တောင်သူများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်း ၅၀ဝ ကျော်ပြန်အပ်
diz_admin
December 14, 2020တောင်သူလယ်သမားများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်း ၅၀ဝ ကျော်ပြန်အပ်ခဲ့ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် တနင်္သာရီတိုင်းဒေသကြီးဘဏ်ခွဲထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးကြောင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက် ခံရခြင်းကို ကုစားရန်နှင့် လယ်ယာကုန် ထုတ်လုပ်မှု တိုးတက်ရန် ကိုဗစ်အထူး ချေးငွေ (Special Covid-19 Relief Loan) ကို တစ်ဧကလျှင် ကျပ်ငါးသောင်း နှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဇွန်လဆန်းခန့်က ထုတ်ချေးခဲ့သည်။ တနင်္သာရီတိုင်းတွင် ကိုဗစ်အထူး ချေးငွေအတွက် ကျပ်သန်း ၅၄၀ဝ ကျော် (၅၄၃၁ ဒသမ ၉၅) လျာထားသော်လည်း စိုက်ပျိုးဧက တစ်သိန်းနီးပါး(၉၆၆၅၅) ဧကအတွက် ငွေကျပ် ၄၈၃၂ ဒသမ ၇၅ သန်းကိုသာ ထုတ်ချေးနိုင်ခဲ့သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးဘဏ်ခွဲ တိုင်းမန်နေဂျာ ဒေါ်မိုးမိုးလွင်က ပြောသည်။ […]