BREAKING
March 4, 2025

ထားဝယ်

လောင်းလုံးတွင် ကျောင်းနှင့် ဝန်ထမ်းအိမ်ရာအတွက် သိန်း ၁၅၀ဝ၀ သုံးမည်

diz_admin

November 23, 2020

ယခုဘဏ္ဍာနှစ်တွင် လောင်းလုံးမြို့နယ်အတွင်း အခြေခံပညာကျောင်းနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရေးအတွက် ကျပ်သိန်းပေါင်း ၁၅၀ဝ၀ အသုံးပြုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ အောက်ကျောက်ဝပ်၊ (ဂ) ရပ်ကွက်၊ မဲမော်၊ သဗျာ၊ ပိတက်ကြီး၊ ငပိတက်ငယ်၊ ပြင်ကြီး(သဘော့ဆိပ်) တို့တွင် အကျယ်အဝန်း ပေ ၇၀- ၃၀ ရှိ နှစ်ထပ် စာသင်ဆောင်နှင့် ပေ ၆၀ – ၃၀ တစ်ထပ် ဝန်ထမ်းအဆောင်ကိုလည်း ဆောက်လုပ် မည်ဖြစ်ကြောင်း မြို့နယ်ဒုတိယပညာရေးမှူး ဦးဇော်ဇော်စိုး(စီမံ/ဘဏ္ဍာ) က ပြောသည်။ လောင်းလုံး ကျေးလက်ဒေသဖွံ့ ဖြိုးရေးအတွက် ကျပ်သိန်း ၁၀ဝ၀ ကျော်သုံးမည် ယင်းအပြင် ညောပြင်၊ ပန်းတလဲ၊ ကမြောကင်း၊ သကျက်တော၊ ကျောက်နီမော်၊ မြို့ဟောင်း၊ ကမ်းပနီ၊ မောင်းမကန်၊ ကရင်ကြီး စသည့်ကျေးရွာများတွင်လည်း […]

ရန်ကုန်သောင်တင်သူ ၁၇၁ ဦးကို ပထမသုတ် စခေါ်

diz_admin

November 23, 2020

ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်တွင် သောင်တင်နေသူများအနက် ၁၇၁ ဦးကို ပထမသုတ်အဖြစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ခေါ်ယူခဲ့ကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး ထားဝယ် ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။ နေရပ်ပြန်ရန်စာရင်းပေးသွင်းထားသူ ၂၇၀ ဦးအနက် ၁၇၁ ဦးကို မော်တော်ယာဉ် ရှစ်စီးဖြင့် ပြန်လည်ခေါ်ယူခြင်း ဖြစ်သည်။ ပထမအသုတ်တွင် ပါဝင်သူများမှာ ထားဝယ်ခရိုင်မှ ၉၅ ဦးနှင့် သံဃာ ၅ ပါး၊ မြိတ်ခရိုင်မှ ၆၆ ဦးနှင့် ကော့သောင်း ခရိုင်မှ ငါးဦးတို့ ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မှ ပြန်လာမည့် ကားစရိတ်အား လှူဒါန်းသူရှိသည့်အတွက် အခငွေကြေးပေးရန် မလိုကြောင်း ထားဝယ်ဒေသလူထုအခြေပြုအထောက် အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦး က ဆိုသည်။ ပိတ်မိနေသူများ ထားဝယ်ပြန် […]

တိုင်းအစိုးရအဖွဲ့ Speed Boat ဝယ်မည်

diz_admin

November 21, 2020

တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းနိုင်ရန်အတွက် အမြန်ရေယာဉ် (Speed Boat) တစ်စီး ဝယ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ တိုင်းအစိုးရအဖွဲ့ဝင်များ စီးနင်းမည့် လူ ၁၈ ဦးဆံ့ အဆိုပါယာဉ် ဝယ်ယူပြီးပါက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစိစစ်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် တိုင်းအစိုးရအနေနှင့် အမေရိကန်နိုင်ငံထုတ် Speed Boat တစ်စီး ဝယ်ရန်အတွက် တင်ဒါခေါ်ထားပြီး ဒီဇင်ဘာလ ၂ ရက်နေ့တွင် တင်ဒါ ပိတ်မည်ဖြစ်သည်။ သဘာ၀ဘေးအတွက် ထားဝယ် လေးမြို့နယ် ဖိုင်ဘာလှေတစ်စီးစီ ရမည် “အဓိကကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ သွားလာတဲ့အခါမှာ စီးဖို့အတွက်ပေါ့နော်။ လှေနဲ့ သွားရမယ့်ကိစ္စတွေ၊ စပိဘုတ်နဲ့ သွားရမယ့်ကိစ္စဆိုရင် စီးဖို့အတွက်ဝယ်မှာ” ဟု […]

