BREAKING
March 6, 2025

ထားဝယ်

ယာယီရွက်ဖျင်တဲ ပစ္စည်းပြတ်

diz_admin

January 12, 2021

ထားဝယ်ဒေသတွင် ကိုဗစ်ကပ်ဘေး ကာလအတွင်း ယာယီရွက်ဖျင်တဲဝယ်ယူသူများလာသည့်အတွက် ပစ္စည်းပြတ်သည်အထိ အရောင်းသွက်လာကြောင်း ရွက်ဖျင်တဲရောင်းချနေသူအချို့ထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးမဖြစ်မီက မရောင်းရ သလောက်သာရှိနေခဲ့ရာမှ လက်ရှိတွင် ပစ္စည်းလက်ကျန်မရှိသလောက်ဖြစ်သည်အထိ အရောင်းသွက်လာကြောင်း စတိုင်သစ် အိမ်သုံးပရိဘောဂ အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။ “(ဆိုင်မှာ) တင်ရောင်းတာက မနှစ်ကတည်းက တင်ရောင်းတယ်။ ဒီနှစ်က ပိုပြီးတော့ အဝယ်များတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ကိုဗစ်ကပ်ဘေးကာလအတွင်း ကမ်းခြေလည်ပတ်ခွင့်ပိတ်ထားသဖြင့် ဒေသခံများက ထားဝယ်ဒေသရှိ တောတောင်များသို့ ညအိပ်ခရီးသွားလာသူ ပိုများလာခဲ့သည်။ ထို့အပြင် ထားဝယ်ဒေသရှိ အွန်လိုင်းဈေးရောင်းချသူများက ယင်းဆိုင်များတွင် တစ်ဆင့်ခံယူရောင်းချခြင်းလည်း ရှိသည်။ အထူးသဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ဝယ်ယူပိုများလာကြောင်း ထားဝယ်မြို့ အခြေစိုက် ခိုင်ခံ့ထူး အိမ်သုံးပရိဘောဂပစ္စည်း အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။ […]

ကိုဗစ်ကြောင့် ဆားဈေး တစ်ရာကျပ်ခန့် ကျ

diz_admin

January 12, 2021

ထားဝယ်ဒေသထွက် ဆားဈေးမှာ ကိုဗစ်ကပ်ဘေးအတွင်း တစ်ပိဿာလျှင် ကျပ်တစ်ရာခန့် ကျဆင်းသွားခဲ့ကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူတို့ထံမှ စုံစမ်း သိရှိရသည်။ ယမန်နှစ်က ဆားအထွက်များခဲ့သော်လည်း ကိုဗစ်ကပ်ဘေးအတွင်း ငါးဆားထိုး အသုံးပြုမှုနည်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း စသည့် အကြောင်းများကြောင့် ဆားဈေး တစ်ပိဿာလျှင် ၅၀ ကျပ်မှ ၁၀ဝ ကျပ်ခန့် အထိ ကျဆင်းသွားသည်။ ယခင်က နေလှန်း ဆားချော တစ်ပိဿာလျှင် ကျပ် ၂၆၀ မှ ၂၈၀ အထိ ရှိခဲ့သော်လည်း ယခုအခါ တစ်ပိသာလျှင် ၁၈၀ ကျပ်ခန့်သာ ရှိသည်ဟု ထားဝယ်မြို့ အခြေစိုက် ရွှေပြည်သာ ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောကြားသည်။ “ဈေးကျတာက ဆားထွက်တဲ့ ရာသီကလည်း နီးလာပြီလေ။ နောက်ပြီး ခါတိုင်းနှစ်နဲ့စာရင် ဆားအသုံးလည်း နည်းတယ်ပေါ့” […]

လည်ပတ်သူများနေသည့် ထင်းရှူးတောင်တွင် တားမြစ်ချက်များ ထုတ်ပြန်

diz_admin

January 11, 2021

ကိုဗစ်ကာလအတွင်း သွားရောက် လည်ပတ်သူများနေသည့် ထားဝယ်မြို့နယ်အတွင်းရှိ ထင်းရှူးတောင်တွင် တားမြစ်ချက်အချို့ကို ထုတ်ပြန်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တော ဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် ကိုဗစ်ကြောင့် ကမ်းခြေသို့ လည်ပတ်ခွင့်ပိတ်ထားသည့်အတွက် တောတောင်သို့ သွားရောက်လည်ပတ်သူ များနေသည်။ ယင်းအခြေအနေတွင် ထားဝယ်မြို့မှ မိုင် ၄၀ ကျော် အကွာတွင်ရှိသည့် ထင်းရှူးတောင်သို့ သွားရောက်လည်ပတ်သူ များပြားလာပြီး အလေ့ကျပေါက်နေသည့် ထင်းရှူးပင်ငယ်များကို နုတ်ယူ လာကြကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ဆိုသည်။ “သစ်ပင်ရဲ့ သဘောသဘာဝကို မသိကြဘူး၊ ဒီမှာရှင်သလို အိမ်မှာစိုက်ရင်လည်း ရှင်မယ်ဆိုပြီးတော့ ထင်းရှူးပင်တွေကို အလှစိုက်ချင်တော့ နုတ်ယူကြတယ်” ဟု ဦးမောင်မောင်အေးက ပြောသည်။ ထင်းရှူးပင်မှာ အေးမြသည့်တောင် ပေါ်ဒေသတွင် ပေါက်ရောက်ရှင်သန်နိုင် ကြောင်း ၎င်းက ဆိုသည်။ […]

