BREAKING
January 11, 2025

ထားဝယ်

နိုင်ငံဝန်ထမ်းများ နယ်ကျော်ခရီးသွားက သွားသူနှင့်အတူ ဖုံးကွယ်ထားသူကိုပါ အရေးယူမည်

diz_admin

September 21, 2020

နိုင်ငံ့ဝန်ထမ်းများအနေနှင့် ခွင့်ပြုချက်မရဘဲ နယ်ကျော်ခရီးသွားပါက သွားသူအပြင် သိလျက်နှင့်ဖုံးကွယ်ထား သူကိုပါ အရေးယူမည်ဟု ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက စက်တင်ဘာလ ၁၄ ရက်နေ့က ညွှန်ကြားထားသည်။ ရောဂါ ကူးစက်ခံရသူများတွင် နိုင်ငံ့ဝန်ထမ်းများကို တွေ့ရှိလာရခြင်း၊ ရောဂါပိုးကူးစက်ခံရပြီး ၁၄ ရက်အတွင်း ရောဂါလက္ခဏာများ ပြသခြင်းတို့ရှိလာ သည်ဟု ညွှန်ကြားချက်က ဆိုသည်။ ယင်းကြောင့် စက်တင်ဘာ ၁၅ ရက်မှစ၍ ဒုတိယညွှန်ကြားရေးမှူးနှင့် အောက်ဝန်ထမ်းများအားလုံး၏ တစ်ဝက်သည် တစ်လလျှင် နှစ်ပတ်ရုံးတက်၍ ကျန်တစ်ဝက်သည် နှစ်ပတ်အိမ်မှာနေပြီး ရုံးလုပ်ငန်း ဆောင်ရွက်ခြင်းကို အလှည့်ကျဆောင်ရွက်ရန် ညွှန်ကြားထားသည်။ နှစ်ပတ် အိမ်မှာနေသည့်အချိန်တွင် ကျန်းမာရေးကိစ္စနှင့် ဈေးဝယ်ခြင်းတို့မှ လွဲ၍ ပြင်ပသို့ (လုံးဝ) သွားလာခြင်း မပြုရန်၊ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ ခရီးသွားလာရန်ရှိပါက […]

အကျဉ်းထောင်များအတွင်း ဖုန်းလိုင်းဖြတ်ကိရိယာ တပ်ဆင်ထားဟုဆို

diz_admin

September 18, 2020

တိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုတွင် ဖုန်းလိုင်းဖြတ်တောက်သည့် ကိရိယာများ တပ်ဆင်ထားပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းခိုင်က ပြောကြားသည်။ တိုင်းနှင့်ပြည်နယ်များရှိ (က)အဆင့်နှင့် (ခ)အဆင့်ရှိ အကျဉ်းထောင်အချို့တွင် လက်ကိုင်ဖုန်း အသုံးပြုမှုရပ်တန့်စေရန် လိုင်းဖြတ်စက်များကို ယခု ဘဏ္ဍာနှစ်တွင် စတင်တပ်ဆင်ထားကြောင်း အကျဉ်းဦးစီးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု The Voice သတင်း ဌာနတွင်ဖော်ပြထားသည်။ ကိုဗစ်ကြောင့် ကညနလုပ်ငန်းအားလုံး ဒုတိယအကြိမ်ထပ်နား သို့သော် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းရှိ အကျဉ်းထောင်များတွင် အဆိုပါကိရိယာများကို ပြီးခဲ့သည့် နှစ်ကတည်းက တပ်ဆင်ထားခဲ့ခြင်းဖြစ်ပြီး အကျဉ်းထောင်တစ်ခုလျှင် အနည်းဆုံး ခြောက်လုံးမှ ကိုးလုံးအထိ တပ်ဆင်ထားကြောင်း၊ ကိရိယာတစ်ခုလျှင် ငွေကျပ် နှစ်သိန်းခွဲခန့် တန်ဖိုးရှိကြောင်း ၎င်းက ပြောသည်။ “ဖုန်းခိုးပြောမှာကြောက်တာပေါ့။ ပြောနေလို့တော့ မဟုတ်ဘူး။ ပြောခဲ့ သည်ရှိသော်ဆိုပြီးတော့ […]

