BREAKING
March 4, 2025

ထားဝယ်

ထားဝယ်အမျိုးသားနေ့အား ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျင်းပမည်

diz_admin

November 15, 2020

လာမည့် နတ်တော်လဆန်း ၁ ရက်(ဒီဇင်ဘာလ ၁၅ ရက်) နေ့တွင်ကျရောက်မည့် ထားဝယ်အမျိုးသားနေ့အား ထားဝယ်လူမျိုးများနေထိုင်ရာဒေသအလိုက် ဖြန့်ကျက်ပြီး ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၁ နာရီတွင် ထားဝယ်မြို့၊ ပျော်ဘွယ်ကျောင်းဓမ္မာရုံ၌ ပြုလုပ်သော ထားဝယ်လူမျိုးစုစည်းမှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။ ထားဝယ်အမျိုးသားနေ့ကို ၂၀၁၇ ခုနှစ်မှ စတင်ကျင်းပခြင်းဖြစ်ပြီး ယခင်နှစ်များက ထားဝယ်အမျိုးသားယဉ်ကျေးမှုပြတိုက်တွင် နယ်အသီးသီးမှ လူအများ လာရောက်စုစည်းကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် သုံးကြိမ်မြောက်ဖြစ်သော ထားဝယ်အမျိုးသားနေ့အခမ်းအနားကို ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကျန်းမာရေးနှင့်အားကစားဝန်းကြီးဌာန၏ ထုတ်ပြန်ချက်ပါ လူဦးရေကန့်သတ်ချက်များနှင့်အညီ မြို့နယ်အသီးသီးရှိ ကျေးရွာအုပ်စုများအလိုက် အချိန်သတ်မှတ်ပြီး အလံတင်ခြင်းကို တပြိုင်နက် ပြုလုပ်အလေးပြုကြမည်ဖြစ်ကြောင်းသိရသည်။

လောင်းလုံးစည်ပင် လုပ်ငန်းအတွက် ယမန်နှစ်ထက် ကျပ်သိန်း ၃၀ဝ ကျော် ပိုသုံးခွင့်ရ

diz_admin

November 13, 2020

ယခုဘဏ္ဍာနှစ်တွင် လောင်းလုံးမြို့နှင့် ကျေးရွာလေးရွာတို့၏ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ရန်ပုံငွေ သိန်းသုံးရာကျော် ပိုသုံးစွဲခွင့်ရကြောင်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။ လောင်းလုံးမြို့နယ်သည် ယမန်နှစ်က ကျပ်သိန်းပေါင်း တစ်သောင်းကျော် ၁၀၅၀ဝသိန်း) သာသုံးစွဲခွင့်ရခဲ့ပြီး ယခု ဘဏ္ဍာနှစ်တွင်မူ ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ရာကျော်(၁၀၈၄၈ သိန်း) သုံးစွဲခွင့်ရခဲ့ကြောင်း မြို့နယ်စည်ပင် သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဌေးက ပြောသည်။ ယင်းရရှိသော ရန်ပုံငွေများဖြင့် မြို့ပေါ်ရပ်ကွက်နှင့် မောင်းမကန်၊ သောကြာပြင်၊ ရေဖြူ၊ ပြင်ထိန် စသည့်ကျေးရွာ လေးရွာတို့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဦးကျော်ဌေးက ဆိုသည်။ မြို့ပြဖွံ့ ဖြိုးရေးအတွက် သရက်ချောင်းစည်ပင် သိန်းတစ်သောင်းကျော် သုံးမည် လမ်း ၁၄ လမ်း၊ တံတား ရှစ်စင်း၊ ဈေးရုံငယ်တစ်ခု(ရေဖြူ)၊ ငါးဈေးတန်း တစ်ခု(သောကြာပြင်) […]

ငွေကြေးအလွဲသုံးမှုဖြင့် အတိုင်ခံရသည့် တီဇစ်အုပ်ချုပ်ရေးမှူးအား ရာထူးမှဖယ်

diz_admin

November 13, 2020

ကိုဗစ်ထောက်ပံ့ကြေးအပါအဝင် အခြားငွေကြေးများကို အလွဲသုံးစားလုပ်သည်ဟု နှစ်ကြိမ်တိုင် အတိုင်ခံခဲ့ရသည့် လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ရာထူးမှ အပြီးသတ် ဖြုတ်ပယ်လိုက်ပြီဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ တီဇစ်အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် ထပ်တိုင်ခံရ တီဇစ်ကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ အောက်တိုဘာလ ၃၁ ရက်မှစပြီး ရာထူးမှ အပြီးသတ်ဖြုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။ “ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ယောက်က လိုက်နာရမယ့် ကျင့်ဝတ်ကို မလိုက်နာလို့ ဖြုတ်လိုက်တာပါ” ဟု ဦးကံထူးက ပြောသည်။ အတိုင်ခံထားရသည့် တီဇစ်အုပ်ချုပ်ရေးမှူးအမှု အဖွဲ့သစ်ဖြင့် ပြန်စစ် ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး စောင့်ထိန်းရမည့် ကျင့်ဝတ်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး အရည်အချင်းသတ်မှတ်ချက် ပျက်ယွင်းခြင်းရှိလျှင် ထိုသူကို မြို့နယ် အုပ်ချုပ်ရေးမှူးက တာဝန်မှ နုတ်ထွက်ခွင့်ပြုခြင်း၊ ယာယီရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်းတို့ လုပ်ဆောင်နိုင်ကြောင်း […]