သမဝါယမအသင်း ငါးဝယ်မည်

diz_admin

January 11, 2021

ကိုဗစ်ကာလအတွင်း ရေထွက်ကုန် ပစ္စည်းများ ရောင်းချရန် အခက်အခဲဖြစ် နေသဖြင့် ရေလုပ်သားများထံတွင် သမဝါယမအသင်းက ငါးဝယ်ပြီး ပြည်သူများထံ ပြန်ရောင်းပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဥမ္မာနုက ပြောသည်။ ကမ်းနီးလှေများဝင်ရောက်ဆိုက်ကပ်မှုများပြားပြီး သယ်ယူပို့ဆောင်ရေး ကောင်းမွန်သည့်နေရာမှ ငါးများကို သမဝါယမအသင်းက ဝယ်ယူပြီး အခြား နေရာများတွင် လိုက်လံရောင်းချပေးမည် ဖြစ်ကြောင်း ဒေါ်ဥမ္မာနုက ပြောသည်။ ဟောင်းနွမ်းငွေစက္ကူ ဘဏ်တွင် လဲခွင့်မရ ယင်းကဲ့သို့ သမဝါယမအသင်းစု အသီးသီးတွင်ရှိသည့် ရန်ပုံငွေဖြင့် ငါးဝယ်ယူမည်ဖြစ်ပြီး အမြတ်မယူဘဲ တစ်ဆင့်ပြန်လည်ရောင်းချ ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “လှေလုပ်သားတွေ ကမ်းဝင်လာ တဲ့အချိန်ကြမှ ‌ဝယ်မယ့် ငါးအမျိုးအစားလည်း သိရမယ်။ ဈေးနူန်းလည်းသိပြီးတော့ အခါကျရင် ပြည်သူတွေအားလုံးကို ဖြန့်ဖြူးပေးမယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။ မြိတ်မြို့နယ်တွင်မူ […]

ဟောင်းနွမ်းငွေစက္ကူ ဘဏ်တွင် လဲခွင့်မရ

diz_admin

January 11, 2021

ဟောင်းနွမ်းငွေစက္ကူများကို ဘဏ်တွင် သွားရောက်လဲလှယ်ခဲ့သည့် ပြည်သူအချို့ ငွေလဲခွင့်မရဘဲ ထားဝယ်မြို့နှင့် မိုင်ပေါင်းများစွာဝေးသည့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ ဗဟို ဘဏ်ရုံးချုပ်နှင့် ရုံးခွဲရှိရာတွင် သွားရောက် လဲလှယ်ရန် ပြောဆိုမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ဖူးသူအချို့က ဖွင့်ဟ ပြောဆိုကြသည်။ ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်တွင် နေထိုင်သည့် ဦးသိန်းလှမှာ ဇန်နဝါရီလ ၅ ရက်က မြန်မာ့စီးပွားရေးဘဏ် ထားဝယ်ခရိုင်ဘဏ်ခွဲတွင် ဟောင်းနွမ်းငွေစက္ကူ သုံးသိန်းခန့်အား သွားရောက် လဲလှယ်ခဲ့ရာတွင် အထက်ပါဖြစ်စဉ်ကဲ့သို့ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ ငွေသုံးသိန်းကျော်အား သွားရောက်လဲလှယ်ခဲ့ရာ နှစ်သိန်းရှစ်သောင်းခန့်ကိုသာလဲပေးပြီး ငါးသောင်းကျော်ကို မလဲပေးဘဲ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် သွားရောက်လဲလှယ်ရန် ဘဏ်ဝန်ထမ်းက ပြောဆိုခဲ့ကြောင်း ဦးသိန်းလှက ပြောသည်။ ထားဝယ်ဘဏ်ခွဲတွင် လဲလှယ်ခွင့် မရသည်မှာ တစ်သောင်းတန်သုံးရွက်၊ ငါးထောင်တန်လေးရွက်၊ တစ်ထောင် တန်သုံးရွက်ဖြစ်သည်။ “ဒီငွေငါးသောင်းလောက်နဲ့ (နေပြည်တော်က) […]

