BREAKING
February 25, 2025

ထားဝယ်

လောင်းလုံး၊ ဇလွတ်ရွာ ဒေသခံများ နေရပ်မပြန်နိုင်သေးချိန် စစ်ကောင်စီက အိမ်ဖောက်ပစ္စည်းယူ

Dawei Watch

September 15, 2024

စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် လောင်းလုံးမြို့နယ်၊ ဇလွတ်ရွာ ဒေသခံများ နေရပ်မပြန်နိုင်သေးချိန်တွင် စစ်ကောင်စီတပ်က နေအိမ်များကို ဖောက်ဖျက် ဝင်ရောက်ရှာဖွေပြီး ပစ္စည်းများ ယူဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှစပြီး ဇလွတ်ရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းကြောင့် ဒေသခံများ သုံးရက် ဆက်တိုက်အိမ် မပြန်နိုင်ကြသေးပဲဖြစ်နေကြောင်း ၎င်းတို့ကပြောသည်။ “လူမရှိတဲ့ ဆိုင်တွေ အိမ်တွေကို တံခါးတွေဖျက်ပြီး စားရိက္ခာတွေယူတယ်။ ခုလောလောဆယ်တော့ ဆိုင်ကယ် ၃ စင်း၊ ထော်လာဂျီတစ်စင်း သူတို့ယူထားတယ်”ဟု ဒေသခံတစ်ဦးက ၎င်းရရှိထားသည့် သတင်းအချက်အလက်ကို ပြန်လည်ပြောဆိုသည်။ စက်တင်ဘာ ၉ ရက်နေ့တွင် ကျောက်နီမော်ကျေးရွာပျူစောထီး(ခေါ်) ပြည်သူစစ် စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့သည်။ ထို့နောက် ဩဂုတ်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်မှ […]

စစ်ကောင်စီတပ်က လောင်းလုံး ဇလွတ်ရွာကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်

Dawei Watch

September 13, 2024

လောင်းလုံးမြို့နယ် ဇလွတ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတို့ကိုအသုံးပြု တိုက်ခိုက်သဖြင့် အရပ်သား‌တစ်ဦးဒဏ်ရာရပြီး နေအိမ်တစ်ဆောင် ပျက်စီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇလွတ်ရွာနှင့် ရွာချင်းကပ်လျက်တည်ရှိသော ကျောက်နီမော်ကျေးရွာ ပျူစောထီးစခန်းကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ကျောက်နီမော်ကျေးရွာထဲမှနေပြီး ဇလွတ်ကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်ပေါ်ကျပြီး အိမ်တစ်ဆောင် ပျက်စီးခဲ့ကြောင်း၊ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးလည်း လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိထားကြောင်း ဒေသခံတို့က ပြောကြားသည်။ “ကျောက်နီမော်ရွာထဲက မိုက်ခရိုဝေ့ဖ်တောင်ကနေပြီး လက်နက်ကြီးနဲ့ပစ်တာ ဇလွတ်ရွာထဲက လူနေအိမ်တစ်ဆောင်ပျက်စီးပြီး အဖိုးကြီးတစ်ယောက် ဒဏ်ရာရထားတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။ ယင်းအပြင် စစ်ကောင်စီတပ်က ဒရုန်းနှစ်စီးလွှတ်တင်ပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်မှုရှိကြောင်းဒေသခံတို့က ဆိုသည်။ ကျောက်နီမော်ရွာထဲရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းကို […]

လောင်းလုံး၊ မောင်းမကန်ရွာတွင် ယနေ့ပစ်ခတ်မှုဖြစ်

Dawei Watch

September 12, 2024

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် စစ်ကောင်စီတပ်နှင့် PDFတပ်ဖွဲ့တို့ ယနေ့ (စက်တင်ဘာ ၁၂) နေ့လယ်ပိုင်းက နှစ်ဖက်ပစ်ခတ်မှုဖြစ်သဖြင့် ရွာသူရွာသားများ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်ဟု ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းတွင် မောင်းမကန်ရွာ လယ်ကျောင်းအနီးရှိ လူမရှိသည့်နေအိမ်တစ်ဆောင်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး မီးရှို့မည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများကပြောသည်။ “အဲဒီအိမ်ကလူမရှိဘူး။ လက်ဘက်ရည်လည်း ရောင်းတယ်။ အခုဝင်ရှာတော့ ဆိုင်သုံးပစ္စည်းတွေလည်း ကွဲကျန်ခဲ့တယ်”ဟု ဒေသခံကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယင်းနေအိမ်ကိုရှာဖွေပြီးနောက် ပြန်ထွက်လည် ထွက်ခွာချိန်တွင် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “လက်နက်ကြီး နှစ်ချက်လောက်ပစ်တယ် ကျန်တာလက်နက်ငယ်တွေ နဲ့ပစ်နေကြတယ်”ဟု ဒေသခံကပြောသည်။ ဒေသခံများမှာ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ယနေ့ ညနေပိုင်းတွင် နီးစပ်ရာသို့ စတင်တိမ်းရှောင်နေကြခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

