BREAKING
March 1, 2025

ထားဝယ်

အစိုးရဌာနများသို့ အပြင်လူဝင်ခွင့် ကန့်သတ်

diz_admin

September 15, 2020

အစိုးရရုံးဌာနများသို့ အပြင်လူ ဝင်ရောက်ခွင့်ကို ကန့်သတ်ချက်ဖြင့် လုပ်ဆောင်ရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက တိုင်းနှင့် ပြည်နယ်များရှိ အစိုးရဌာနများအားလုံးကို ညွှန်ကြား ထားပြီဖြစ်သည်။ ကိုဗစ်ကြောင့် နိုင်ငံတော်အုပ်ချုပ် ရေးယန္တရားကို မထိခိုက်စေရန်အတွက် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ပြီး အစိုးရ၊ ရုံးဌာနအသီးသီးသို့ ရုံးကိစ္စဆောင်ရွက်ရန် ခေါ်ယူခြင်းခံရသူများမှလွဲ၍ ပြင်ပ ပုဂ္ဂိုလ်များ ဝင်ရောက်မှုကို ကန့်သတ်တားမြစ်သွားရန် အထက်ပါကော်မတီက စက်တင်ဘာ ၉ ရက်တွင် ညွှန်ကြားထား သည်ဟု တိုင်းအတွင်းရှိ အစိုးရဌာန အချို့ထံမှ သိရသည်။ ရုံးလုပ်ငန်းဆောင်ရွက်ရန်ကိစ္စရပ်များကို တယ်လီဖုန်း၊ Online၊ Email၊ စာပေး စာယူပုံစံဖြင့် ဆောင်ရွက်ရန်နှင့် မဖြစ်မနေ ရုံးသို့ လာရမည့် ကိစ္စရပ်များ ပြုလုပ်ရန် လိုအပ်လာပါက အပူချိန်တိုင်းခြင်း၊ Mask တပ်ခြင်း၊ ခပ်ခွာခွာ(Social […]

မြန်မြန် လာခေါ်ကြပါ

diz_admin

September 15, 2020

ဦးမောင်ဖြူတစ်ယောက် မနက် စောစောကတည်းက သူ့ကိုလာခေါ် မည့်သူများကို မျှော်နေရသည်က မောနေပြီ။ မနက်ကတည်းက မျှော်နေသော်လည်း ညနေစောင်းသည်အထိ သူ့ကို ခေါ်မည့်သူတစ်ဦးတစ်ယောက်မှ ပေါ် မလာခဲ့ပေ။ သူ့နေအိမ်တွင် ထိုင်စောင့် နေရသည်ဆိုသော်လည်း စိတ်အေး လက်အေးနေရသည်တော့ မဟုတ်။ စက်တင်ဘာလ ၁၁ ရက်ညက ထားဝယ်မြို့နေ အမျိုးသားတစ်ဦးတွင် ကိုဗစ်ရောဂါတွေ့ရှိသည်ဆိုသည့် သတင်းကြောင့် ထိတ်ထိတ်ပြာပြာဖြင့် ထိုင်စောင့်နေရခြင်းဖြစ်သည်။ ဦးမောင်ဖြူဆိုသည်မှာ အမည်လွှဲ ရေးသားထားခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါအပေါ် လက်ရှိ လူထု၏ တုံ့ပြန်မှု အခြေအနေများအရ ယင်းသို့ ပြောင်းလဲထားခြင်းဖြစ်ပါသည်။ အစိုးရဌာနများသို့ အပြင်လူဝင်ခွင့် ကန့်သတ် ဦးမောင်ဖြူ ထိတ်လန့်ရသည့် အကြောင်းကလည်း ကိုဗစ်-၁၉ နှင့် ပတ်သက်သည်။ သူ သုံးရက်ကြာ ထမင်းချိုင့်သွားပို့နေခဲ့သည့် သူမှာ ယမန်နေ့က ကူးစက်ခံရပြီဖြစ်ကြောင်း […]

