BREAKING
March 4, 2025

ထားဝယ်

၂၀၂၀ ရွေးကောက်ပွဲကပြောသော ကိန်းဂဏန်းများ NLDက ကြံ့ခိုင်ရေးထက် မဲရလဒ် လေးဆကျော်ပို

diz_admin

November 18, 2020

နိုဝင်ဘာလ ၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲရလဒ်အရ တနင်္သာရီတိုင်းတွင် လက်ရှိအာဏာရ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD) က တိုင်းလုံးကျွတ် အနိုင်ရရှိခဲ့သည်ကို အားလုံးသိပြီးဖြစ်သည်။ ထွက်ပေါ်လာသည့် ရလဒ်များအရ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် NLDပါတီအတွက် ပြီးခဲ့သည့်ငါးနှစ်ကထက် ပို၍ အောင်မြင်မှုရခဲ့ကြောင်း တွေ့ရှိရသည်။ အောက်ဖော်ပြပါအချက်အလက်နှင့် ရုပ်ပုံများသည် ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှစ်ခုကို နှိုင်းယှဉ်ထားခြင်း ဖြစ်ပါသည်။ မဲပေးသူ ပိုများ၂၀၁၅ ခုနှစ်က တိုင်းအတွင်း မဲပေးခွင့်ရှိသူ ဆယ်သိန်းနီးပါး (၉၈၅၀ဝ၈ ဦး) ရှိသည့်အနက် ဆန္ဒမဲလာပေးသူ ခြောက်သိန်းကျော် (၆၁၈၅၈၈ ဦး) ရှိသည်။ ရာခိုင်နူန်းအားဖြင့် ၆၂ ဒသမ ၈၀ ရာခိုင်နှုန်း မဲပေးခဲ့ခြင်းဖြစ်သည်။ ယခုရွေးကောက်ပွဲတွင်မှု မဲပေးခွင့်ရှိသူ […]

မှေးမှိန်နေသည့် ကိုဗစ်ကန့်သတ် ချက်များ

diz_admin

November 17, 2020

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်ချိန်က အစိုးရက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များမှာ လက်ရှိတွင် လိုက်နာမှုအားနည်းပြီး မှေးမှိန်နေသည်။ ကိုဗစ်ကပ်ဘေး တားဆီးနိုင်ရေးအတွက် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို စက်တင်ဘာလ ၁၇ ရက်နေ့က တားမြစ်ထားသည်။ လက်ရှိတွင် လက်ဖက်ရည်ဆိုင် အချို့တွင် ဆိုင်ထိုင်စားသောက်သည့်ပုံစံဖြင့် ပေါ်ပေါ်တင်တင်ရောင်းချနေ ကြသည်။ အဆိုပါ စည်းကမ်းချက် စတင်သတ်မှတ်ချိန်က ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ်မှုများရှိခဲ့သော်လည်း လက်ရှိတွင် အရေးယူဆောင်ရွက်မှု မရှိတော့ပေ။ ယင်းကဲ့သို့ ကိုဗစ်စည်းကမ်း သတ်မှတ်ချက် ဖောက်ဖျက်မှုများကို အရေးယူတားဆီးရန် သက်ဆိုင်ရာ မြို့နယ်စည်ပင်၊ အုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သည့် မြို့နယ်ကိုဗစ်ကော်မတီ များတွင် တာဝန်ရှိကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။ “မျက်နှာလိုက်ခြင်း၊ […]

တစ်ယူနစ်ဘယ်လောက်မှန်း မသိဘဲ လျှပ်စစ်သုံးနေရ

diz_admin

November 17, 2020

ထားဝယ်ခရိုင်အတွင်း ပြီးခဲ့သည့် အောက်တိုဘာလနှင့် ယခုလအတွင်း သုံးစွဲနေသည့် လျှပ်စစ်တစ်ယူနစ်ဈေးနှုန်း မည်မျှကျသင့်သည်ကို မီးသုံးသူများ သိခွင့် မရသေးပေ။ Petro & Trans ကုမ္ပဏီ လုပ်ကိုင်ခွင့်ရချိန်မှ သြဂုတ်လအထိ လျှပ်စစ်တစ် ယူနစ်လျှင် ၂၃၈ ကျပ် ဈေးနှုန်းဖြင့် ကောက်ခံနေရာမှ စက်တင်ဘာလတွင် ၂၁၉ ကျပ်သို့ လျှော့ချကောက်ခံခဲ့သည်။ ထိုဈေးနှုန်းမှာ ကုမ္ပဏီအတွက် နစ်နာနေသည်ဟုဆိုကာ တိုင်းအစိုးရထံ တင်ပြခဲ့သည်။ သို့သော် ယင်းနောက်တွင် ဈေးနှုန်းကို မည်မျှသတ်မှတ်မည်ဆိုသည်ကို ယခုအချိန်အထိ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ ထားဝယ်ခရိုင်လျှပ်စစ်ထုတ်မည့် သဘာဝဓာတ်ငွေ့ကို MOGE (မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)ထံမှ ဝယ်ယူနေရပြီး အဆိုပါ သဘာဝဓာတ် ငွေ့ဖိုးကို အမေရိကန်ဒေါ်လာနှင့်ဝယ် ယူရန်သတ်မှတ်ထားသော်လည်း မြန်မာ ကျပ်ငွေဖြင့်သာ ပေးသွင်းရသည်။ သဘာဝဓာတ်ငွေ့ဖိုး ပေးသွင်းရသည့် ဒေါ်လာငွေလဲလှယ်နှုန်းကို […]

