BREAKING
March 2, 2025

ထားဝယ်

ခြောက်လကြာသည်အထိ ကမ်းနီးရေလုပ်သားများကို လှေဂရန် ထုတ်ပေးနိုင်ခြင်းမရှိ

diz_admin

October 7, 2020

တိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် တနင်္သာရီတိုင်း ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ထုတ်ပေးခွင့်ရှိသော ရေယာဉ်မှတ်ပုံတင်(ခရိုင်လှေဂရန်) ကို ခြောက်လကြာသည်အထိ တစ်စီးမှ ထုတ်ပေးနိုင်ခြင်းမရှိသေးကြောင်း ယင်း ဌာနထံမှ သိရသည်။ အလျားပေ ၄၀၊ အင်ဂျင်ပါဝါ မြင်းကောင်ရေ ၅၀ နှင့် အောက်၊ GT ငါးတန်နှင့်အောက် ကမ်းနီးလှေများအတွက် ရေယာဉ်မှတ်ပုံတင်လက်မှတ်ကို တိုင်းရေကြောင်းပို့ဆောင်ရေးညွန်ကြားမှုးဦးစီးဌာနက ထုတ်ပေးရန် တိုင်းအစိုးရ က ၂၀၂၀ ခုနှစ်၊ ဧပြီလကတည်းက ညွှန်ကြားထားခြင်းဖြစ်သည်။ ထိုင်းငါးဈေးပိတ်၊ မြိတ်ရေလုပ်ငန်းများ အကျပ်ရိုက် “အခုချိန်အထိတော့ ထုတ်ပေးထားတာတစ်စီးမှ မရှိသေးဘူး” ဟု ယင်းဦးစီးမှူးဦးဇာနည်ကျော်ကျော်က ဆိုသည်။ ရေလုပ်သားများက လာရောက် လျှောက်ထားသော်လည်း ကွင်းဆင်းစစ် ဆေးသည့်အခါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသဖြင့် ရေယာဉ်မှတ်ပုံတင် ထုတ်ပေးနိုင်ခြင်းမရှိသေးခြင်းဖြစ်ကြောင်း ဦးဇာနည်ကျော်ကျော်က ရှင်းပြသည်။ “ကွင်းဆင်းစစ်ဆေးလိုက်ရင် တစ်ခုမဟုတ် […]

ပိုး မတွေ့ကြောင်း အဖြေထွက်ပြီးမှ ကိုဗစ်လူနာဖြစ်ရသည့် မိသားစု

diz_admin

October 7, 2020

ကိုဖိုးဝတစ်ယောက် အိမ်မွေးခွေး တစ်ကောင်နှင့် ထားဝယ်မြို့လယ်ရှိ ကွာရန်တင်းစခန်းတွင် အတူနေထိုင် လာသည်မှာ ခြောက်ရက်ခန့် ရှိပြီဖြစ်သည်။ သားဖြစ်သူတွင် ကိုဗစ်ရောဂါပိုး တွေ့သည့်အတွက် ကျန်သည့်မိသားစုဝင် ငါးဦးက ဟိုတယ်ကွာရန်တင်း ဝင်နေကြပြီး သူကတော့ ခွေးလေးနှင့်အတူ ထားဝယ် မြို့ရှိ အထက ၃ ကျောင်းတွင် ကွာရန် တင်းဝင်နေခြင်းဖြစ်သည်။ အိမ်တွင်မွေးထားသည့် ခွေးကိုလည်း တစ်ပါတည်းခေါ်ကာ ကျူ (Q) ဝင်နေခြင်းဖြစ်သည်။ မူးယစ်ဆေးအမှုဖြင့် ရန်ကုန်တွင် ထောင်ဒဏ် ၁၀ နှစ်ကျနေသည့် သားဖြစ်သူသည် အကျဉ်းထောင်အတွင်းတွင် လေးနှစ်ကျော် နေထိုင်ခဲ့ပြီးနောက် ထောင်မှ လွတ်လာပြီး မိဘအိမ်ရှိရာ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်သို့ ယခုလ အစောပိုင်းက ပြန်လာခဲ့သည်။ ၎င်းမှာ ယခုနှစ် တက္ကသိုလ်ဝင် အောင်စာရင်းတွင် နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့်အတွက် လွတ်ငြိမ်း […]

