ထားဝယ်ဗုံးထောင်သူကို တရားစွဲတင်ရေး သမ္မတရုံးထံ ခွင့်ပြုချက် တောင်းခံထား
diz_admin
December 8, 2020ရွေးကောက်ပွဲအကြိုကာလတွင် ဗုံးထောင်ခဲ့သူကို တရားစွဲတင်ရန် နိုင်ငံ တော်သမ္မတရုံးထံ ခွင့်ပြုချက်တောင်းခံထားသည်။ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် လက်လုပ်ဗုံးအချို့ကို ထားဝယ်မြို့နေရာအချို့တွင် ထောင်ထားခဲ့ခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ် သဘော့ဆိပ် ရွာနေ အသက် ၂၈ နှစ်အရွယ် အမျိုးသား က ကိုယ်တိုင်လုပ်ဗုံး အနည်းဆုံး သုံးလုံးကို ထောင်ခဲ့ခြင်းဖြစ်သည်။ အဆင့်မြင့်ဖောက်ခွဲရေးသုံးပစ္စည်း ဖြစ်သည့် ဒီတိုနေတာ၊ ဖုန်းဟန်းဆက် များဖြင့် ချိတ်ဆက်အသက်သွင်းထားသည့် လက်လုပ်မိုင်း နှစ်လုံးထက်မနည်းအား ရဲတပ်ဖွဲ့နှင့် တပ်မတော်က အချိန်မီ ရှင်းလင်းနိုင်ခဲ့သည်။ သို့သော် မြောင်းပုလဲတံတားအနီးတွင် ထောင်ထားသည့် ဗုံးတစ်လုံးမှာမူ ပေါက်ကွဲခဲ့ပြီး လူသူထိခိုက်ခဲ့ခြင်းမရှိခဲ့ပေ။ ဆိုင်ကယ်ပြင်သူမှသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အထိ ထိုနောက် ဗုံးထောင်ခဲ့သည့်လက်သည် တရားခံဟုဆိုသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို နိုဝင်ဘာလ ၆ ရက်နေ့က ၎င်းနေထိုင်ရာ […]