ကိုဗစ်ထောက်ပံ့ကြေးမရသေးသည့် မသန်စွမ်းများ လူမှုဝန်ထမ်းရုံးထံ ဆက်သွယ်ပါ

diz_admin

November 20, 2020

တနင်္သာရီတိုင်းအတွင်း ကိုဗစ်ထောက်ပံ့ကြေး လုံးဝမရသေးသည့် မသန်စွမ်းများအနေဖြင့် တိုင်းလူမှုဝန်ထမ်းရုံးထံ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း ယင်းဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်က ပြောသည်။ ကိုဗစ်ထောက်ပံ့ကြေး တစ်ဦးလျှင် ကျပ်သုံးသောင်းမရသေးသည့် မသန်စွမ်းများသည် တိုင်းလူမှုဝန်ထမ်းရုံး ဖုန်းနံပါတ် ဝ၅၉၂၀၂၃၄၉၇ သို့ ဆက်သွယ် စာရင်းပေးပို့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံလုံးအတိုင်းအတာဖြင့် မသန်စွမ်းဦးရေ နှစ်သိန်းကျော်အနက် တစ်သောင်းကျော်ကို ကိုဗစ်ထောက်ပံ့ကြေးမပေးရသေးကြောင်း တိုင်းလူမှု ဝန်ထမ်းစာရင်းအရ သိရသည်။ ယင်းကျန်နေသူများအထဲတွင် တနင်္သာရီတိုင်းက မသန်စွမ်းများလည်း ပါဝင်ကြောင်း တိုင်းလူမှုဝန်ထမ်းရုံးထံမှ သိရသည်။ ကျော်သူစိုး

NLD ဝန်းရံသူတစ်ဦး အောင်ပွဲခံနေစဉ် အရိုက်ခံရ

diz_admin

November 20, 2020

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဝန်းရံ သူတစ်ဦး အောင်ပွဲခံနေစဉ် အရိုက်ခံရသည့် ဖြစ်စဉ်တစ်ခု ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာ တွင် ဖြစ်ပွားခဲ့သည်။ အထွေထွေရွေးကောက်ပွဲအပြီး နောက်တစ်နေ့ နိုဝင်ဘာလ ၉ ရက် ည ၈ နာရီအချိန်ခန့်တွင် စမ်းလှမ်းရွာမှ NLD ပါတီဝန်ရံသူများက အောင်ပွဲခံနေစဉ် ကြံ့ခိုင်ရေးပါတီဝန်းရံသူက တုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်း က ပြောသည်။ လောင်းလုံး၊ ကမြောကင်းမဲရုံအမှတ်(၁) ကြိုတင်မဲ NLD အနိုင်ရ အရိုက်ခံရသူမှာ အသက် ၂၀ ဝန်း ကျင်အရွယ်ဖြစ်ပြီး ရိုက်သူမှာ အသက် ၁၈ နှစ်ဝန်းကျင်အရွယ် လူငယ်ဖြစ်ကြောင်း ဦးမျိုးသိန်းက ပြောသည်။ အရိုက်ခံရသူသည် စမ်းလှမ်းရွာထိပ်မှ လက်ခတ်တောင်ပေါ်သို့ ပစ္စည်းပို့ သွားရန်အလာ လမ်းတွင် […]

လောင်းလုံး ကျေးလက်ဒေသဖွံ့ ဖြိုးရေးအတွက် ကျပ်သိန်း ၁၀ဝ၀ ကျော်သုံးမည်

diz_admin

November 20, 2020

ယခုဘဏ္ဍာနှစ်တွင် လောင်းလုံးမြို့နယ် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေလုံး၊ ငွေရင်းအသုံး စာရိတ်မှ ကျပ်သိန်းပေါင်း တစ်ထောင်ကျော်(၁၃၉၀ သိန်း) အသုံးပြုမည်ဖြစ် ကြောင်း ယင်းဌာနထံမှ သိရသည်။ ယင်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ မြေသားလမ်း၊ ဂါလံငါးထောင်ဆံ့ ‌ရေကန်ငါးကန်နှင့် ဂါလံတစ်သောင်းဆံ့ ရေကန် နှစ်ကန် လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါဌာန ဦးစီးမှူး ဒေါ်နိုနိုကိုက ပြောသည်။ လောင်းလုံးစည်ပင် လုပ်ငန်းအတွက် ယမန်နှစ်ထက် ကျပ်သိန်း ၃၀ဝ ကျော် ပိုသုံးခွင့်ရ ယင်းလုပ်ငန်းများကို ဝက်သားကင်၊ ကျောက်နီမော်၊ ကရင်ကြီး၊ သဗျာ၊ အောက်ကျောက်ဝပ်၊ စခန်းကြီးတို့တွင် ဆောင်ရွက်မည်ဖြစ်သည်။ လောင်းလုံးမြို့နယ်ရှိ ကြက်ယက်တွင်းကျေးရွာအား ယခုဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်ကျေးရွာအဖြစ် သတ်မှတ်နိုင်ရေးအတွက်လည်း တင်ပြထားကြောင်း ၎င်းကပြောသည်။ လောင်းလုံးအင်းဖျားကန်ပန်းခြံ ၇၅ ရာခိုင်နှုန်း ပြီးစီး မြစိမ်းရောင်ကျေးရွာအဖြစ်သတ်မှတ်ခံရပါ ငွေကျပ်သိန်းငါးရာကို ကျေးရွာဖွံ့ဖြိုးရေးရံပုံငွေအဖြင့်ရရှိမည်ဖြစ်ပြီး […]