အွန်လိုင်းမှ တရားစီရင်ခြင်း

diz_admin

October 7, 2020

ကိုဗစ်ကပ်ဘေးသည် တရားရေး မဏ္ဍိုင်သို့လည်း ရိုက်ခတ်ခဲ့သည်။ လူစုလူဝေးဖြစ်ပေါ်မှုနှင့် တစ်ဦးနှင့် တစ်ဦး နီးကပ်စွာ ဆက်ဆံမှုတို့အား ရှောင်လွှဲနိုင်ရန် တရားရုံးများ၏ တရား စီရင်ရေးပုံစံကိုလည်း ပြောင်းလဲပေးခဲ့ရသည်။ တရားလို၊ တရားခံနှင့် ရှေ့နေများ၊ လုံခြုံရေးတာဝန်ယူထားရသည့် ရဲတပ်ဖွဲ့ဝင်များ စသည်တို့အနေနှင့် တရားရုံးများသို့ သွားစရာမလိုတော့ဘဲ ချုပ်နှောင်ထားသည့် အကျဉ်းထောင် သို့မဟုတ် ရဲစခန်းမှပင် အမှုရင်ဆိုင်သည့်ပုံစံကို ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ တရားသူကြီးက သက်ဆိုင်ရာ တရားရုံးမှာပင်ထိုင်ပြီး အင်တာနက် အွန်လိုင်းစနစ် (Microsoft Teams) ဖြင့် အကျဉ်းထောင် သို့မဟုတ် ရဲစခန်းရှိ စွပ်စွဲခံရသူကို စီရင်သည့် ပုံစံဖြစ်သည်။ ထိုသို့အွန်လိုင်းစနစ်ဖြင့် တရား စီရင်သည့်ပုံစံကို တနင်္သာရီတိုင်းအတွင်းရှိ တရားရုံးအားလုံးတွင် စက်တင်ဘာလ ၂၉ ရက်နေ့တွင် စတင်ကျင့်သုံးနေကြောင်း တိုင်းတရားလွှတ်တော်ရုံး ထံမှ သိရသည်။ အွန်လိုင်းစနစ်ဖြင့် […]

ယာဉ်တိုက်မှုဖြစ်ရာမှ ကိုဗစ်လူနာတင်ကား စီးမိသဖြင့် အမျိုးသမီးလေးဦး ကွာရန်တင်းဝင်လိုက်ရ

diz_admin

October 6, 2020

ထားဝယ်မြို့မှ အမျိုးသမီးနှစ်ဦး သည် ယာဉ်တိုက်မှုဖြစ်ရာ လူနာတင်ယာဉ်က လာရောက်ခေါ်ဆောင်ခဲ့သည်။ ယင်းနောက် ဆေးရုံသို့ ရောက်သွားခဲ့သည်။ အဆိုပါယာဉ်မှာ ထို့မတိုင်မီက ကိုဗစ်လူနာကို တင်ဆောင်ခဲ့သည့် ယာဉ်ဖြစ်နေသောကြောင့် ကွာရန်တင်းပါ ဝင်လိုက်ရသည်။ ဖြစ်စဉ်မှာ ထားဝယ်မြို့ ညောင်ရမ်း တောင်ရပ်ကွက်မှ အမျိုးသမီးနှစ်ဦးသည် စက်တင်ဘာလ ၂၄ ရက်က သရက်ချောင်း မြို့နယ်ရှိ ပိတိုင်ကျေးရွာတွင် အမျိုးသမီး နှစ်ဦးစီးလာသော အခြားဆိုင်ကယ်တစ်စီးနှင့် ယာဉ်မတော်တဆဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက်တွင် အရေးပေါ်လူနာ တင်ယာဉ်တစ်စီးရောက်ရှိလာပြီး ၎င်းလေးဦးအား ထားဝယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ အဆိုပါယာဉ်မှာ ရန်ကုန်တိုင်းမှ မြိတ်ခရိုင် ပလောက်မြို့သို့ ကြွလာသည့် သံဃာတော်များကို ပို့ဆောင်ပြီး ပြန်လာသောယာဉ်ဖြစ်သည်။ ထို့နောက် ရက်ပိုင်းအကြာတွင် ယင်းယာဉ်ဖြင့် ပို့ဆောင်ခဲ့သည့် သံဃာတော် ခုနစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ ရှိကြောင်း ကျန်းမာရေးဌာနက […]

ကွာရန်တင်းစခန်းမှ ထွက်ပြေးသူကို ထောင်တစ်နှစ်ချနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်

diz_admin

October 5, 2020

လောင်းလုံးမြို့၊ မိုးကုတ်ရိပ်သာ ကွာရန်တင်းစခန်းမှ ထွက်ပြေးသွားသူကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က)ဖြင့် လောင်းလုံးမြို့ မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ထံမှ သိရသည်။ ယင်းပုဒ်မမှာ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး ကွာရန်တင်းဝင်နေသူ အသက် ၂၇ နှစ်အရွယ်အမျိုးသားသည် စက်တင်ဘာ လ ၁၇ ရက်က ထွက်ပြေးသွားခဲ့သည်။ ကိုဗစ်ကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်း အသွားအလာ ကန့်သတ် ယင်းသို့ထွက်ပြေးသွားပြီး ရှစ်ရက်အကြာတွင် ပြန်ဖမ်းမိခဲ့ပြီးနောက် လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ကာ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။ ဆက်လက်ပြီး တရားရုံးသို့ တရားစွဲတင်နိုင်ရေးအတွက် တိုင်းအစိုးရအဖွဲ့ ထံတွင် တရားစွဲဆိုခွင့် […]

