BREAKING
March 5, 2025

ထားဝယ်

ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ အကူအညီ၊ အကာအကွယ်ပေးရန် မြန်မာအစိုးရကို အရပ်ဘက်အဖွဲ့အစည်းများတိုက်တွန်း

diz_admin

January 6, 2021

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသောမြန်မာရွှေ့ပြောင်းအလုပ်သမားများအား လိုအပ်သည့် အကူအညီနှင့် အကာအကွယ်ပေးမှုများ အလျင်အမြန်ဆောင် ရွက်ပေးရန် မြန်မာနိုင်ငံအစိုးရကို အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်း လိုက်သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ကိုဗစ်ကပ်ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေအပေါ် အရပ်ဘက်အဖွဲ့ အစည်းများက ထုတ်ပြန်တိုက်တွန်း ချက်တစ်ရပ်ကို ဒီဇင်ဘာလ ၂၉ ရက် က ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် မြန်မာ အစိုးရ၊ ထိုင်းအစိုးရ၊ မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ထိုင်းနိုင်ငံသားများကို တိုက်တွန်းချက်များပါဝင်သည်။ “အဓိကကတော့ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေ နေ့စဉ်နဲ့အမျှ ကိုဗစ်တွေ့နေတာရှိတယ်။ ထိုင်းလူမျိုးလုပ်ငန်းရှင်တွေက နည်းနည်း ခွဲခြားဖိနှိပ်မှုရှိသလို တခြားအစိုးရဌာန တွေနဲ့ ထိုင်းလူမျိုးတွေကလည်း မကောင်း မြင်ဘက်ကနေ ပြောဆိုမှုတွေရှိတယ်။ ဒါကြောင့်မို့ လက်ရှိဖြစ်နေတဲ့ ရွှေ့ပြောင်းလုပ်သမားတွေရဲ့ အခက်အခဲ ပြဿနာတွေကို နှစ်ဘက်နိုင်ငံအနေနဲ့ စနစ်တကျကူညီဖြေရှင်းနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်တာဖြစ်ပါတယ်” […]

လုပ်သားအခက်အခဲကြောင့် ဆားထုတ်ချိန် နောက်ကျ

diz_admin

January 6, 2021

တိုင်းကျော်၊ ပြည်ကျော် ခရီးသွားလာမှု ကန့်သတ်ထားသဖြင့် လုပ်သား ခေါ်ယူရန် အခက်အခဲရှိခြင်းကြောင့် ဆားထုတ်လုပ်ချိန် တစ်လခန့် နောက်ကျမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေပြည်သာ ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောကြားသည်။ ယခင်က ဒီဇင်ဘာနောက်ဆုံး အပတ်တွင် ဆားထွက်နေပြီဖြစ်သော်လည်း ယခုနှစ်တွင် လုပ်သားအခက်အခဲကြောင့် ဇန်နဝါရီလခန့်မှသာ ဆား ထွက်နိုင်တော့မည်ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောသည်။ “ဘယ်လိုဖြစ်လို့လဲဆိုတော့ ဒီကိုဗစ်နဲ့ အလုပ်သမားတွေက ရာသီချိန်မှာ လာလို့ မရဘူးလေ။ လာလို့ မရတော့ အစိုးရကို လျှောက်လွှာတွေ ဘာတွေတင်၊ အစိုးရက ခေါ်ခွင့်ပြုမှ လာလို့ရတယ်။ ဒီရောက်တော့လည်း တစ်ခါတည်း ဝင်လို့ မရဘူး။ ကွာရန်တင်းဝင် ၂၁ ရက်ဆိုတော့ ကွင်းလုပ်ချိန်နောက်ကျကုန်တာပေါ့” ဟု ဦးသန်းဝင်းက ဆိုသည်။ ဆားလုပ်ငန်းတွင် လုပ်ကိုင်နေသူများမှာ ဧရာဝတီတိုင်းမှ ဆားလုပ်ငန်းကျွမ်းကျင်သူများဖြစ်ပြီး […]

