ပျောက်ဆုံးနေသည့် ဘိုး၊ ဘွားများထောက်ပံ့ကြေး
diz_admin
November 7, 2020ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာရှိ သက်ကြီးဘိုး၊ ဘွားအချို့မှာ ယခင်က ရခဲ့သော လူမှုရေးထောက်ပံ့ငွေကို မရရှိတော့သည်မှာ နှစ်ချီကြာနေပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၈၅ နှစ်နှင့်အထက် ဘိုး၊ ဘွားများကို လူမှုရေးပင်စင်အဖြစ် တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့နေသည့် ထောက်ပံ့ကြေးများ မရှိတော့ခြင်း ဖြစ်သည်။ ယင်းကျေးရွာရှိ အသက် ၁၀၁ နှစ်အရွယ် အဘိုးတစ်ဦးနှင့် အသက် ၈၇ နှစ်အရွယ် ဘိုး၊ ဘွားနှစ်ဦး၏ မိသားစုဝင်များထံ ဆက်သွယ်မေးမြန်းရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ထောက်ပံ့ကြေးလာမပေးတော့ကြောင်း ဖြေဆိုကြသည်။ ကညုံရပ်ကွက် မဲလက်မှတ်မှားယွင်းမှု ဆုံးဖြတ်မည့် အဖြေမရှိသေး “အခုမရတော့တာကြာလှပြီ။ အခုဆိုရင် နှစ်နဲ့တောင်ချီနေပြီ။ မနှစ် တန်းဆောင်မုန်းလကတည်းက မရတော့တာ” ဟု အသက် ၈၇ နှစ်အရွယ်အဖွား၏ သမီးဖြစ်သူ […]