ဆိုင်များ နှာခေါင်းစည်းမတပ်ဘဲ ရောင်းချပါက ရောင်းခွင့်တစ်လ ပိတ်သိမ်းသည့်အပြင် ငွေဒဏ်ပါ ပေးဆောင်ရမည်
diz_admin
September 22, 2020ထားဝယ်မြို့နယ်အတွင်း ဈေးဆိုင်ရောင်းသူများအနေနှင့် နှာခေါင်းစည်း မတပ်ဘဲ ရောင်းချပါက ဆိုင်ကို တစ်လ ပိတ်ခိုင်းမည့်အပြင် ငွေဒဏ်ပါ ပေးဆောင်ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။ လက်ရှိတွင် ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာသဖြင့် ယင်းကဲ့သို့ အရေးယူရန် လုပ်ဆောင်လာခြင်းဖြစ်သည်။ နိုင်ငံဝန်ထမ်းများ နယ်ကျော်ခရီးသွားက သွားသူနှင့်အတူ ဖုံးကွယ်ထားသူကိုပါ အရေးယူမည် နှာခေါင်းစည်းမတပ်ဘဲ ဆိုင်ရောင်းချနေပါက ပထမအကြိမ်တွေ့ရှိပါက ဒဏ်ငွေကျပ် ငါးထောင်မှ ငါးသောင်း အထိ၊ ဒုတိယအကြိမ်ပျက်ကွက်ပါက ဆိုင်ရောင်းချခွင့် သုံးရက်ပိတ်မည်ဖြစ်ပြီး တတိယအကြိမ် ဖောက်ဖျက်ပါက အနည်းဆုံးဒဏ်ငွေ ကျပ်သုံးသောင်းမှ ကျပ်သုံး သိန်းအထိ ချမှတ်ခံရမည့်အပြင် ဆိုင်ရောင်းချခွင့် တစ်လ ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။ တတိယအကြိမ် အရေးယူမှုကို စည်ပင်သာယာရေးဥပဒေအရ တရားရုံးတင်ပြီး တရားစွဲဆိုရမည်ဖြစ်ကြောင်း စည်ပင်ကော်မတီ အတွင်းရေးမှူးက ဆိုသည်။ ယခင်ကလည်း […]