ရှစ်လအတွင်း အိမ်တွင်းအကြမ်းဖက်ခံရသည့် အမှုအများဆုံးဟု ထားဝယ်အမျိုးသမီးသမဂ္ဂဆို
diz_admin
October 1, 2020ပြီးခဲ့သည့် ရှစ်လအတွင်း ထားဝယ် အမျိုးသမီးသမဂ္ဂထံသို့ အကူအညီတောင်းခံ တိုင်းကြားလာသည့် အမှုများ အနက် ၃၂ မှုမှာ အိမ်တွင်းအကြမ်းဖက်မှု ပြဿနာများဖြစ်သည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။ စုစုပေါင်း တိုင်ကြားအကူအညီ တောင်းခံခဲ့သည့် အမှု ၆၂ မှု ရှိသည့်အနက် အိမ်တွင်းအကြမ်းဖက်မှုမှာ ထက်ဝက်ကျော်ဖြင့် အများဆုံးဖြစ်သည်။ ဒုတိယ အများဆုံးမှာ သက်ငယ်မုဒိမ်းမှုဖြစ်ပြီး ၂၀ ကျော်ရှိကြောင်း ယင်းသမဂ္ဂမှ အထွေထွေတွဲဖက်အတွင်းရေးမှူး(၂) ဒေါ်မာလာက ပြောသည်။ အတိုင်ခံထားရသည့် တီဇစ်အုပ်ချုပ်ရေးမှူးအမှု အဖွဲ့သစ်ဖြင့် ပြန်စစ် သမဂ္ဂအနေဖြင့် ပညာပေးစကားဝိုင်းများကို ထားဝယ်ခရိုင်၊ ကျေးလက်ဒေသများရှိ ကျေးရွာများအထိဆင်းကာ ပြုလုပ်လာခြင်းကြောင့် သတင်းအချက်အလက်များ ယခင်ကထက် ပိုမိုရရှိလာသဖြင့် တိုင်ကြားမှုများ များလာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ “သူတို့ ပြဿနာတွေ ဖြစ်နေတာက နှစ်နဲ့ချီပြီး ဖြစ်နေကြတယ်။ […]