လောင်းလုံးတွင် ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသူမှာ သောကြာပြင်ရွာသားဖြစ်

Dawei Watch

September 12, 2024

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာနှင့် ပြင်းထိန်ရွာကြားတွင် စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းက ထိုးသွင်းဒဏ်ရာများဖြစ် ရေမြောင်းအတွင်း သေဆုံးနေသူမှာ သောကြာပြင်ရွာသား ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဦးချစ်လွင်ဖြစ်ပြီး ကမြောကင်းကျေးရွာအုပ်စု သောကြာပြင်လမ်းဆုံတွင် ဆိုင်ကယ်ကယ်ရီဆွဲသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဦးချစ်လွင်သည် စက်တင်ဘာလ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်ကစပြီး နေအိမ်မှ စတင်ထွက်ခွာသွားပြီး ညနေအထိ ပြန်မရောက်လာတော့ကြောင်းမိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။ ယင်းနောက် ဦးခေါင်းနှင့် လည်ပင်းတို့တွင် ထိုးသွင်းဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် ဦးချစ်လွင်၏ ရုပ်အလောင်းကို ဝေဒီရွာနှင့် ပြင်းထိန်ရွာကြား ကျေးရွားချင်းဆက် လမ်းမဘေးတွင် ယင်းနေ့ ညနေပိုင်းတွင် တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “သူ့မှာ နာရီတစ်လုံးပဲကျန်တယ်။ […]

လောင်းလုံးတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးသည့် အမျိုးသားအလောင်းတွေ့

Dawei Watch

September 11, 2024

လောင်းလုံးမြို့နယ် ဝေဒီရွာနှင့် ပြင်းထိန်ရွာကြားရှိ ကျေးရွာချင်းဆက်လမ်းမဘေးတွင် ယနေ့ ညနေပိုင်းက လည်ပင်းနှင့် ဦးခေါင်းတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် သက်ကြီးပိုင်းအမျိုးသားအလောင်း တစ်လောင်းတွေ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ စက်တင်ဘာလ ၁၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် ရေကစားရန်လာသည့် ကလေးများက အလောင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “အလောင်းဘေးမှာ ဆိုင်ကယ်ဦးထုပ်နဲ့ ဆိုင်ကယ် နောက်ကြည့်မှန် တစ်ချပ်တွေ့ရတယ်။ ဓါးဒဏ်ရာက ဦးခေါင်းနဲ့ လည်ပင်းတစ်ဝိုက်မှာ တွေ့ရတယ်”ဟု မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။ ရုပ်အလောင်းကို ဝေဒီနှင့် ပြင်းထိန်ရွာကြားရှိ ထွတ်တိုးတံတားအနီး ရေမြောင်းအတွင်းသို့ ပစ်ချထားသည်ကို တွေ့ရကြောင်း ဒေသခံတို့က ပြောဆိုသည်။ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။ သေဆုံးနေသည့် သက်ကြီးပိုင်းအမျိုးသားတွင် ပုဆိုးအမဲရောင်နှင့် အင်္ကျီအဖြူရောင်၊ […]

ကံပေါက်တွင် နေအိမ်၊ ဈေးဆိုင် ဖောက်ထွင်းခံရမှု အရေးယူနိုင်ခြင်းမရှိ

Dawei Watch

September 11, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် နေအိမ်နှင့် ဈေးဆိုင်များ ဖောက်ထွင်းခံရမှု ဆက်တိုက်ရှိနေသော်လည်း အများစုကို အရေးယူနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ကံပေါက်ဈေးအနီးရှိ ကုန်စုံဆိုင်တစ်ဆိုင်၊ ဆောက်လက်စ နေအိမ်တစ်လုံးနှင့် စေတီတစ်ဆူ၏ အလှူခံပုံးတို့ ခိုးယူဖောက်ထွင်းခံခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။ စက်တင်ဘာလ ပထမအပတ်အတွင်းတွင်လည်း ကံပေါက်ရွာ၊ လှည်းကုန်း (၁) ရပ်ကွက် ၊ ဆေးရုံအနောက်ဘက်ခြံစုတွင် နေအိမ်တစ်လုံး၌ အိမ်ရှင်များ ဈေးသွားရောင်းနေချိန် နေ့ခင်းဘက် ဖောက်ထွင်းခံခဲ့ရကြောင်း ကာယကံရှင်နှင့် နီးစပ်သူများထံမှ သိရသည်။ ယင်းဖြစ်စဉ်များအနက် ဆောက်လက်စ နေအိမ်ဖောက်ထွင်းခံရမှု တစ်မှုတည်းကိုသာ အိမ်ရှင်က ခြေရာခံမိ၍ ခိုးသူကို ဖမ်းမိသဖြင့် ရဲစခန်းအပ်ခဲ့သော်လည်း ရဲစခန်းက အာမခံပေး၍ အချုပ်မှ ပြန်လွှတ်ပေးလိုက်ကြောင်း ဖြစ်စဉ်အားသိရှိသည့် ဒေသခံတစ်ဦးက ဆိုသည်။ “သူခိုးက […]