စပါးရိတ်ချိန် ကိုဗစ်နှင့် ရာသီဥတု နှိပ်စက်ခြင်းခံနေသည့် လယ်သမားများ

diz_admin

November 12, 2020

ယခုနှစ် မိုးစပါးရိတ်သိမ်းချိန်တွင် လယ်သမားများမှာ ကိုဗစ်ရောဂါနှင့် ရာသီဥတု နှစ်ဖက်ညှပ်ပြီး နှိပ်စက်ခြင်းကို ခံစားနေကြရသည်။ မိုးစပါးသည် နိုဝင်ဘာလ ဒုတိယ အပတ်ခန့်တွင် စတင်ရိတ်သိမ်းရတော့ မည်ဖြစ်သည်။ ယခုနှစ် စပါးရိတ်မည့် စရိတ်က ယမန်နှစ်ထက် နှစ်ဆနီးပါးဈေး မြင့်နေသည်။ ယမန်နှစ်က လယ်တစ်ဧကလျှင် ရိတ်သိမ်းစရိတ်မှာ ကျပ်ငါးသောင်း ဝန်းကျင်သာ ရှိသော်လည်း ယခုနှစ်တွင်မူ တစ်ဧက ကျပ်ခုနစ်သောင်းမှ ရှစ်သောင်း အထိဖြစ်နေကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့နှင့် ရိတ်သိမ်းချွေ လှေ့စက်ပိုင်ရှင် အချို့က ပြောသည်။ ကွမ်းသီးဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ခန့်လျော့ စပါးရိပ်သိမ်းခြွေလှေ့စက်ရိတ်ခြင်း၊ လူဖြင့်ရိတ်ခြင်း နှစ်မျိုးစလုံး၏ ဈေးနှုန်းမှာ အတူတူနီးပါးပင်ဖြစ်သည်။ သို့သော် လူငှားဖြင့် ရိတ်သိမ်းပါက စပါးလှေ့ခ ထပ်ကုန်ကျမည့်အပြင် ကိုဗစ်ကာလ ဖြစ်နေသဖြင့် အခြားတိုင်းနှင့် ပြည်နယ်တို့မှ စပါးရိတ်သမားများ […]

ကွမ်းသီးဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ခန့်လျော့

diz_admin

November 12, 2020

ကွမ်းသီးအသစ်ဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ခန့် လျော့နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခုနှစ် အောက်တိုဘာလ ကွမ်းသီး သစ်ထွက်သည့် ရာသီအစတွင် ၂၀ဝ၀ ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပြီး လက်ရှိ နိုဝင်ဘာ ၄ ရက်နေ့ ဈေးကွက်တွင် တစ်ပိသာ ၂၅၀ဝ ကျပ်မှ ၂၈၀ဝ ကျပ်ခန့်အထိ ရှိနေ သည်ဟု ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ကွမ်းသီးရာသီ အစတွင် တစ်ပိသာ ၃၆၀ဝ ကျပ်မှ ၅၂၀ဝ ကျပ်ဝန်းကျင်အထိ ဈေးကောင်းရခဲ့ပြီး ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် ကျပ် နှစ်ထောင်ခန့် ဈေးကျနေသည်ဟု ပွဲရုံ လုပ်ငန်းရှင်အချို့နှင့် ဒေသခံတောင်သူ အချို့က ဆိုသည်။ စပါးရိတ်ချိန် ကိုဗစ်နှင့် ရာသီဥတု နှိပ်စက်ခြင်းခံနေသည့် လယ်သမားမျာ ရာသီမမှန်ခြင်းကြောင့် ကွမ်းသီး အရည်အသွေးမမှန်ခြင်း၊ […]

တစ်ပတ်အတွင်း ရော်ဘာဈေး ရုတ်တရက်ပြန်ကျ၊ မြန်မာနှင့် အမေရိကန် ရွေးကောက်ပွဲဂယက်ကြောင့်ဟုဆို

