BREAKING
March 4, 2025

ထားဝယ်

သူစိမ်းနှစ်ဦးမဲရုံရှေ့လာကြည့်သဖြင့် စစ်ဆေး‌ရာ တပ်မတော်သားများဖြစ်နေ

diz_admin

November 8, 2020

ရေဖြူမြို့နယ်၊ ပုလဲကူကျေးရွာမဲရုံသို့ ယနေ့နံနက်ပိုင်းက အမည်မသိလူစိမ်းနှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာသဖြင့် စစ်ဆေးကြည့်ရာ တပ်မတော်သားများဖြစ်နေကြာင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရေဖြူမြို့မရဲစခန်းထံမှ သိရသည်။ အရပ်ဝတ်ဖြင့်ရောက်လာသော ၎င်းနှစ်ဦးအား မှတ်ပုံတင်၊ နေရပ်လိပ်စာတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ဆေးခဲ့ရာ အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်ကိုလတ်က ပြောသည်။ ယင်းအတွက်ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ရာ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ကိုအောင်ကိုလတ်က ပြောသည်။ ရဲတပ်ဖွဲ့က ခဏတာထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခဲ့ရာ အမှတ် ၄၀၆ တပ်ရင်းမှ ဒုအရာခံဗိုလ်နှင့် တပ်သားတို့ဖြစ်နေကြောင်း ရေဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်မျိုးက ပြောသည်။ “Outdoor လွှတ်တယ်ဆိုတာက နယ်မြေစည်းရုံးရေးရော၊ ပြင်ပအနေအထားတွေပါ သိရအောင်လို့ ၄၀၆ က လွှတ်လိုက်တာ။ အဲဒီလူတွေက ပုလဲကူဘက်မှာဆိုရင်တော့ သူစိမ်းသဘောဖြစ်နေတာပေါ့” ဟု ဒုရဲမှူးအောင်ကျော်မျိူးက ဆိုသည်။ အမှတ် ၄၀၆ တပ်ရင်းကလည်း ၎င်းတို့လွှတ်ထားသည့်သူများဖြစ်ကြောင်းပြောဆိုပြီး […]

NLD ကိုယ်စားလှယ်လောင်းအား မဲမပေးရန် စာကပ်ထားသည်များ တွေ့ရှိ၊ ရဲတပ်ဖွဲ့က ဖယ်ရှား

diz_admin

November 8, 2020

ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက်တွင် NLD ပါတီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းအား မဲမပေးရေး လှုံ့ဆော်ပိုစတာများကို ယနေ့နံနက်အစောပိုင်းက ကပ်ထားခဲ့သည်ကို တွေ့ရသည်။ အဆိုပါရပ်ကွက်အတွင်း အနည်းဆုံးနေရာ သုံးခုတွင် ကပ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က သိမ်းဆည်းသွားကြောင်း ပိန္နဲတောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးက ဆိုသည်။ အဆိုပါပိုစတာများကို မည်သည့်အချိန်က ကပ်ထားခဲ့သည်ကို မသိရသေးပေ။

တိုင်းအား/ကာ ဘတ်ဂျက် သန်း ၁၄၀ဝ ကျော်သုံးမည်

diz_admin

November 8, 2020

ယခုဘဏ္ဍာနှစ်တွင် အားကစားပြိုင် ပွဲများကျင်းပရန်နှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် သန်း ၁၄၀ဝ ကျော် သုံးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ သုံးစွဲမည့်ကဏ္ဍများမှာ တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း ၃၂ မျိုးခန့်နှင့် မြို့နယ်အဆင့်တွင် အားကစားနည်း ၁၀ မျိုးခန့် ပါဝင်သည်ဟု အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ မြို့နယ် ၁၀ ရှိ ရပ်ကွက်၊ ကျေးရွာ အားကစားကွင်းများပြန်လည်ပြုပြင်ခြင်းနှင့် ရွှေဝယ်သီရိအားကစားကွင်းမှ ပွဲကြည့်စင်အသစ်ပြန်လည်ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းတို့လည်း ပါဝင်သည် ဟု ဦးစိုးမိုးနိုင်က ဆိုသည်။ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် လုပ်မည့် လုပ်ငန်းများအတွက် တင်ဒါ ခေါ်ယူထားပြီး ပြည်ထောင်စုဘတ်ဂျတ်ဖြင့် ဆောက်မည့် လုပ်ငန်းများအတွက်ကိုမူ တင်ဒါထပ်ခေါ်ရမည်ဟု ၎င်းက ပြောသည်။ အားကစားပြိုင်ပွဲများ […]

