ထိုင်းခိုးလမ်းကြောင့် ရော်ဘာဈေးကွက် မငြိမ်
diz_admin
December 28, 2020ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းမှ တင်ပို့ ရောင်းချနေသဖြင့် ရော်ဘာဈေးကွက် မတည်မငြိမ်မှုများနှင့် ဈေးနှုန်း အတက်အကျ အပြောင်းအလဲမြန်ဆန်မှုနှင့် ကြုံနေရသည်ဟု ထားဝယ်ခရိုင် ရော်ဘာပွဲရုံ လုပ်ငန်းရှင်အချို့က ပြောသည်။ ကိုယ့်နည်း ကိုယ့်ဟန်(တရားမဝင်)ဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရသည့် အခါများတွင် ရော်ဘာဈေး တက်လာပြီး ထိုင်းနယ်စပ်တွင် ရောင်းချ၍မရသည့် အချိန်များတွင် ရော်ဘာဈေးမှာ အပြောင်းအလဲဖြစ်ကာ ရုတ်တရက်ပြန်ကျသွားသည်ဟု ပွဲရုံလုပ်ငန်းများက ဆိုသည်။ ထိုင်းဈေးကွက်တွင် အရည်အသွေးမီ ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၁၂၀ဝ မှ ၁၃၀ဝ အထိ ပေါက်ဈေးရှိသဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမှုများကြောင့် ပြည်တွင်းရော်ဘာဈေးမှာ အတက်အကျမြန်ဆန်ပြီး ဈေးကွက်မတည်ငြိမ်မှုများနှင့် ကြုံနေရသည်ဟု ပွဲရုံလုပ်ငန်းရှင် အချို့က ပြောသည်။ ယခုနှစ်တွင် ရော်ဘာဈေးကွက် မတည်ငြိမ်မှုကြောင့် အရောင်းအဝယ် ပြုလုပ်ရသည်မှာ အဆင်မပြေဟု ဆုဇော်ဝါ […]