ကျေးလက်လမ်းအတွက် ငွေကျပ် သန်း ၅၀ ကျော် သုံးမည်

diz_admin

November 20, 2020

တိုင်းအတွင်းရှိ ကျေးလက်လမ်းများ ဖောက်လုပ်အဆင့်မြှင့်တင်ရန်အတွက် ငွေကျပ်သန်း ၅၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ထံမှ သိရသည်။ အဆိုပါ ဘတ်ဂျက်များအနက်မှ ပေငါးဆယ်နှင့်အထက် တံတားများ ဆောက်ရန်အတွက် တံတားဦးစီးဌာနသို့ ငွေကျပ် ခြောက်သန်းကျော်ကို လုပ်ငန်းအပ်နှံခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။ အထက်ပါ ငွေကြေးအနက်မှ ပစ္စည်း တင်ဒါခေါ်ပြီး ဌာနကိုယ်တိုင်ကြီးကြပ်မည့် လုပ်ငန်းများအတွက် ကျပ် ၂၂ သန်းခန့် အသုံးပြုမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ လုပ်ငန်းတစ်ခုလုံးတင်ဒါခေါ်မည့် လုပ်ငန်းများအတွက်ကိုမူ ကျပ် ၂၂ သန်းကျော် သုံးစွဲမည်ဖြစ်သည်။ အထက်ပါငွေကြေးများကို တိုင်းအတွင်း အဆင့်လိုက်သတ်မှတ်ထားသည့် လမ်းများ အဆင့်မြှင့်တင်ဖောက် လုပ်ရာတွင် သုံးစွဲမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးဇော်မိုးဦးက ဆိုသည်။ ကျေးလက်ဒေသရှိ လမ်းများကို အတန်းအစား […]

ကိုဗစ်ကာလ သင်္ကန်းပရိက္ခရာ ရောင်းအား သုံးပုံနှစ်ပုံခန့်ကျ

diz_admin

November 19, 2020

ပုံမှန်အားဖြင့် ဝါတွင်း၊ ဝါပ ကာလနှင့် ကထိန်ရာသီတွင် သင်္ကန်း ပရိက္ခရာများ ရောင်းရနေပြီဖြစ်သော်လည်း ယခု ၂၀၂၀ ခုနှစ်တွင် ကိုဗစ် ကပ်ဘေးကြောင့် သင်္ကန်းပရိက္ခရာရောင်းအား သုံးပုံနှစ်ပုံခန့် ရောင်းအားကျ ဆင်းသွားသည်ဟု ထားဝယ်ဈေးကွက် အတွင်းမှ သိရသည်။ ကိုဗစ်ကာလတွင် ပွဲလမ်းသဘင် များကျင်းပခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို တားမြစ်ထားသဖြင့် အရောင်း အဝယ်ရပ်သွားသည်ဟု ထားဝယ်စည်ပင်သာယာဈေးကြီးတောင်ဘက်ခြမ်းရှိ ရွှေဟင်္သာသင်္ကန်းပရိက္ခရာအရောင်း ဆိုင်ပိုင်ရှင် ကိုပြည့်ဖြိုးဟိန်းက ပြောသည်။ “နာရေးကိစ္စတစ်ခုကလွဲပြီး ကျွန်တော်တို့မှာ ဈေးကွက်မရှိဘူး။ ကျန် ကိစ္စဆို သိပ်မလာဘူး” ဟု ကိုပြည့်ဖြိုးဟိန်း က ဆိုသည်။ မဖြစ်မနေပြုလုပ်ရသည့် အလှူပွဲများကိုလည်း အကျဉ်းချုံးပြီးလုပ်ကြသဖြင့် ရောင်းအား သိသိသာသာကျဆင်းသွားပြီး အရှုံးပေါ်နေသည်ဟု ၎င်းက ပြောသည်။ ဝါဆိုကာလတွင် ရောင်းရန်ဝယ်ထားသည့် သင်္ကန်းများ ရောင်းမထွက်သဖြင့် ကထိန်ရာသီမှသာ […]