ရွေးကောက်ပွဲ အထူးရဲလေးဦးတွင် ကိုဗစ်ပိုးတွေ့
diz_admin
October 19, 2020ရွေးကောက်ပွဲကာလတွင် တာဝန် ထမ်းဆောင်မည့် တနင်္သာရီတိုင်းအတွင်းမှ အထူးရဲသင်တန်းသားလေးဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထူးရဲအဖြစ် တာဝန်ထမ်းဆောင် မည့်သူများကို အောက်တိုဘာလဆန်း ပိုင်းမှစကာ ငါးပတ်အကြာ သင်တန်းပေးနေစဉ် တွေ့ရှိရခြင်း ဖြစ်သည်။ အထူးရဲသင်တန်းသား ၁၂၅၇ ဦးနှင့် သင်တန်းနည်းပြများ အပါအဝင် စုစုပေါင်း ၁၄၅၇ ဦးကို ကိုဗစ်ပိုးစစ်ဆေးရာ သင်တန်းသား ၄လေးဦးတွင် ပိုးတွေ့ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ပုလော၊ ကော့သောင်း၊ ဘုတ်ပြင်းနှင့် ကျွန်းစုမြို့နယ်တို့မှ အထူးရဲသင်တန်း သားတစ်ဦးစီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်သည့် သင်တန်းသားများတွင် ပိုးမတွေ့ခဲ့ကြောင်း ၎င်းက ပြောသည်။ ပိုးတွေ့သည့် အဆိုပါလေးဦးကို သင်တန်းမှ အနားပေးခဲ့ပြီး အစားထိုးရွေးချယ်လိုက်ကြောင်း ၎င်းက ဆိုသည်။ အထူးရဲများကို စစ်ရေးပြဘာသာရပ်အပြင် […]