ကိုဗစ်ကြောင့် ကညနလုပ်ငန်းအားလုံး ဒုတိယအကြိမ်ထပ်နား

diz_admin

September 15, 2020

ကိုဗစ်ကပ်ဘေးကြောင့် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းအားလုံးကို စက်တင်ဘာလ ၁၄ ရက်နေ့မှစကာ ယာယီရပ်နားလိုက်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ပြောကြားသည်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့် တက်နေသည့်အတွက် ယာယီရပ်နား လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တကယ်လို့ ပြန်ဖွင့်ရင်လည်း ကြိုတင်အကြောင်းကြားမယ်” ဟု ဦးထင်ပေါ်က ပြောသည်။ ယင်းကဲ့သို့ ဌာနဝန်ဆောင်မှု လုပ်ငန်းများ ပိတ်ထားချိန်တွင် ယာဉ်လိုင်စင်ရက်လွန်ဒဏ်ကြေး၊ ယာဉ်မောင်းလိုင်စင် သက်တမ်းလွန်ဒဏ်ကြေးကိစ္စတို့နှင့်ပတ်သက်၍ နစ်နာမှုမရှိစေရန် ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကပ်ဘေးစဖြစ်ချိန်က ကညန ရုံးလုပ်ငန်းများကို မတ်လ ၂၃ ရက်မှ ဇွန်လဆန်းအထိ ယာယီရပ်နားခဲ့ဖူးသည်။ ထိုကဲ့သို့ ရပ်နားချိန်တွင် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် ရက်လွန်ဒဏ်ကြေးမကောက်ခံဘဲ ဖြေလျှော့ပေးခဲ့သည်။ တိုင်းကညနဌာန၏ စာရင်းအရ တိုင်းအတွင်း ယာဉ်မောင်းလိုင်စင် စုစုပေါင်း […]

မဲဆွယ်ကာလကို ရက်ကပ်မှထုတ်ပြန်သဖြင့် ပါတီများ အခက်တွေ့ဟုဆို

diz_admin

September 15, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် မဲဆွယ်စည်းရုံးရေးကာလကို ရက်ကပ်ပြီးထုတ်ပြန်သောကြောင့် မဲဆွယ်စည်းရုံးရန်အတွက် အခက်တွေ့ စေသည်ဟု နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။ နိုင်ငံရေးပါတီများသည် ကော်မရှင်က မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ် ထုတ်ပြန်ပြီးမှသာ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ချမှတ်ရ မည့်အနေအထားဖြစ်သည့်အတွက် ယခုလို ရက်ကပ်ပြီးမှ ထုတ်ပြန်ခြင်းမှာ ပြင်ဆင်ရန် အချိန်အခက်အခဲရှိသည်ဟု မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လရီတမက ပြောသည်။ “အမှန်မှာဆို လွန်ခဲ့တဲ့တစ်လလောက် က ထုတ်ပြန်သင့်တယ်။ အဲဒါမှ မဲဆွယ် စည်းရုံးရေးအတွက် ပြင်ဆင်ချိန်ရမယ်” ဟု နိုင်လရီတမက ပြောသည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကို စက်တင်ဘာ ၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ သတ်မှတ်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ထိုသို့ကြေညာမှုသည် မဲဆွယ်စည်းရုံးရေ စတင်နိုင်သည့် စက်တင်ဘာ […]

ကိုဗစ်ရောဂါ ရှိ ၊ မရှိကို တိုင်းအတွင်းမှာပင် စစ်ဆေးနိုင်ပြီ ဟုဆို

diz_admin

September 14, 2020

ကိုဗစ်ရောဂါ ရှိ ၊ မရှိကို တိုင်းအတွင်းမှာပင် စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။ ထားဝယ်နှင့် မြိတ် ဆေးရုံများတွင် ကိုဗစ်စစ်ဆေးသည့်စက်များကို စက်တင်ဘာလ ၃ ရက်နေ့က စတင်လည်ပတ်နေပြီး ကော့သောင်းဆေးရုံရှိ ကိုဗစ် စစ်ဆေးစက်မှာ ပြီးခဲ့သည့်နှစ်ရက်ခန့် ကပင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာနက တိုင်းအတွင်းရှိ ခရိုင်ဆေးရုံတစ်ရုံလျှင် ကိုဗစ် စစ်ဆေးသည့် စက်တစ်လုံးစီကို ချပေးထားကြောင်း သိရသည်။ မြိတ်ဆေးရုံကြီးတွင် ကိုဗစ်ပိုး စစ်ဆေးနိုင်တော့မည် ယင်းစက်တစ်လုံးလျှင် တစ်ရက်အတွင်း ဓာတ်ခွဲနမူနာ ရှစ်ခုမှ ၁၀ ခု အထိ စစ်ဆေးနိုင်ပြီး လက်ရှိတွင် နမူနာ ခြောက်ခုနှုန်း စစ်ဆေးမည်ဖြစ်သည်။ ထိုသို့ စစ်ဆေးပါက တိုင်းအတွင်းတွင် […]

