ကိုဗစ်စည်းကမ်းဖောက်သည့် စားသောက်ဆိုင်ခုနစ်ဆိုင်ကို အရေးယူ
diz_admin
September 30, 2020ထားဝယ်မြို့နယ်အတွင်း ကိုဗစ် စည်းကမ်းဖောက်သည့် စားသောက်ဆိုင် ခုနစ်ဆိုင်ကို အရေးယူခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့ တို့ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာတွင် ဆိုင်တံခါးပိတ်ပြီး ဆိုင်ထိုင်စားသည့်စနစ်ဖြင့် ရောင်းချနေသည့် စားသောက်ဆိုင်ခုနစ်ဆိုင်ကို အရေးယူခဲ့ခြင်းဖြစ်သည်။ အရေးယူသည့် စားသောက်ဆိုင်များတွင် အများစုမှာ အရက်ဆိုင်ဖြစ်ကြောင်း မြို့နယ်စည်ပင်ကော်မတီဝင် ဦးကျော်ကျော်ဦးက ဆိုသည်။ အချိန်နီးကပ်မှထုတ်သည့် စည်ပင်ကြေညာချက် စားသောက်ဆိုင်များ အခက်တွေ့ ကိုဗစ်ကူးစက်မှု မြင့်တက်လာသည့်အတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အပါအဝင် ဆိုင်အားလုံးကို ပါဆယ်သာ ရောင်းချရန် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တားမြစ်ထားသည်။ “နောက်ရက်တွေလည်း ထွက်ဖမ်း ဦးမှာ။ ဈေးထဲမှာရောင်းနေတဲ့ မုန့်လက်သုပ်၊ မုန့်ဟင်းခါးတွေ၊ မနက်စာရောင်းနေတဲ့ ဆိုင်တွေလည်း ရှိနေတယ်” ဟု ဦးကျော်ကျော်ဦးက […]