BREAKING
March 4, 2025

ထားဝယ်

VMS နှင့် ကင်းမွန်ငါးဖမ်းလှေများ၏ ဒုက္ခ

diz_admin

December 1, 2020

ကမ်းဝေးငါးဖမ်းလှေများတွင် တပ်ဆင်ထားသည့် ခြေရာခံစံနစ် (VMS) ကိစ္စနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မူ ကြန့်ကြာသဖြင့် လုပ်ငန်းများ ထိခိုက်နစ်နာနေကြောင်း ဒေသခံကမ်းဝေး လုပ်ငန်းရှင်များက ပြောသည်။ ခြေရာခံစံနစ် (VMS)ကို တနင်္သာရီ တိုင်းအတွင်းရှိ ၁၅၀ဝ ကျော် ရှိသည့် ကမ်းဝေးငါးဖမ်းလှေ လှေအားလုံးတွင် တပ်ဆင်ထားပြီး ပင်လယ်ပြင်တွင် ငါး ဖမ်းလျက်ရှိရာ ယင်းစက်အချက်ပြစနစ် ပြတ်တောက်ခြင်းများ လတ်တလော ကြုံနေရကြောင်း ၎င်းတို့က ဆိုသည်။ တဝ ခေါ် ဒေသခံကမ်းဝေး ကင်းမွန် ငါးဖမ်းလှေများသည် ကမ်းမှ ရေမိုင် ၁၀ မိုင်အပြင်ဘက်တွင် ကင်းမွန်ငါးဖမ်း နေရပြီး လှိုင်းလေပြင်းထန်သည့်အတွက် ကမ်းနီးမျဉ်းအတွင်း မကြာခဏဝင် ရောက်မှုဖြစ်ခြင်း၊ ကိုင်တွယ်ရာတွင် လှေသားများနည်းပညာအားနည်းခြင်း ကြောင့် ခြေရာခံစက်များ မကြာခဏ Silence ဖြစ်ကာ အရေးယူခံနေရခြင်းတို့ ရှိလာကြောင်း […]

ဒေါက်တာလဲ့လဲ့မော်အမှု အယူခံ တင်ထားဆဲ

diz_admin

December 1, 2020

ယခုအစိုးရလက်ထက်အတွင်း ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်အမှုမှာ အမြင့်ဆုံးတရားရေးအဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတင်ထားကြောင်း သိရသည်။ သူ့ကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က အမှုလေးခုအတွက် တရားစွဲဆိုခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့က စုစုပေါင်းထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့သည်။ ဒေါက်တာလဲ့လဲ့မော်အမှု အယူခံ ဝင်မည် ဟုဆို ပထမအမှုမှာ တိုင်းလမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁ ဒသမ ၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေးပေးခဲ့ပြီး ယင်းဌာန ညွှန်ကြားရေး မှူးအား ဒေါက်တာလဲ့လဲ့မော်၏ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟိုအမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင်လမ်းထောင့်ရှိ မြေကွက်ကို အုတ်ခြံစည်းရိုးကာရံပေးရန် စေခိုင်းခဲ့ သည့်အမှုဖြစ်သည်။ ဒုတိယအမှုမှာ ထားဝယ်လေယာဉ် ကွင်းရှိ ချုံနွယ်များကို […]

ဆိုင်ထိုင်ရောင်းသည့် လက်ဖက်ရည်ဆိုင်လေးဆိုင်ကို အရေးယူ

diz_admin

December 1, 2020

ကိုဗစ်ကာလအတွင်း ဆိုင်ထိုင် ရောင်းချနေသည်ဟုဆိုကာ ထားဝယ်မြို့ရှိ လက်ဖက်ရည်ဆိုင်လေးဆိုင်အား မြို့နယ်စည်ပင်သာယာရေးကော်မတီ က အရေးယူလိုက်ကြောင်း နိုဝင်ဘာလ ၂၆ ရက်က ထုတ်ပြန်လိုက်သည်။ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ကွင်းဆင်းစစ်ဆေးချက်အရ ဆိုင်ထိုင်ရောင်းနေသည်ကိုတွေ့ရှိခဲ့သဖြင့် ဆိုင်ရောင်းချခွင့် သုံးရက်စီ ပိတ်ပင် အရေးယူလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ တိုင်းလွှတ်တော်တွင် အမျိုးသမီးရေးရာကော်မတီ ဖွဲ့စည်းပေးရန်တောင်းဆို “ဝန်ထမ်းတွေနဲ့ သွားပြီးစစ်ဆေးတဲ့အခါမှာ ဆိုင်ထိုင်စားသောက်နေတာ ‌စစ်ဆေးတွေ့ရှိရပါတယ်။ ဒါကြောင့် မနေ့က နိုဝင်ဘာလ ၂၅ ရက်မှာ သူတို့ကို ရုံးခေါ်ပြီး ရှင်းပြပါတယ်။ သူတို့ (အရေးယူခံရတဲ့ဆိုင်တွေ) ကလည်း လက်ခံပါတယ်” ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီအတွင်း ရေးမှူး ဦးသက်ထွန်းစံက ဆိုသည်။ ယင်းသို့အရေးယူခံရသူများအနက် အချို့မှာ ဆိုင်ထိုင်ရောင်းနေခြင်းမျိုးမဟုတ်ဘဲ ပါဆယ်ဖြင့်လာဝယ်သူများ ဆိုင်အတွင်းထိုင်စောင့်နေသည်ကို စည်ပင်ဝန်ထမ်းတို့မှ မှတ်တမ်း ဓာတ်ပုံရိုက်ပြီး အရေးယူခံလိုက်ရခြင်းဖြစ်ကြောင်း […]