တိုင်းအတွင်း ဝန်ထမ်းများအတွက် ကျပ်သန်းတစ်ထောင်ကျော် ထုတ်ချေးမည်

diz_admin

September 18, 2020

ကိုဗစ်ကပ်ဘေး သက်ရောက်မှုအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများကို အခြေခံလစာနှုန်း၏ နှစ်လစာထုတ်ချေးမည်ဟု ပြည်ထောင်စု ဝန်ကြီးဌာနက သြဂုတ်လကုန်တွင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ချေးမည်ဆိုပါက တနင်္သာရီတိုင်းအစိုးရ၏ ဘဏ္ဍာငွေခွဲတမ်း တွင် ပါဝင်သည့် ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် ငွေကျပ်သန်းပေါင်း ၁၃၀ဝ ခန့် လိုအပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းဦးစီး ဌာနထံမှ သိရသည်။ တက္ကသိုလ် ဆရာ၊ ဆရာမများကို ကျန်းမာရေးစရိတ် ထောက်ပံ့ပေးမည် တိုင်းအစိုးရဖွဲ့၏ ဘဏ္ဍာငွေခွဲတမ်းတွင် ပါဝင်သည့် ဌာနအဖွဲ့အစည်း ၂၆ ခုရှိပြီး ဝန်ထမ်းဦးရေ သုံးထောင်နှင့် လေးထောင်ကြားရှိကြောင်း အထက်ပါ ဌာနထံမှ သိရသည်။ ၎င်းတို့မှာ တရားလွှတ်တော်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လမ်းဦးစီးဌာန စသည့်ဌာနများ ဖြစ်သည်။ တိုင်းအစိုးရအောက်ရှိ […]

ဓာတ်ခွဲနမူနာယူထားသူတစ်ဦး အဖြေမသိရသေးခင် ကွာရန်တင်းစခန်းမှထွက်ပြေး

diz_admin

September 17, 2020

ကွာရန်တင်းဝင်နေသူတစ်ဦး ကိုဗစ်ဓာတ်ခွဲမူနာယူထားပြီး အဖြေမသိရသေးခင် ဒီနေ့(စက်တင်ဘာ ၁၇) နံနက်ပိုင်းက ထွက်ပြေးသွားခဲ့ကြောင်း ယင်းစောင့်ကြည့်ရေးစခန်း တာဝန်ခံ ဦးသန့်လွင်က ပြောသည်။ ယင်းအမျိုးသားသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး လောင်းလုံးမြို့၊ မိုးကုတ်ရိပ်သာတွင် ကွာရန်တင်းဝင်နေသည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်သည်။စက်တင်ဘာလ ၁၆ ရက်က ၎င်းအမျိုးသားအား ဓာတ်ခွဲနမူနာယူကာ စစ်ဆေးခဲ့ပြီး အဖြေမထွက်ရှိသေးမီ ထွက်ပြေးသွားခြင်းဖြစ်သည်။ “မနက် ၈ နာရီလောက်မှာ ပျောက်ထွက်သွားတယ်။ အခုမွန်းတည့်မှ ထွက်ပြေးသွားပြီဆိုတာကို သိရတာပေါ့” ဟု ဦးသန့်လွင်က စက်တင်ဘာလ ၁၇ ရက် နေ့လယ် ၁ နာရီကျော်တွင် တနင်္သာရီအပတ်စဉ်အား ပြောကြားသည်။ ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင် ယင်းအမျိုးသားသည် ရေဖြူမြို့နယ်၊ တလိုင်းယားကျေးရွာရှိ ရာဘာခြံတစ်ခုထဲသို့ရောက်ရှိသွားပြီး ယင်းမှတစ်ဆင့် ဆိုင်ကယ်မောင်းထွက်သွားကြောင်း ထွက်ပြေးသွားသူ၏ အစ်ကိုက ဦးသန့်လွင်သို့ […]