ရန်ကုန်မှပြန်ရန် စာရင်းပေးထားသူအချို့ ထားဝယ်သို့ ခိုးဝင်နေ

diz_admin

November 17, 2020

ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်တွင် သောင်တင်နေသည့်အတွက် ထားဝယ်ပြန်ရန် စာရင်းပေးသွင်းထားသူအချို့ ထားဝယ်မြို့သို့ ခိုးဝင်ပြီ းပြန်ရောက်နေသည်ကို တွေ့ရကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။ အဆိုပါ အထောက်အကူပြုအဖွဲ့က ပြီးခဲ့သည့်လမှစတင်ကာ ရန်ကုန်တွင်သောင်တင်နေသူများ ပြန်ခေါ်နိုင်ရေး စာရင်းကောက်ခံနေသည်။ထိုသို့ကောက်ခံရာတွင် သောင်တင်နေသူ ၂၇၀ ဦး စာရင်းပေးထားပြီး ၎င်းတို့၏ ဖုန်းနံပါတ်များပေးထားကြသည်။ လက်ရှိတွင် ပြန်ခေါ်နိုင်ရေးအတွက် အဆိုဖုန်းများကို ပြန်လည်ဆက်သွယ်ရာ ထားဝယ်မြို့သို့ ပြန်ရောက်နေသူများရှိသကဲ့သို့ ရန်ကုန်-ထားဝယ်လမ်းပေါ်တွင် ရောက်ရှိနေသူများလည်းရှိနေသည်ကို တွေ့ရကြောင်း ထားဝယ်ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။ “ထားဝယ်ကိုရောက်နေတဲ့ သူတွေကို သွားတွေ့ရတယ်။ နောက်ပြီး ဒီနေ့ကားနဲ့ ဆင်းလာနေသူတွေရှိတာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။ယင်းကဲ့သို့ လာရောက်ပြီး သတ်မှတ်ရက်အတိုင်း ကွာရန်တင်းမဝင်ကြသည်ကို တွေ့ရကြောင်း […]

ဘောလုံးစွမ်းရည်ပြိုင်ပွဲတွင် ထားဝယ်ခရိုင်က အားကစားသမားအများစု ဆုရ

diz_admin

November 16, 2020

ကိုဗစ်ကာလအတွင်း မြေပြင်အား ကစားပွဲများ ရပ်နားထားချိန်တွင် လူစု လူဝေးမဖြစ်စေဘဲ အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုအကဲဖြတ်ပေးသည့် ဘောလုံးစွမ်းရည်ပြိုင်ပွဲတစ်ခုကို တိုင်းအတွင်း နိုဝင်ဘာလ ဒုတိယအပတ်က ကျင်းပခဲ့သည်။ အားကစားနှင့် ကာယပညာဦးစီး ဌာနက ဦးစီးကျင်းပသည့် ယင်းပြိုင်ပွဲ မြို့နယ်အားလုံးမှ အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၃၀ ဦး စုစုပေါင်း လူဦးရေ ၆၀ ဝင်ပြိုင်ခဲ့ရာ ထားဝယ်ခရိုင်မှ ကစားသမား အများစုက ဆုများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားပြိုင်ပွဲ ပထမဆုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အမျိုးသမီးပြိုင်ပွဲ ပထမဆုနှင့် တတိယဆုတို့ ကို ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စသည်ဖြင့် ထားဝယ်ခရိုင်က ဆုသုံးဆု ရရှိခဲ့သည်။ ရန်ကုန်သောင်တင်နေသူများ အိမ်ပြန်နိုင်ရေး ရောင်ခြည် ကျန်သည့် အမျိုးသားပြိုင်ပွဲ ဒုတိယဆုနှင့် တတိယဆုနှစ်ခုအား […]