၂၀၂၁ တနင်္သာရီ ဟောကိန်း

diz_admin

January 5, 2021

အားမလိုအားရမှုတွေနဲ့ မျှော်လင့်ချက်မဲ့စွာ ဖြတ်သန်းခဲ့ရသည့် ၂၀၂၀ ခုနှစ် နေ့စွဲများ ကုန်ဆုံးသွားပါပြီ။ နှစ်ဟောင်းခြွေလို့ နှစ်သစ်တစ်ခု ကို ရောက်လာသည့်နည်းတူ မျှော်လင့်ချက်ရောင်ခြည်လည်း သမ်းလာသည်။ ကိုဗစ်ကူးစက်မှု လျော့နည်းလာပြီး မူလ အလုပ်များ ပြန်လုပ်ခွင့်ရမလား၊ ခရီးများ လွတ်လွတ်လပ်လပ် ပြန်သွားခွင့်များ ရလေမလားဟူသော မျှော်လင့်ချက် ဖြစ်သည်။ ကပ်ရောဂါဘေးနှင့်အတူ ယှဉ်တွဲ နေထိုင်နိုင်ပြီး ရုန်းကုန်လှုပ်ရှားရမည့် ၂၀၂၁ ခုနှစ်မှာ ရင်ခုန်ဖွယ်ရာ အတိပင်။ ယခုနှစ်တွင် တနင်္သာရီဘိုးဘိုးကြီးသည် အခြား ဘိုးဘိုးကြီးများနှင့် ယှဉ်ပြိုင် ရရှိထားသော ထိုင်ခုံပျံစီးလျက် ဘယ်လက်က ဆေးထိုးအပ်ကိုင်ပြီး ညာလက်တွင် ရေမလိုလက်ဆေးရည်ဘူးကိုင်ကာ နှာခေါင်းစည်းတပ်လျက် ဆင်းအံ့။ နိုင်ငံရေးအမတ်မင်းများ၏ နှုတ်ချိုမှုကို ပြည်သူအပေါင်း ခံရအံ့။ အစွမ်းပြချင် သည့် အမတ်မင်းတို့ လက်သွေးနေ လတ္တံ့။ နေရာထိုင်ခုံ […]

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေးကော်မတီ အမြန်ဆုံးဖွဲ့စည်းရန်တောင်းဆို

diz_admin

January 5, 2021

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး ကော်မတီ တစ်ရပ်ကို အစိုးရမှ အမြန်ဆုံးဖွဲ့စည်းပေးရေး အပါအဝင် အချက်နှစ်ဆယ်ခန့်ကို ဖော်ဆောင်ပေးရန် ထားဝယ်အမျိုးသမီးသမဂ္ဂက တောင်းဆိုလိုက်သည်။ တနင်္သာရီတိုင်းအတွင်းရှိ အမျိုးသမီးများ နည်းမျိုးစုံသော အကြမ်းဖက်ခံ ရမှုအခြေအနေနှင့် အမျိုးသမီးအခွင့်အရေး လက်လှမ်းမီနိုင်မှုအခြေအနေများအား သုံးသပ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ယင်းသတင်းစာရှင်းလင်းပွဲကို ထားဝယ်မြို့တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။ အဆိုပါ ကော်မတီကို ကျွမ်းကျင်မှုနှင့် စိတ်ဝင်စားမှုရှိသည့် ပုဂ္ဂိုလ်များဖြင့် အမြန်ဆုံးဖွဲ့စည်းပေးရန် အစိုးရထံ တောင်းဆိုခဲ့သည်။ ယင်းကော်မတီဖွဲ့စည်းပေးရန် ၂၀၁၈ ခုနှစ်ဝန်းကျင်ကတည်းက တောင်းဆိုလာခဲ့သော်လည်း လက်ရှိအချိန်ထိ မဖွဲ့ဖြစ်သေးကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂမှ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဖြစ်သူ နန့်မာလာက ဆိုသည်။ “မဖွဲ့ဖြစ်တာကလည်း လူကြောင့်လည်း ပြောတယ်။ ငွေကြောင့်လည်း ပြောတယ်။ လာမယ့်နှစ်ထဲမှာတော့ ဖွဲ့ဖို့တော့ အများကြီးမျှော်လင့်တယ်ပေါ့နော်” […]