လောင်းလုံးဆေးရုံအဆောင်သစ် ယခုလကုန် စသုံးမည်

diz_admin

September 17, 2020

ယခင်လောင်းလုံးမြို့နယ်ဆေးရုံအဆောင်အဟောင်း အနောက်ဘက်တွင် တည်ဆောက်ထားသည့် နှစ်ထပ်ဆေးရုံ အဆောင်အသစ်ကို ယခုလကုန်တွင် စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း ယင်းဆေးရုံအုပ် ဒေါက်တာမင်းညွန့်ဝင်း က ပြောသည်။ လက်ရှိအသုံးပြုနေဆဲ အဆောင်အဟောင်းရှိ ဓာတ်ခွဲခန်း၊ လူနာအဆောင်များမှာ ဟောင်းနွမ်းပြီး ကျပ်တည်းနေသဖြင့် အဆောင်အသစ်ကို ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ဒေါက်တာ မင်းညွန့်ဝင်းက ပြောသည်။ မြန်မြန် လာခေါ်ကြပါ ယင်းဆေးရုံသည် ၂၅ ကုတင်ဆံ့ ဆေးရုံတစ်ခုဖြစ်သော်လည်း အဆောင်အသစ်ကို စတင်အသုံးပြုပါက ယင်း ပမာဏထက် လူနာဦးရေတိုးပြီး ကုသနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အဆောင်အသစ်က ခပ်ကျယ်ကျယ် ဝန်းဝန်းလေးနဲ့ တော်တော်ကြီးကြီး မားမားလေးပါ” ဟု ၎င်းကဆိုသည်။ အဆောင်အဟောင်းတွင်မူ ပြည်သူ့ကျန်းမာ၊ အစည်းအဝေးခန်းမ၊ သွားဆေးကုခန်း၊ ပစ္စည်းသိုလှောင်ရုံ စသည့်ဖြင့် ဆက်လက်အသုံးပြုမည်ဖြစ်သည်။ ဆေးရုံ အဆောင်အသစ်နှင့်အတူ လေးခန်းတွဲ သုံးထပ် သူနာပြုအဆောင်အသစ်တစ်ခုလည်း […]

ကိုဗစ်ကြောင့် ကွန်ပျူတာရောင်းအားတက်

diz_admin

September 17, 2020

ကိုဗစ်ကာလအတွင်း ကွန်ပျူတာ ရောင်းအားမှာ မြင့်တက်ခဲ့ကြောင်း ထားဝယ်မြို့ အီလက်ထရောနစ်ဈေးကွက်မှ စုံစမ်းသိရှိရသည်။ ကိုဗစ်ကာလတွင် အွန်လိုင်းဆွေး နွေးပွဲများနှင့် အွန်လိုင်းမှ စာသင်ကြားမှုများကြောင့် ကွန်ပျူတာဝယ်ယူအသုံးပြုသူမှာ ကိုဗစ်မဖြစ်ခင်ကထက် ၇၅ ရာခိုင်နှုန်းခန့်အထိ ရောင်းအားတက် လာကြောင်း DCOM ကွန်ပျူတာ အရောင်းဆိုင်ပိုင်ရှင် ဦးရန်ပိုင်က ပြောသည်။ “ရှင်းရှင်းပြောမယ်ဆိုရင် ပစ္စည်းက ကုမ္ပဏီက သွင်းကို မနိုင်ဘူးတော့ဘူး ပေါ့နော်။ ကျွန်တော်တို့ လုနေရတဲ့အဆင့် ထိ ဖြစ်သွားတယ်ပေါ့နော်” ဟု ဦးရန်ပိုင် က ဆိုသည်။ ကိုဗစ်မဖြစ်ခင်က တစ်လလျှင် အလုံး ၃၀ ဝန်းကျင်ခန့်သာ ‌ရောင်းရသော်လည်း ကိုဗစ် ပထမလှိုင်းမှ စတင်ကာ ပစ္စည်း ရောက်လာသည်နှင့် ကုန်နေသဖြင့် အလုံးရေကို ခန့်မှန်း၍မရကြောင်း ၎င်းက ပြောသည်။ ၀ဥဈေး ကျပ်သုံးရာခန့် […]

ရေဖြူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် ဖျက်ဆီးခံရ

diz_admin

September 17, 2020

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ အုပ်စု၊ သဗြေဇွန်းရွာတွင် ဘုန်းကြီးကျောင်းအနီး စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တစ်ခုမှာ စက်တင်ဘာလ ၁၁ ရက်ည ဆယ်နာရီ ဝန်းကျင်တွင် ဖျက်ဆီးခံလိုက်ရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ စက်တင်ဘာလ ၁၀ ရက်က စိုက်ထူထားသောဆိုင်းဘုတ်မှာ နောက်တစ်နေ့ညပိုင်းတွင် ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။ “လူဖျက်ဆီထားတာလို့ ပြောလို့ ရတယ်။ လေကြောင့် လဲကျသွားတာမျိုး မဟုတ်ဘူး” ဟု ပုဂေါဇွန်းအုပ်ချုပ်ရေးမှူး ဦးယူစွမ်က ဆိုသည်။ သစ်သားတိုင်နှစ်တိုင်ဖြင့် စိုက်ထူထားသည့် ဆိုင်းဘုတ်၏ တိုင်တစ်ဘက်ကို ဆွဲနုတ်ထားပြီး ကျိူးနေသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။ ယင်းဆိုင်းဘုတ်ဖျက်ဆီးခံရသည့် ကိစ္စကို ရေဖြူမြို့မရဲစခန်းထံတိုင်ကြားထားကြောင်း ရေဖြူမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးနိုင်ဦးက ပြောသည်။ “ကျွန်တော်ကတော့ ဒီကိစ္စကို ထိထိ ရောက်ရောက်အရေးယူခိုင်းမယ့် အစီအစဉ်ရှိတယ်” ဟု ၎င်းက […]

တက္ကသိုလ် ဆရာ၊ ဆရာမများကို ကျန်းမာရေးစရိတ် ထောက်ပံ့ပေးမည်

diz_admin

September 17, 2020

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ဆရာ၊ ဆရာမများကို ဆရာများ သမဂ္ဂကွန်ရက်မှ ကျန်းမာရေးစရိတ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယင်း သမဂ္ဂထံမှ သိရသည်။ သာမန် ဖျားနာမဟုတ်သည့် နည်တာရှည်ရောဂါ၊ ခွဲစိတ်ကုသရန်လို အပ်သောရောဂါများနှင့် ဆေးရုံ၊ ဆေးခန်းသို့ တက်ရောက်ကုသရန်လိုအပ်သော ရောဂါများအတွက် ထောက်ပံ့ကြေးပေးအပ်မည်ဖြစ်ကြောင်း ဆရာများသမဂ္ဂ ကွန်ရက် ဒုဥက္ကဋ္ဌ ဦးလှိုင်တင့်က ပြောသည်။ မြိတ်ခရိုင် ၈၈ မျိုးဆက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေး “စတင်နိုင်မယ့် အချိန်ကတော့ အောက်တိုဘာငါးရက်နေ့ပေါ့။ ကမ္ဘာ့ ဆရာများနေ့မှာ ဒီအစီအစဉ်ကို စတင် နိုင်ဖို့ လျာထားပါတယ်။ အရင်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်တော့ လုပ်ရပါမယ်” ဟု ဦးလှိုင်တင့်က ပြောသည်။ တက္ကသိုလ် ဆရာ၊ ဆရာမအများစုမှာ ကျန်းမာရေးမကောင်းပါက ငွေကုန် ကြေးကျများသဖြင့် ဆေးရုံ၊ ဆေးခန်းသို့ […]