ပျောက်ဆုံးနေသည့် ဘိုး၊ ဘွားများထောက်ပံ့ကြေး

diz_admin

November 7, 2020

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာရှိ သက်ကြီးဘိုး၊ ဘွားအချို့မှာ ယခင်က ရခဲ့သော လူမှုရေးထောက်ပံ့ငွေကို မရရှိတော့သည်မှာ နှစ်ချီကြာနေပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၈၅ နှစ်နှင့်အထက် ဘိုး၊ ဘွားများကို လူမှုရေးပင်စင်အဖြစ် တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့နေသည့် ထောက်ပံ့ကြေးများ မရှိတော့ခြင်း ဖြစ်သည်။ ယင်းကျေးရွာရှိ အသက် ၁၀၁ နှစ်အရွယ် အဘိုးတစ်ဦးနှင့် အသက် ၈၇ နှစ်အရွယ် ဘိုး၊ ဘွားနှစ်ဦး၏ မိသားစုဝင်များထံ ဆက်သွယ်မေးမြန်းရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ထောက်ပံ့ကြေးလာမပေးတော့ကြောင်း ဖြေဆိုကြသည်။ ကညုံရပ်ကွက် မဲလက်မှတ်မှားယွင်းမှု ဆုံးဖြတ်မည့် အဖြေမရှိသေး “အခုမရတော့တာကြာလှပြီ။ အခုဆိုရင် နှစ်နဲ့တောင်ချီနေပြီ။ မနှစ် တန်းဆောင်မုန်းလကတည်းက မရတော့တာ” ဟု အသက် ၈၇ နှစ်အရွယ်အဖွား၏ သမီးဖြစ်သူ […]

တနင်္သာရီတိုင်းတွင် တစ်ရှူး ငှက်ပျောစစိုက်

diz_admin

November 6, 2020

တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စုတွင် တစ်ရှူးငှက်ပျော စတင်စိုက်ပျိုးထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ တစ်ရှူးငှက်ပျောကို တနင်္သာရီတိုင်းတွင် ပထမဆုံး စတင်စိုက်ပျိုးခြင်းဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ မျိုးပင်နှင့် နည်းပညာအကူအညီများပေးကာ တောင်သူတစ်ဦးက ငါးဧကခန့် စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်သည်ဟု အထက်ပါဌာနမှ ဒုတိုင်းဦးစီးမှူး ဦးသိန်းစိုးက ပြောသည်။ ကိုဗစ် ဒုတိယလှိုင်းမှ စတင်စိုက်ပျိုးထားခြင်းဖြစ်ပြီး တစ်နှစ်ခန့်ကြာမှသာ အသီးများကို ထုတ်ယူရောင်းချနိုင်မည်ဖြစ်ကြောင်း ဦးသိန်းစိုးက ပြောသည်။ တစ်ရှူးငှက်ပျောစိုက်ပျိုးခြင်းကြောင့် ဒေသစားသုံးမှုလိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပြီး ရန်ကုန်နှင့်အခြားတိုင်းနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချနိုင်ပါက နိုင်ငံတော်မှ အခွန်အခများရရှိလာမည်ဖြစ်ကြောင်း ဦးသိန်းစိုးက ပြောသည်။ “အဓိကထိုင်းကဝင်တဲ့ဟာ Cover ဖြစ်(ထိန်းနိုင်) သွားမယ်။ ကိုယ့်ဒေသသီးနှံ ကိုယ်စားသုံးနိုင်မယ်” ဟု ဦးသိန်းစိုးက ဆိုသည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်နှင့် အခြားတိုင်းနှင့်ပြည်နယ်အချို့တို့၌ တရုတ်ဘက်မှ တင်သွင်းလာသည့် တစ်ရှူးငှက်ပျောမျိုးစိတ်များကို ဧကသိန်းချီစိုက်ပျိုးမှုများရှိသည်ဟု […]

ကညုံရပ်ကွက် မဲလက်မှတ်မှားယွင်းမှု ဆုံးဖြတ်မည့် အဖြေမရှိသေး

diz_admin

November 6, 2020

ထားဝယ်မြို့ရှိ ကညုံရပ်ကွက်တွင် ကြိုတင်မဲပေးရာ၌ မဲလက်မှတ်မှားယွင်းမှုအပေါ် မည်ကဲ့သို့ဆုံးဖြတ်မည်ကို အဖြေမထွက်သေးကြောင်း ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။ အဆိုပါရပ်ကွက်တွင် တိုင်းဒေသကြီးလွှတ်တော်အတွက်ဆန္ဒမဲပေးရာတွင် ရပ်ကျေးကော်မရှင်က တိုင်းရင်း သားဆန္ဒမဲလက်မှတ်များ မှားယွင်း ထုတ်ပေးမိခြင်းဖြစ်သည်။ အသက် ၆၀ နှစ်နှင့် အထက်သက်ကြီးများ ကြိုတင်မဲစပေးသည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မှားယွင်းပြီး ဆန္ဒမဲပေးမိသူ ၂၄ မဲ ရှိကြောင်း ဦးစိုးလွင်က ဆိုသည်။ ယင်းကဲ့သို့ မှားယွင်းခြင်းကို ဖြစ်စဉ်တစ်ခုအဖြစ် မှတ်သားပြီး သက်ဆိုင်ရာ ရွေးကော်အဖွဲ့ခွဲအဆင့်ဆင့်မှတစ်ဆင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထိုကဲ့သို့ မှားယွင်းထုတ်ပေးမိသည့် ဆန္ဒမဲများကို ပယ်မဲ သို့မဟုတ် ခိုင်လုံမဲအဖြစ် မသတ်မှတ်သေးဘဲ ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာလ ၈ ရက်နေ့မှသာ […]

