ကိုဗစ်ပိုးကူးစက်မှုမြင့်၍ ထိုင်းနယ်စပ်ဂိတ်နှစ်ခု ယာယီပိတ်
diz_admin
December 30, 2020ထိုင်းနိုင်ငံ စမွန်စခွန်ခရိုင်ရှိ မဟာချိုင်ငါးဈေးတွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံနှင့် ကူးသန်းရောင်းဝယ်နေသည့် နယ်စပ် ဂိတ်နှစ်ခုကို ယာယီပိတ်လိုက်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။ ထားဝယ်ခရိုင်ရှိ ထီးခီးနယ်စပ် ဂိတ်နှင့် မြိတ်ခရိုင်ရှိ မောတောင်နယ် စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်မှ ပိတ်လိုက်ကြောင်း တိုင်းဒေသကြီး ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထီးခီးနယ်စပ်ဂိတ်အား ဒီဇင်ဘာလ ၂၂ ရက် နေ့မှစတင်ကာ ၁၄ ရက်ကြာ ယာယီပိတ်ထားလိုက်ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။ မောတောင်ဂိတ်ကိုမူ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စပိတ်လိုက်ပြီး မည်သည့်နေ့ရက်အထိ ပိတ်ထားမည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ “မဟာချိုင်ငါးဈေးမှာ (ကိုဗစ်) ရောဂါကူး စက်မှု များနေတယ်။ များနေတဲ့အခါကျတော့ အဲဒါကို ထိန်းတဲ့အနေနဲ့ သူတို့ဆီက ပိတ်တာပါ” […]