တိုင်းလွှတ်တော်တွင် အမျိုးသမီးရေးရာကော်မတီ ဖွဲ့စည်းပေးရန်တောင်းဆို

diz_admin

December 1, 2020

အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ ပပျောက်စေရန်အတွက် လာမည့် တိုင်းလွှတ်တော်တွင် အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော် ဆောင်ရေးကော်မတီတစ်ရပ် အမြန်ဆုံး ဖွဲ့စည်းပေးရန် အပါအဝင်အချက် ၇ ချက်ကို ထားဝယ်အမျိုးသမီးသမဂ္ဂက တောင်းဆိုလိုက်သည်။နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေးနေ့တွင် ထားဝယ်အမျိုးသမီးသမဂ္ဂက ထုတ် ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ် အများစုမှာ လင်ယောကျာ်းမှ ရိုက်နှက်ခြင်း၊ ဝင်ငွေမထောက်ပံ့ခြင်းနှင့် လင်ယောကျာ်းဖောက်ပြန်ခြင်းကြောင့် ခံစားနေရသည်ကို လေ့လာတွေ့ရှိရပြီး လင်မယားချင်း၊ သမီးရည်းစားချင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလည်း ပါဝင်သည်ဟုအမျိုးသမီးများအနေဖြင့် အိမ်တွင်း အကြမ်းဖက်မှုများကို တိုင်ကြားရကောင်းမှန်း မသိခြင်း၊ သိသော်ငြားလည်း ဥပဒေအရ ကာကွယ်ပေးထားသည့် အခွင့် အရေးများကို လက်တွေ့အသုံးချရန် အချိန်၊ ငွေကြေး၊ အသိသက်သေ၊ လုံခြုံရေး စသည့် အခက်အခဲများရှိခြင်းကြောင့်လည်း […]

ရွေးကောက်ပွဲအပြီး ၁၈ ရက်အတွင်း ကိုဗစ်လူနာသစ် ၁၆၀ ကျော်

diz_admin

December 1, 2020

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှ ၂၆ ရက်နေ့အထိ ဆယ့်ရှစ်ရက်တာ ကာလတွင် ကိုဗစ်လူနာသစ် တစ်ရာ ခြောက်ဆယ်ကျော်ထပ်တိုးလာကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါပမာဏမှာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ကိုးဦးနှုန်းဖြစ်ပြီး ကိုဗစ် -၁၉ ကပ်ရောဂါ မြန်မာပြည်တွင် စတင်ဖြစ်ပွားသည့် မတ်လမှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ခုနစ်လတာ(ရက်ပေါင်း ၂၁၀ ကျော်)အတွင်း ကူးစက်မှု၏ ထက်ဝက်ကျော်ပမာဏလည်း ဖြစ်သည်။ တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက်မှာ ခုနစ်လ အတွင်း ၂၇၅ ဦးသာရှိပြီး နိုဝင်ဘာ ၈ ရက်မှ ၂၆ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၆၁ ဦးထပ်တိုးလာသည့်အပြင် သေဆုံးသူ နှစ်ဦးထိရှိလာပြီဖြစ် သည်။ ယင်းသို့ […]

လောင်းလုံးဘုရားလှည့်ပွဲ မကျင်းပဖြစ်

diz_admin

November 30, 2020

လောင်းလုံးမြို့တွင် နှစ်စဉ်ကျင်းပနေကြဖြစ်သည့် ဘုရားကိုးဆူ ဒေသစာရီ လှည့်လှည်ပူဇော်ပွဲကို မကျင်းပဖြစ်တော့ကြောင်း ဘုရားပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။ ဘုရားကိုးဆူလှည့်လည်ပွဲ ကျင်းပရန်အတွက် မြို့နယ်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ကြောင်း အထက်ပါကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။ ထိုကဲ့သို့ ခွင့်မပြုရခြင်းမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လူဦးရေ ၃၀ ဦးထက်ပို၍ မစုဝေးရဆိုသည့် အမိန့်ကြောင့်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။ လောင်းလုံးဒေသခံတစ်ဦးဖြစ်သူ ဦးဝင်းနိုင်ကမူ အစဉ်အလာမပျက်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်း ကြီးဌာန ညွန်ကြားချက်များကိုလိုက်နာပြီး ရပ်ကွက်အလိုက် ဘုရားပူဇော်ခွင့်ရလိုကြောင်းပြောသည်။ ထားဝယ်ခရိုင်ရှိ ကျေးရွာအချို့တွင်လည်း အကျဉ်ရုံးပြီး ဘုရားလှည့်ပွဲများကို ကျင်းပသည်များလည်း ရှိသည်။ လောင်းလုံးမြို့နယ် ဘုရားကိုးဆူ လှည့်လည်ပွဲသည် နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့တွင် […]