အသက် ၅၇ နှစ်နှင့်အထက် ဝန်ထမ်းများကို ကားပါမစ်ပေးမည်

diz_admin

October 5, 2020

အသက် ၅၇ နှစ်နှင့်အထက် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ကား ပါမစ်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်နေ့က ကြေညာထားသည်။ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိပြီး အောက်တိုဘာလ ၁ ရက်တွင် အသက် ၅၇ နှစ်နှင့် အထက်ရှိသည့် ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ (သက်ပြည့်ပင်စင် မယူမီ ကြိုတင်ပြင်ဆင်၍ ခွင့်ခံစားနေသော ဝန်ထမ်း များအပါအဝင်) အမြဲတမ်းအတွင်းဝန် ရာထူးမှ ဒုတိယညွှန်ကြားရေးမှူးအထိ ဝန်ထမ်းများကို ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ်တင်သွင်းခွင့်(သို့) ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူခွင့် ပြုမည်ဟု ကြေညာထားသည်။ လျှပ်စစ်ဈေးတန်းတူရရှိရေး အပါအဝင် မိန့်ခွန်းပါအချက်များကို ဆင်ဆာဖြတ်မှု ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်ပါတီ ဝေဖန် လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက်အဆင့် ဝန်ထမ်းများကိုမူ ပြည်တွင်းမှ SKDစနစ်(ပြည်တွင်း၌ တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်သည့် […]

လျှပ်စစ်ဈေးတန်းတူရရှိရေး အပါအဝင် မိန့်ခွန်းပါအချက်များကို ဆင်ဆာဖြတ်မှု ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်ပါတီ ဝေဖန်

diz_admin

October 5, 2020

လျှပ်စစ်ယူနစ်ဈေးနှုန်း တန်းတူရရှိရေးအပါအဝင် မိန့်ခွန်းပါအချက်များကို ဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည်ဟုပြောဆိုထားသည့် ရွေးကောက်ပွဲကော်မရှင်အား ထားဝယ် တိုင်းရင်းသားများပါတီက ဝေဖန်ပြော ဆိုလိုက်သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနေနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) မှတစ်ဆင့် ၁၅ မိနစ်စာ မဲဆွယ်မိန့်ခွန်းပြောကြားခွင့် ရရှိထားရာတွင် ထားဝယ်တိုင်းရင်းသား များပါတီ၏ ဗီဒီယိုပါ ပြောကြားချက် အချို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ဖြုတ်ပယ်ခြင်းသည် မဲဆန္ဒရှင်လူထုထံ အစီရင်ခံမည့် အကြောင်းအရာကို ကန့်သတ်လိုက်ခြင်းဖြစ်သည့်အတွက် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ခြင်းပင်ဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်း က ဆိုသည်။ လျှပ်စစ်ဈေးနှုန်းကို မြန်မာနိုင်ငံ၏ အခြားသောနေရာများနှင့် တန်းတူရရှိ ရေးကိစ္စ၊ ထားဝယ်လူမျိုးများကို ဗမာအဖြစ် လွဲမှားစွာမှတ်ပုံတင်ခံထားရသည့်ကိစ္စ စသည်တို့အပါအဝင် အချက်ရှစ်ချက်(မိန့်ခွန်း၏ လေးပုံတစ်ပုံဝန်းကျင်)ကို […]

တိုင်းအတွင်း ခင်းမည့်လမ်းများအတွက် ကတ္တရာ တင်ဒါခေါ်ရန်စီစဉ်

diz_admin

October 4, 2020

လာမည့်ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းအတွင်း အသုံးပြုမည့် လမ်းခင်း ကတ္တရာများ ဝယ်ရန်အတွက် တင်ဒါ ခေါ်ယူရန်ပြင်ဆင်နေကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်း AC (နိုင်လွန်ကတ္တရာ) လမ်း ၂၄ မိုင်ကျော် ခင်းရန်နှင့် ရိုးရိုး ကတ္တလမ်းချဲ့ရန်၊ ထပ်ပိုးလွှာခင်းရန်တို့အတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။ သို့သော် မည်မျှပမာဏဝယ်ယူမည် ဆိုသည်ကိုမူ မသိရသေးပေ။ ဝယ်ယူမည့် ကတ္တရာပမာဏကို ခရိုင်အလိုက်တွက်ချက်တောင်းခံထားဆဲဖြစ်ပြီး တင်ဒါလျှောက်လွှာမရောင်းမီ ဝယ်ယူမည့်ပမာဏကို သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ တနင်္သာရီတိုင်းသား ငါးထောင်ကျော် နိုင်ငံပြင်ပ ကြိုတင်မဲပေးမည် ကတ္တရာဝယ်မည့် တင်ဒါလျှောက်လွှာကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ပြီး ၂၀ ရက်နေ့တွင် လျှောက်လွှာပိတ်မည်ဖြစ်သည်။ “အဲဒီအချိန်မတိုင်ခင်တော့ ကျွန်တော်တို့စုစည်းပြီး အခုအချိန်ကတော့ တွက်နေကြတုန်းပဲလေ” […]