ရန်ကုန်သောင်တင်နေသူများ အိမ်ပြန်နိုင်ရေး ရောင်ခြည်

diz_admin

November 16, 2020

ကိုဗစ်ကပ်ဘေး ကန့်သတ်ချက်များကြောင့် ရန်ကုန်တွင် သောင်တင်နေသည့် ထားဝယ်သားများအိမ်ပြန်နိုင်ရေး ရောင်ခြည်သမ်းလာသည်။ ကိုဗစ်ကူးစက်မှု ဒုတိယလှိုင်းပြင်း ထန်လာသည့် အောက်တိုဘာလဆန်းတွင် တိုင်းကျော်ခရီးသွားလာခွင့်ကို စတင်ကန့်သတ်ခဲ့သည်။ ထိုကြောင့် ရန်ကုန်ရောက် တနင်္သာရီတိုင်းသားများမှာ ရန်ကုန်မြို့တွင် ပိတ်မိ နေခဲ့ကြသည်။ သောင်တင်နေသည့် တိုင်းသားအချို့မှာ စားဝတ်နေရေး အခက်အခဲကြုံ လာသည့်အတွက် စက်ဘီးစီးပြီး တစ်ကိုယ်တော် ခိုးပြန်လာသည်အထိ ဖြစ်ခဲ့သည်။ ထို့အပြင် ကုန်တင်ကားဖြင့် ခိုးလာလိုက်သည့် ဖြစ်စဉ်များလည်း ရှိလာသည်။ ထိုအခြေအနေတွင် ကိုဗစ်ထိန်းချုပ် ကာကွယ်ရေး လူထုအခြေပြုအထောက် အကူပြုအဖွဲ့(ထားဝယ်ဒေသ)က သောင်တင်နေသည့် တိုင်းသားများကို ပြန်ခေါ်ရန် စီစဉ်လာသည်။ ယင်းကဲ့သို့ ပြန်ခေါ်နိုင်ရန်အတွက် လက်ရှိတွင်ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကိုလည်း ထုတ်ပြန်ခဲ့သည်။ နေရပ်ပြန်လိုသည့် လူဦးရေစာရင်း ကိုသိနိုင်မှသာ အခြားသော ညှိနှိုင်းမှုနှင့် ကွာရန်တင်းစခန်းကဲ့သို့ လိုအပ်သည့် အစီအမံများ […]

၀န်ထမ်းများ တည်းခိုစရိတ် ခံစားခွင့်ရမည်

diz_admin

November 16, 2020

နိုင်ငံ့ဝန်ထမ်းများ ပြည်တွင်းခရီး သွားပါက တည်းခိုစရိတ်ကို အစိုးရမှ ထုတ်ပေးနေပြီဖြစ်သည်။ သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် ခံစားခွင့်ရမည့် တည်းခိုစရိတ်ကို ယခု ဘဏ္ဍာနှစ်မှစတင်ကာ ခွင့်ပြုလိုက်ကြောင်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးနေ လင်းထက်က ဆိုသည်။ နိုင်ငံ့ဝန်ထမ်းများခရီးသွားရာတွင် ယခင်က ခရီးစရိတ်သာရပြီး တည်းခို စရိတ် ခံစားခွင့်မရကြပေ။ သို့ရာတွင် ဌာနအဖွဲ့အစည်းများက ၎င်းတို့ပိုင်ရိပ်သာတွင် အခမဲ့တည်းခို နေထိုင်ရန် စီစဉ်ပေးနိုင်ခြင်းမရှိမှသာ တည်းခိုစရိတ် ခံစားခွင့်ရမည်ဖြစ်သည်။ တည်းခိုခန်းစရိတ်ပေးရာတွင် ညွှန် ကြားရေးမှူးချုပ်နှင့် အထက်အဆင့် တာဝန်ရှိသူက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွင် တည်းခိုပါက တစ်ရက်လျှင် ကျပ်ငါးသောင်း သတ်မှတ်ထားပြီး အခြားမြို့များတွင် တည်းပါက သုံးသောင်း သတ်မှတ်ထားသည်။ ညွှန်ကြားရေးမှူးတာဝန်မှ ဒုတိယ ညွှန်ချုပ်အထိ ဝန်ထမ်းများကိုမူ တည်းခို မည့်မြို့အပေါ်မူတည်ကာ တစ်ရက်လျှင် […]

ထားဝယ်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ မကျင်းပရန် ဆုံးဖြတ်

diz_admin

November 15, 2020

ကိုဗစ်ကပ်ဘေးကြောင့် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဘုရားပွဲအား မကျင်းပရန် ဘုရားကြီးဂေါပကအဖွဲ့က ဆုံးဖြတ်လိုက်သည်။ ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထားဝယ်ဒေသ၏ အစည်ကားဆုံး ပွဲတော်ဖြစ်သည့် ၁၁၁ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို ယခုနှစ်တွင်မကျင်းပတော့ခြင်းဖြစ်သည်။ တိုင်းဒေသကြီးကိုဗစ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လမ်းညွှန်ချက်အရ ယင်းသို့ဆုံးဖြတ်ခဲ့ကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ ဦးထွန်းကြည်က ဆိုသည်။ ထားဝယ်မြို့အတွင်း နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲကို နှစ်စဥ်တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညတွင် ကျင်းပလေ့ရှိသည်။