တနင်္သာရီတိုင်း မိုးရေချိန် စံချိန်တင်လျော့နည်း- မိုးခေါင် ရေရှားဘေး ဆီသို့

diz_admin

November 27, 2020

မိုးများသည့် တနင်္သာရီတိုင်းသည် ယခုနှစ်တွင် မိုးရေချိန်နှင့် မိုးရွာရက်မှာ စံချိန်တင်လျော့နည်းနေသည်ကို တိုင်းမိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန မှတ်တမ်းအရ သိရသည်။ အထက်ပါဌာန၏ စာရင်းအရ တနင်္သာရီတိုင်း၏ ပျန်းမျှမိုးရေချိန်မှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လက်မ ၁၈၀ မှ ၂၂၄ ဝန်းကျင်အတွင်းရှိပြီး ယင်းကာလများအတွင်း တစ်နှစ်လျှင် မိုးရွာရက်မှာ ၁၅၀ နှင့် ၁၆၀ ရက်အကြားတွင်ရှိနေသည်။ ၂၀၂၀ ပြည့်နှစ်စမှ မိုးရာသီကုန်ဆုံး ပြီးချိန်သည့် နိုဝင်ဘာလ ၁၂ ရက်အထိ ပျန်းမျှမိုးရေချိန်မှာ ၁၄၅ လက်မသာရှိခဲ့ သည်။ မိုးရွာရက်မှာ ၁၃၅ ရက်သာရှိခဲ့ သည်။ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း မိုးရွာနိုင်ချေရှိသေးသော်လည်း ယခင်နှစ်များတွင် ရှိခဲ့သည့် ပုံမှန်မိုးရေချိန်ကို မမီနိုင်တော့ကြောင့် မိုးလေဝသနှင့် ဇလဗေဒ […]

ရောင်စုံဘလောက်တုံးရောင်းအား ထက်ဝက်ခန့်ကျ

diz_admin

November 26, 2020

ရောင်စုံအုတ်ဘလောက်တုံးများ ထက်ဝက်ခန့်ရောင်းအားကျဆင်းလာကြောင်း ရောင်စုံအုတ်နှင့် ကွန်ကရစ် ပစ္စည်းထုတ်လုပ်လုပ်ရောင်းချသူများထံ က သိရသည်။ ရောင်းအားကျဆင်းလာသည်မှာ လေးလခန့်ရှိပြီဖြစ်ကြောင်း ထားဝယ်၊ ဆန်းချီရပ်မှ ရောင်စုံအုတ်နှင့် ကွန်ကရစ် ကျောက်ပြားလုပ်ငန်းရှင် ကိုစိုးထိုက်က ပြောသည်။ “ကိုဗစ်ကာလမှာတော့ ဒီအတိုင်းပဲ ပုံမှန်လေးပဲ သွားနေတယ်။ အရင်တုန်းကထက်တော့ နည်းနည်းလျော့ကျသွား တာပေါ့နော်” ဟု ကိုစိုးထိုက်က ဆိုသည်။ ရောင်စုံကွန်ကရစ်ဘလောက်တုံးများကို ၂၀၁၈ ခုနှစ်ခန့်တွင် တစ်ရက် ၂၀ဝ ခန့်သာထုတ်လုပ်ခဲ့ရသော်လည်း ၂၀၁၉ ခုနှစ်တွင် တစ်ရက် ၁၀ဝ၀ ခန့် ထုတ်လုပ်ရသည်အထိ ဈေးကွက်ကောင်းခဲ့သည်ဟု ကိုစိုးထိုက်က‌ ပြောသည်။ ကိုဗစ်ကာလဒုတိယလှိုင်းတွင် ရောင်းအား ထက်ဝက်ခန့်ကျဆင်းသွားသဖြင့် တစ်ကျင်းလျှင် ၁၅၀ဝ ကျပ်မှ ၂၀ဝ၀ ကျပ်ခန့်လျော့ပေးကာ ရောင်းနေရ သည့်အခါများလည်းရှိသည်ဟု ကွန်ကရစ် လုပ်ငန်းလုပ်ကိုင်သူ ဦးဘမြင့်က ပြောသည်။ […]