diz_admin

November 11, 2020

ကမ္ဘာ့ဈေးကွက်အတွင်း အတက်အကျ ကြမ်းခြင်းကြောင့် မြန်မာဈေး ကွက်တွင်လည်း ရော်ဘာဈေးနှုန်းမှာ တစ်ပတ်အတွင်း ကျပ်နှစ်ရာခန့် ရုတ်တရက် ပြန်ကျလာကြောင်း ထားဝယ် မြို့သစ်(၄)လမ်းရှိ ရော်ဘာပွဲရုံပိုင်ရှင် ကိုအောင်သန့်က ပြောသည်။ စက်တင်ဘာလ ၂၀ ရက် ရော်ဘာ အသစ်စလှီးချိန်တွင် နေလှန်းပြားတစ် ပေါင်လျှင် ၇၂၀ ကျပ်ဝန်းကျင်ခန့်ရှိရာမှ အောက်တိုဘာလကုန်ပိုင်းတွင် ၉၅၀ ကျပ်ခန့်အထိ ဈေးမြင့်တက်သွားခဲ့သော်လည်း နိုဝင်ဘာလဆန်းပိုင်းတွင်မူ ကျပ် ၇၅၀ ဝန်းကျင်သို့ ပြန်လည်ထိုးကျခဲ့သည်။ နိုဝင်ဘာလ ၂ ရက်နေ့ တစ်ရက်တည်းတွင်ပင် ကျပ် ၁၅၀ ခန့် ကျဆင်းခဲ့ကြောင်း ကိုအောင်သန့်က ဆိုသည်။ “ကိုဗစ်သက်ဆိုင်လားဆိုတော့ ကိုဗစ်ကာလမှာလည်း အဲလောက်ထိ မသက်ဆိုင်ဘူး။ ရော်ဘာက ဝယ်လို အားများများကြီး တကယ်တမ်းက။ အခုက အမေရိကန်ရွေးကောက်ပွဲ၊ မြန်မာ့ရွေးကောက်ပွဲတွေနဲ့ ဆိုင်တယ် […]

မူးယစ်ဆေးသံသယဖြင့် မှားယွင်းရှာဖွေခံရမှု အရှက်ရဟု မိသားစုများပြော

diz_admin

November 11, 2020

လောင်းလုံးမြို့နယ် ကြက်ယက်တွင်း ကျေးရွာမှ နေအိမ်သုံးဆောင်အား မူးယစ် ဆေးသံသယဖြင့် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၇ ရက်တွင် တစ်ပြိုင်တည်းဝင် ရောက်ရှာဖွေခဲ့ကြသည်။ ယင်းသို့ရှာဖွေခဲ့သော်လည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရပေ။ ထိုကြောင့် ယင်းကိစ္စအား မှားယွင်းဝင်ရောက်ရှာဖွေမှု(သို့) မှားယွင်းစွာတိုင်တန်းမှုအဖြစ် ရဲတပ်ဖွဲ့က ကောက်ချက်ချခဲ့ရသည်။ အဆိုပါနေအိမ်များမှာ အသက်ရွယ် ကြီးရင့်သူနှင့် အမျိုးသမီးများနေထိုင် သည့် နေအိမ်များဖြစ်သည်။ အသက် ၈၀ ကျော်အဘိုးတစ်ဦး၊ အသက် ၅၀ နှင့် ၃၉ နှစ်အရွယ် အမျိုးသမီးနှစ်ဦး နေထိုင်သည့် အိမ်တစ်အိမ်၊ အသက် ၆၀ ကျော် အဖွားတစ်ဦး၊ လူလတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး နေထိုင်သည့် အိမ်တစ်အိမ်နှင့် အသက် ၄၀ မှ ၈၀ […]

ကြိုတင်မဲပေးချိန် မလျော်သြဇာ သုံးခဲ့သည်ဆိုသည့်ကိစ္စ NLDကိုယ်စားလှယ်လောင်း တောင်းပန်

diz_admin

November 10, 2020

ကြိုတင်မဲပေးရာတွင် မလျော်သြဇာသုံးပြီး အမိန့်အာဏာဆန်ဆန် ပြောဆိုခဲ့သည်ဆိုသည့် ကိစ္စအပေါ် ကာယကံရှင်ဖြစ်သည့် NLD ပါတီကိုယ်စားလှယ် လောင်းက တောင်းပန်ခဲ့ကြောင်း ထားဝယ် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ မှ သိရသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်ကျေးရွာတွင် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲ ပေးသည့်နေရာတွင် ကိုယ်စားလှယ်လောင်း ဖြစ်သူ (လက်ရှိတိုင်းဒေသကြီးကိုယ်စားလှယ်) ဦးဗိုလ်ထွေးက ကော်မရှင်၏ လုပ်ငန်းများကို ဝင်ရောက် စွက်ဖက်ခဲ့သည်ဟုဆိုကာ ကျေးရွာကော်မရှင်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင် ကြားခဲ့ခြင်းဖြစ်သည်။ ကြိုတင်မဲပေးရာတွင် မဲဆန္ဒရှင်အနေဖြင့် အကူခေါ်ခွင့်ပြုခြင်း/မပြုခြင်း အပေါ်တွင် ကိုယ်စားလှယ်လောင်း ဦးဗိုလ်ထွေးနှင့် ရပ်ကျေးကော်မရှင်တို့ အကြား အငြင်းပွားခဲ့ခြင်းဖြစ်သည်။ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ၏ တိုင်ကြားမှုအပေါ် နိုဝင်ဘာလ ၄ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နှစ်ဖက်တွေ့ဆုံညှိနှိုင်းရာ ပြေလည်မှု မရခဲ့ပေ။ထိုကြောင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် […]