လောင်းလုံးမြို့အနီး စစ်ကောင်စီတပ်ဖမ်းသွားသည့် ဒေသခံလေးဦး အဆက်အသွယ်မရ

Dawei Watch

September 11, 2024

လောင်းလုံးမြို့အနီး သဗျာကျေးရွာနှင့် ရွာဟောင်းဝကျေးရွာတို့တွင် စစ်ကောင်စီတပ် ဖမ်း‌ဆီးသွားသည့် ဒေသခံလေးဦး အဆက်အသွယ်မရဘဲဖြစ်နေကြောင်း ဒေသခံတို့က ပြောသည်။ စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းက အဆိုပါဒေသခံလေးဦးကို ဖမ်းဆီးသွားခြင်းးဖြစ်ကြောင်း ဆိုသည်။ အဆိုပါစစ်ကြောင်းသည် ရွာဟောင်းဝရွာရှိနေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး အသက် ၂၀ ဝန်းကျင်အရွယ် လမ်းသွားလမ်းလာ လူငယ်တစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတို့က ဆိုသည်။ “ဖမ်းသွားတာက ရွာဟောင်းဝရွာလမ်းဆုံမှာ။ ဆိုင်ကယ်ရောလူပါဖမ်းသွားတယ်” ဟု ဖမ်းဆီးသွားသည်ကို မျက်မြင်တွေ့ရသူအား ကိုးကားပြီး ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါစစ်ကြောင်းသည် သဗျာကျေးရွာသို့ဆက်လက်ရောက်ရှိလာပြီး နေအိမ်အချို့ဟာ မွှေနှောက်ရှာဖွေကာ ရွာခံတစ်ဦးနှင့် စစ်ဘေးရှောင်နှစ်ဦးတို့ကို တွေ့ရှိသဖြင့် ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဖမ်းခံရတဲ့ တစ်ယောက်ကတော့ ရွာခံပဲ။ ကျန်တဲ့နှစ်ယောက်က စစ်ဘေးရှောင်တွေ။ […]

ကျောက်နီမော် ပျူစောထီးစခန်း တိုက်ခိုက်ခံရ၍ ဒေသခံများ၏ နေအိမ်အချို့ကို စစ်ကောင်စီတပ် မီးရှို့

Dawei Watch

September 10, 2024

လောင်းမြို့နယ်၊ ကျောက်နီမော်ရွာ အခြေစိုက် ပျူစောထီး(ခေါ်)ပြည်သူစစ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ နေအိမ်နှစ်ဆောင်ကို မီးရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။ ယနေ့(စက်တင်ဘာ ၁၀)မနက်စောစောတွင် ရေကြောင်းဖြင့်လာသည့် စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ မီးရှို့ခံရသည့်အိမ်နှစ်ဆောင်မှာ ကျောက်နီမော်ရွာ အထက်ကွက်သစ်ရပ်ရှိ NLD ပါတီနှင့် နီးစပ်သူများ၏ နေအိမ်များဖြစ်သည်။ “သူတို့က ဝင်လာကတည်းက တိုက်ပွဲဖြစ်နေသလို ပစ်ခတ်ပြီးဝင်လာတယ် အထက်ကွက်သစ်က အိမ်နှစ်ဆောင်ကိုမီးရှို့ခဲ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် လူမရှိသည့်နေအိမ်အချို့ကိုလည်း ရိုက်ဖျက်ခဲ့သည်ဟု ဒေသခံများကပြောသည်။ ကျောက်နီမော်ရွာတွင် အခြေစိုက်သည့် ပျုစောထီး(ခေါ်) ပြည်သူ့စစ် အခြေစိုက်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာ ၉ ရက်နေ့က တိုက်ခိုက်မီးရှို့ခဲ့သည်။ သုံးနာရီကျော်ကြာအပြန်အလှန်ပစ်ခတ်မှုတွင် ပျူစောထီးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး တော်လှန်းရေး ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးဒေသခံများထံမှ သိရသည်။ သေဆုံးခဲ့သည့် ပျူစောထီးနှစ်ဦးမှာ […]