ကိုဗစ်ထောက်ပံ့ကြေး “ပေးရင် အကုန်ပေး၊ မပေးရင် တစ်ရွာလုံး မပေးနဲ့”

diz_admin

January 4, 2021

အခြေခံလူတန်းစာထောက်ပံ့ငွေကို “ပေးရင်အကုန်လုံးပေးပြီး မပေးရင်လည်း တစ်ရွာလုံးမပေးနဲ့” ဟု အစိုးရကို ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သည့် ကျေးရွာမှာ ရေဖြုမြို့နယ်၊ ရာဖူးကျေးရွာ ဖြစ်သည်။ ပြီးခဲ့သည့်အပတ်ကကျင်းပခဲ့သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ကိုဗစ်ထောက်ပံ့ကြေးလုံးဝမယူသည့် ကျေးရွာများလည်းရှိကြောင်း ရာဖူးကျေးရွာကို ဥပမာပေးပြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောဆိုခဲ့သည်။ သူမှာ တနင်္သာရီ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးလည်းဖြစ်သည်။ ရာဖူးကျေးရွာအုပ်စုတွင် စုစုပေါင်း အိမ်ထောင်စု တစ်ထောင်ကျော်ခန့်ရှိသည်။ ပထမအကြိမ် ကိုဗစ်ထောက်ပံ့ကြေးအဖြစ် ဆန်၊ ဆီ၊ ကြက်သွန်များကို ဝေပေးစဉ်က အခြေခံလူတန်းစားအိမ်ထောင်စု ရှစ်ရာကျော်အား ထောက်ပံ့ပေးရန် စာရင်းတင်ပြခဲ့ကြောင်း ရာဖူး ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ သို့သော် အစိုးရက အိမ်ထောင်စု သုံးရာကျော် ၃၁၉ အတွက်သာထောက်ပံ့ ပေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး […]

တပ်မတော်ထုတ်ပြန်သည့် မဲမသမာမှုပြုနိုင်သည့်မဲစာရင်းတွင် တနင်္သာရီတိုင်း ပါဝင်လာ

diz_admin

January 4, 2021

တပ်မတော်က ထုတ်ပြန်နေသည့် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်းများတွင် တနင်္သာရီတိုင်းမှ မဲဆန္ဒ နယ်အချို့လည်း ပါဝင်လာသည်။ ဒီဇင်ဘာလ ၃၁ ရက်က ထုတ်ပြန်သည့် စတုတ္ထအကြိမ်ထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်းရှိ တပ်မတော်သားများမဲ ပေးခဲ့သည့် နေရာများဖြစ်သော ထားဝယ်၊ လောင်းလုံး၊ ပုလောမြို့နယ်တို့ပါဝင်လာ ခြင်းဖြစ်သည်။ တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ထုတ်ပြန်ချက်အရ မဲမသမာ မှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် အခြားမဲစာရင်းဟုနှစ်မျိုးပါရှိသည်။ ယင်းမဲစာရင်းများမှာ ထားဝယ်မြို့နယ်တွင် သုံးသောင်းနီးပါး (၂၇၅၃၆)၊ လောင်းလုံးမြို့နယ်တွင် နှစ်သောင်း ခြောက်ထောင်ကျော် (၂၆၆၁၀)၊ ပုလောမြို့ နယ်တွင်လည်း နှစ်သောင်းခြောက်ထောင် ကျော်(၂၆၀ဝ၁) စုစုပေါင်း ရှစ်သောင်း ကျော်(၈၀၁၄၇) ရှိနေသည်။ မဲမသမာမှုပြုနိုင်သည့် ထပ်နေ သောမဲစာရင်းဆိုသည်မှာ မှတ်ပုံတင်နံ ပါတ်တူ၊ အမည်တူ၊ အသက်တူ၊ မိဘတူ စသည်ဖြင့် အချက် […]

