြား ကွာဟချက် ကြီးမားနေခြင်းက လျှပ်စစ်မီးသုံးစွဲသူ ထားဝယ် လူထုကို နစ်နာနေစေသည်။ သူနာပြုသားဖွားနှင့် ဘက်စုံသားဖွား ဒီပလိုမာသင်တန်း လျှောက်လွှာခေါ်ယူ ထားဝယ် ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့်တင်ဒါခေါ်စဉ်က လောင်စာဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်နှုန်း အတက်အကျအပေါ် မူတည်၍ သုံးလလျှင် တစ်ကြိမ်လျှပ်စစ် ယူနစ် ဈေးနှုန်းကို ပြင်ဆင်သတ်မှတ် နိုင်သည်ဟု စည်းကမ်းချက် ပါရှိသည်။ လက်ရှိထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးကို Petro & Trans ကုမ္ပဏီက တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် ၂၀၁၉ […]

ရွေးကောက်ပွဲဝင်ရန် စည်ပင်ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်

diz_admin

September 11, 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်စဉ်က သရက်ချောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် အရွေးခံခဲ့ရသည့် ဦးသန်းမြင့်သည် လာမည့်ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) မှ ရွေးကောက်ပွဲဝင်ရန်အတွက် စည်ပင်သာယာဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်သည်။ ဦးသန်းမြင့်သည် ၂၀၁၀ မှ ၂၀၂၀ နှစ်ဦးပိုင်းအထိ သရက်ချောင်းမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌတာဝန်ကို နှစ်ကြိမ်ဆက် အရွေးခံခဲ့ရသူ ဖြစ်သည်။ COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ စည်ပင်ကော်မတီတွင် တာဝန် မထမ်းဆောင်ခင်အချိန်က သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မြို့နယ်အဆင့် ထိပ်ပိုင်းခေါင်းဆောင် (EC အဖွဲ့ ဝင်) တစ်ဦးဖြစ်သည်။ စည်ပင်ကော်မတီဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံလိုက်ရသောအခါ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဆိုသည့်အတွက်ကြောင့် ပါတီမှနုတ်ထွက်လိုက်ရပြီး ၂၀၁၅ ရွေးကောက်ပွဲကာလက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဝင်အဖြစ်နှင့် ရွေးကောက်ပွဲဝင်ရန် စိတ်ကူးရှိခဲ့သော်လည်း […]

ယာဉ်မောင်းလိုင်စင်အသစ် လုပ်ပေးမှု ရပ်နား

diz_admin

September 11, 2020

ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်များလာသဖြင့် ယာဉ်မောင်းလိုင်စင်အသစ်များ ပြုလုပ်ပေးနေမှုကို စက်တင်ဘာလ ၃ ရက်နေ့မှစတင်ကာ ရပ်နားလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန(ကညန) ထံမှ သိရသည်။ ယာဉ်မောင်းလိုင်စင်အသစ်လုပ်ရာတွင် လူစုလူဝေးဖြစ်စေသည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သင်တန်းကို ရပ်ဆိုင်းရန် ညွှန်ကြားလာသည့်အတွက် လိုင်စင်အသစ်မလုပ်ပေးတော့ ကြောင်း ကညနဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။ ဖုန်းကုမ္ပဏီဝန်ထမ်းတစ်ဦး ငွေကျပ် သိန်းတစ်ရာကျော်လိမ်လည် သို့သော် ယာဉ်လိုင်စင်သက်တမ်း တိုးခြင်းများကိုမူ မပိတ်သေးကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကပ်ဘေးစဖြစ်ချိန်က ကညန ရုံးလုပ်ငန်းများကို မတ်လ ၂၃ ရက်မှ ဇွန်လဆန်းအထိ ပိတ်ခဲ့ပြီး ယာဉ်မောင်း လိုင်စင်အသစ် လုပ်ခြင်းကို သြဂုတ်လ ၄ ရက်နေ့တွင် ပြန်လည်ခွင့်ပြုခဲ့သည်။ ယင်းနောက် လက်ရှိတွင် ကိုဗစ်ဒုတိယလှိုင်းဖြစ်လာသည့်အတွက် ပြန်ပိတ် လိုက်ခြင်းဖြစ်သည်။ […]

ကလေးသူငယ်များ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှု ပိုများလာ

diz_admin

September 10, 2020

တိုင်းအတွင်း ကလေးသူငယ်မှုခင်းများတွင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲ မှုသည် ပြီးခဲ့သည့်နှစ်ကထက် ပိုများလာသည်ဟု တနင်္သာရီတိုင်းဒေသကြီးလူမှု ဝန်ထမ်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ ကုန်အထိ တစ်နှစ်စာ စာရင်းများအရ ကလေးသူငယ်များ မူးယစ်ဆေး ရောင်းချ ခြင်းနှင့် သုံးစွဲခြင်းအမှုပေါင်း ခြောက်မှု သာ ရှိခဲ့သော်လည်း ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ခုနစ်လစာ စာရင်းများအရ မူးယစ်ဆေးရောင်း ချခြင်းနှင့် သုံးစွဲခြင်းမှုခင်း ဖြစ်ရပ်ပေါင်း ၁၀ မှုဖြစ်ပွားခဲ့သည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူက ဆိုသည်။ ဒယ်လ်ကိုသတ္တုကုမ္ပဏီက သတ္တုလုပ်ကွက်အသစ်လျှောက်ထားမှု ဒေသခံများ သဘောမတူ “ကလေးသူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပဲလေ။ ဒီအနာဂတ် ကလေး သူငယ်တွေမှာ ဒီလိုပြစ်မှုတွေ များနေတယ်ဆိုတော့ လုံးဝကို […]