စက်ဆီချောဆီတင်သွင်းက လုပ်ငန်းလိုင်စင် လုပ်ရမည်

diz_admin

November 5, 2020

ပြည်ပမှ စက်ဆီ ချောဆီ တင်သွင်းပါက လုပ်ငန်းလိုင်စင်လုပ်ရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနထံမှ သိရသည်။ အင်ဂျင်ဝိုင်၊ ဘရိတ်ဆီစသည့် စက်ဆီချောဆီတင်သွင်းခွင့် လုပ်ငန်းလိုင်စင်ကို ယခုလမှစတင်ကာ လျှောက်ထားရမည်ဖြစ်သည်။ လိုင်စင်လျှောက်ထားချိန်တွင် တင်သွင်းမှုအဆင်ပြေစေရန် တင်သွင်းသည့်အကြိမ်တိုင်းကို နမူနာယူကာ ဓာတ်ခွဲစစ်ဆေးပြီး တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း အထက်ပါဌာနက ထုတ်ပြန် ထားသည်။ ယင်းသို့ ဖြေလျော့ပေးခြင်းကို နိုဝင်ဘာလကုန်အထိ ခွင့်ပြုပေးမည်ဖြစ်ပြီး ယင်းကာလနောက်ပိုင်းတွင် စက်ဆီချောဆီထည့်သည့် ဘူးပေါ်တွင် ဌာန၏ ကုတ်အမှတ်အသားရိုက်နှိပ် ဖော်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လုပ်ငန်းလိုင်စင်ကို နေပြည်တော်ရှိ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနရုံးချုပ်ထံ လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်သက်တမ်းကို တစ်နှစ် သတ်မှတ်ထားသည်။ လိုင်စင်လျှောက်လွှာအတွက် တိုင်းဒေသကြီးရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနထံ ဆက်သွယ်နိုင်ကြောင်း အထက်ပါဌာနမှ ကြီးကြပ်စစ် ဆေးရေးအရာရှိ […]

ဂျင်းပဋိပက္ခ

diz_admin

November 5, 2020

ပုလောမြို့နယ်အတွင်း ဂျင်းမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် လုပ်ပိုင်ခွင့်ရ လုပ်ငန်းရှင်များအကြား ပဋိပက္ခအသွင်ဆောင်နေသည်။ တိုရွာနှင့် ပိတက်ကျေးရွာအပိုင်နေရာတွင် ဒေသခံလုပ်ငန်းရှင် ၁၅ ဦးက တစ်ဦးလျှင် ဧက ၃၀ စီဖြင့် စုစုပေါင်း ဧက ၄၅၀ တွင် လုပ်ကိုင်ခွင့်ရထားသည်။ ယင်းနေရာတို့တွင် ဒေသခံများနှင့် အငြင်းပွားမှုများရှိနေခြင်းဖြစ်သည်။လက်ရှိအနေအထားတွင် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်အထိ မကျေလည်မှုများရှိလာခဲ့သည်။ လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရထားသည့် ဂျင်းမွေးမြူရေးဧရိယာအတွင်း ဒေသခံများက ဂျင်းအတင်းဝင်ကောက်သည်ဟု အမှုဖွင့်ထားခြင်းဖြစ်သည်။ ဒေသခံများကမူ ယင်းလုပ်ခွင့်ရ ဧရိယာမှာ သဘာဝအတိုင်းပင် ဂျင်းပေါများစွာထွက်ရှိသည့်နေရာဖြစ်ပြီး လုပ်ငန်းရှင်က လက်ဝါးကြီးအုပ်ပြီး ဒေသခံများ လုပ်ကိုင်စားသောက်ခြင်းကို တားဆီးလုပ်ကိုင်လာခြင်းသာဖြစ်ကြောင်း လက္ကူးကျေးရွာနေ ဦးစန်းဦးက ဆိုသည်။ “လိုင်စင်အပြတ်ဆွဲပြီးတော့ ရွာသားတွေကို နှင်ထုတ်ပစ်တယ်ခင်ဗျား။ ရွာသား တွေမှာအခုတော့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်သွားတယ်” ဟု […]