ထိုင်းပေါင်မုန့် တရားမဝင်သည့်အတွက် တားမြစ်မည် ဟုဆို

diz_admin

January 4, 2021

တနင်္သာရီတိုင်းအတွင်း နေရာအများစုတွင် ထိုင်းနိုင်ငံမှ ထုတ်သည့် တရားမဝင်ပေါင်မုန့်တစ်မျိုးကို တွင်ကျယ်စွာ ရောင်းဝယ်စားသုံးနေကြသည်။ ဦးစွာ အသိပညာပေးမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူ က သတိပေးပြောဆိုလိုက်သည်။ အဆိုပါပေါင်မုန့်တွင် ထိုင်းဘာသာ စကားများသာ ရေးသားထားပြီး ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲကိုလည်း ဖော်ပြ ထားခြင်းမရှိပေ။ လက်ရှိတွင် ပြည်သူ များအကြားတွင် အဆိုပါပေါင်မုန့်နှင့် ပတ်သက်၍ ပြောဆိုဝေဖန်မှုများလည်းရှိ နေသည်။ ယင်းပေါင်မုန့်ကို ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ဈေးကားဟု အရပ်ခေါ်ကြသော မီးဖိုချောင်သုံးပစ္စည်းတင်ယာဉ်ဖြင့် တင်ဆောင်လာပြီး ထားဝယ်မြို့တွင် လက်ကားဈေး တစ်လုံးလျှင် ၂၇၀ ကျပ်ဖြင့် အိမ်တိုင်ရာရောက်စနစ်ဖြင့် ပို့ပေးနေသည်။ စားသုံးသူများထံ တစ်လုံးလျှင် ၃၀ဝ ကျပ်ဖြင့် ပြန်လည်ရောင်းချပြီး ဝယ်ယူစားသုံးသူ များကြောင်း ထားဝယ်မြို့ပေါ်ရှိ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။ […]

ကိုဗစ်ကြားမှ နှစ်သစ်ကူးည

diz_admin

January 4, 2021

အခက်အခဲ၊ စိန်ခေါ်မှု၊ အောင်မြင်မှု၊ ကျဆုံးမှု စတဲ့ အတွေ့အကြုံပေါင်းများစွာဖြင့် ကိုဗစ်နှစ်ဟု ဆိုစမှတ်ပြုနိုင်သည့် ၂၀၂၀ ပြည့်နှစ်ကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်သို့ အကူးအပြောင်းဖြစ်သည့် ဒီဇင်ဘာလ ၃၁ ရက်ညတွင် နှစ်သစ်ကို ကြိုဆိုသည့် အနေဖြင့် စားသောက်ပျော်ပါးသည့် အလေ့အထ မြန်မာနိုင်ငံတွင် အမြစ်တွယ်လာသည်မှာ ဆယ်စုနှစ်တစ်ခုခန့်သာ ရှိသေးသည်။ ထားဝယ်မြို့တွင်လည်း သူငယ်ချင်းမိတ်ဆွေများ အုပ်စုအလိုက် ဝိုင်းဖွဲ့ စားသောက်ရင်း နှစ်သစ်ကို ကြိုဆိုခဲ့ ကြသည်။ နှစ်သစ်ကို ကြိုဆိုကြသည့်နည်းတူ တစ်ဖက်တွင်လည်း ကိုဗစ်ကပ်ဘေးကြောင့် ကန့်သတ်ချက် စည်းမျဉ်းစည်း ကမ်းများကို အစိုးရက ထုတ်ပြန်ထားသည်။ ထိုထုတ်ပြန်ချက်များအနက် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ကန့်သတ်ထားသည့် ညမထွက်ရအမိန့်မှာလည်း […]