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အများစု ကိုဗစ်စည်းကမ်းချက် မလိုက်နာ

diz_admin

September 14, 2020

ထားဝယ်ဒေသရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အများစုမှာ အစိုးရကသတ်မှတ်ထားသည့် ကိုဗစ်စည်းကမ်းချက်ကို လိုက်နာခြင်းမရှိကြသည်ကို တွေ့ရှိရသည်။ လက်ရှိတွင် ကိုဗစ်ကပ်ဘေးသည် ဒုတိယလှိုင်းအသွင်ဖြင့် ကူးစက်မှုနှုန်း အဆမတန်မြင့်တက်လာနေသော်လည်း ယင်းဆိုင်များက ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များကို လျစ်လျူရှုနေ ကြဆဲဖြစ်သည်။ ကိုဗစ်ကပ်ရောဂါကို ကာကွယ်နိုင်ရန် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ လိုက်နာရမည့်စည်းကမ်းများကို ကျန်းမာရေးဌာနက မေလအတွင်းကတည်းက ထုတ်ပြန်ထားသည်။ ကိုဗစ်ကန့်သတ်ချက်အချို့ ထပ်တိုး ဆိုင်သို့လာသည့်စားသုံးသူအားလုံးကို ဆိုင်အဝင်ဝတွင် အပူချိန်တိုင်းပြီး လက်ဆေးရန်၊ တစ်ဦးနှင့် တစ်ဦးအကြား စားပွဲပေါ်တွင် ကတ်ထူပြား/မှန်ဖြင့် ကာရန်၊ စားသုံးသူများ နှာခေါင်းစည်းနှင့် မျက်နှာကာကို ဆိုင်အတွင်းမဝင်မီ တပ်ဆင်နိုင်ရန် ရောင်းချပေးရန် စသည့် အချက်များကို စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကြိုတင်ပြင်ထားရမည့် အချက်များအဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် ဆိုင်ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် ဆိုင်ဝန်ထမ်းအားလုံးနီးပါးက […]

ကိုဗစ်ကန့်သတ်ချက်အချို့ ထပ်တိုး

diz_admin

September 14, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ဘေး ကူးစက်မှု မြင့်တက်လာချိန်တွင် တနင်္သာရီတိုင်းအတွင်းအတွင်လည်း ကိုဗစ်ကန့် သတ်ချက်စည်းကမ်းများကို ထပ်မံတိုး မြှင့်လိုက်သည်။ ယခင်က တိုင်းအတွင်းသို့လာ ရောက်ပါက ကိုဗစ်ဖြစ်ပွားမှုများသည့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်း Stay at Home (နေအိမ်တွင်သာနေ ထိုင်ရန်) သတ်မှတ်ထားသည့် မြို့နယ် အချို့မှ လာသူများကိုသာ စောင့်ကြည့်စခန်းတွင် သတ်မှတ်ရက်အတိုင်းနေထိုင်ရန် သတ်မှတ်ထားသည်။ ပြည်တွင်းလေကြောင်းလိုင်းများ အားလုံး စက်တင်ဘာလကုန်ထိ ယာယီရပ်ဆိုင်း သို့ရာတွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ မည်သည့် မြို့နယ်မှ လာရောက်သည်ဖြစ်စေ တနင်္သာရီတိုင်းသို့ ဝင်ရောက်လာသူ အားလုံးအား စောင့်ကြည့်စခန်းတွင် ၁၄ ရက်ကြာနေထိုင်ရန် စက်တင်ဘာလ ၈ ရက်နေ့တွင် တိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။ စောင့်ကြည့်စခန်းတွင် နေထိုင်စဉ် ကိုဗစ်ရောဂါရှိ/ မရှိ နှစ်ကြိမ်ဓာတ်ခွဲစစ် […]

ပြည်တွင်းလေကြောင်းလိုင်းများ အားလုံး စက်တင်ဘာလကုန်ထိ ယာယီရပ်ဆိုင်း

diz_admin

September 14, 2020

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန် ပြည်တွင်း လေကြောင်း လိုင်းများအားလုံး ပျံသန်းပြေးဆွဲမှုအား စက်တင်ဘာလ ၉ ရက်နေ့မှ လကုန်အထိ ယာယီရပ်ဆိုင်းထားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားလိုက်သည်။ ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်း ကူးစက်မှုအဖြစ် တိုင်းနှင့် ပြည်နယ်များသို့ ပျံ့နှံ့လာသဖြင့် ယင်းသို့ ရပ်ဆိုင်းထားရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ ဖုန်းဆင်းကတ်များ ကြိုတင်မှတ်ပုံတင်ပြီး ရောင်းချပါက အရေးယူမည် ပြည်တွင်း လေကြောင်းလိုင်းများ အားလုံး ပျံသန်းပြေးဆွဲမှုကို စက်တင်ဘာလ ၁၁ ရက်မှ စတင်ကာ ယာယီရပ်ဆိုင်း ထားသည်ဟု ပြည်တွင်းလေကြောင်း လိုင်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။ ကိုဗစ် […]