ကျန်းမာရေးဝန်ထမ်းများ Mobile Tablet အသုံးပြုနိုင်မှုစွမ်းရည်ပြိုင်ပွဲ ကျင်းပမည်

diz_admin

January 8, 2021

အခြေခံကျန်းမာရေးဝန်ထမ်းများ၏ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု Mobile Tablet အသုံးပြုနိုင်မှု စွမ်းရည်ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ဒီဇင်ဘာ ၂၃ ရက်နေ့က ကြေညာထားသည်။ Mobile Tablet များတွင် အခြေခံ ကျန်းမာရေးဝန်ထမ်းများအတွက် လုပ်ငန်းလမ်းညွှန်နှင့် ကျန်းမာရေးအသိ ပညာပေးစာအုပ်များ၊ ပြည်သူများအတွက် ကျန်းမာရေးသတင်းအချက် အလက်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ Mobile Tablet များကို ထည့်သွင်းပေးထားသည်ဟု ဝန်ကြီးဌာနက ဆိုသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် Mobile Tablet တွင်ပါဝင်သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အချက်အလက်အကြောင်းအရာများကို လေ့လာဖတ်ရှုထားမှုနှင့် Mobile Tablet အသုံးပြုနိုင်မှု စွမ်းရည်ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေညာထားသည်။ ပြိုင်ပွဲပထမအဆင့်တွင် Mobile Tablet များတွင်ပါဝင်သော ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဗဟုသုတသိမှတ် […]

ကိုဗစ်ကန့်သတ်ချက်ကို စိန်ခေါ်နေသည့် ပဲ့စင်ကျွန်းခရီးစဉ်

diz_admin

January 7, 2021

အစိုးရက တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျွန်းလည်ပတ်မှုခရီးစဉ်ကို တားမြစ်ထားသော်လည်း ထားဝယ် ဒေသရှိ ပဲ့စင်ကျွန်းခရီးစဉ်များကို Facebook စာမျက်နှာပေါ်တွင် ပေါ်ပေါ်တင်တင် ရောင်းချခြင်းဖြင့် အစိုးရ ကန့်သတ်မှုများကို စိန်ခေါ်နေသည်။ ကိုဗစ်ကပ်ဘေးကာလတွင် တနင်္သာရီ တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကျွန်းခရီးစဉ်များ၊ ကမ်းခြေလည်ပတ်ခွင့်အား ကန့်သတ်တားမြစ်ထားသည်။ သို့သော် လောင်းလုံးမြို့နယ်အတွင်းရှိ ကျွန်းခရီးစဉ်အတွက် လူတစ်ဦးလျှင် ငွေကျပ် နှစ်သောင်းဖြင့် ရောင်းချနေသကဲ့သို့ ညအိပ်သွားလာသူများလည်းရှိ နေသည်။ ထိုကဲ့သို့ သွားလာနေကြောင်း Face book ပေါ်တွင်တွေ့ရသည့်အတွက် ဦးဆောင်သွားလာသူကို နောင်မလုပ်ရန် သတိပေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။ “လိုင်းပေါ်တင်ပြီးသွားရင် အခကြေး ငွေယူပြီးတော့မှ ဒါကိုပို့ဆောင်ပေးတဲ့ အထိ ဖြစ်လာတယ်။ ခရီးသွားလုပ်ငန်း ဖြစ်လာတာပေါ့။ ခရီးစဉ် ရောင်းစားတဲ့ […]

ဟင်းစားဖြစ်လုဆဲ ရွှေရောင် သင်းခွေချပ်

diz_admin

January 6, 2021

ရှားပါးတေားရိုင်းတိရစ္ဆာန်ဖြစ်သည့် ရွှေရောင်သင်းခွေချပ်တစ်ကောင် ဟင်းအိုးထဲရောက်လုဆဲဆဲတွင် အကယ်ခံ လိုက်ရသည်။ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် သရက်တောင်ကြီးကျေးရွာသားတစ်ဦးသည် ဒီဇင်ဘာလ ၂၇ ရက်က ငါးဖမ်းသွားရာမှ ဒီရေတောအတွင်း ရွှေရောင် သင်းခွေချပ်တစ်ကောင်ကို ဖမ်းမိခဲ့သည်။ ဖမ်းမိသူသည် ၎င်းသင်းခွေချပ်အား ဟင်းချက်စားရန်စီစဉ်နေစဉ် အဆိုပါ ကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးသိန်းဇော်က သိရှိပြီး ငွေနှစ်သောင်းနှစ်ထောင်ကျပ် ဖြင့်ဝယ်ယူကာ သရက်ချောင်းမြို့နယ် သစ်တောဦးစီးဌာနထံ အပ်နှံခဲ့သည်။ “သူတို့က ဟင်းချက်စားမလို့လုပ် နေကြတာ။ အဲဒီကြားထဲမှာပဲ ကျွန်တော်က ကြားဖြတ်ပြီးတော့ ဟင်းတော့မချက် စားပါနဲ့ ကျွန်တော်ကိုပဲရောင်းပါလို့ ပြောပြီး သစ်တောဌာနကို လှူလိုက်တာပါ” ဟု ဦးသိန်းဇော်က ဆိုသည်။ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်က သရက် တောင်ကြီးကျေးရွာ ဒီရေတောအတွင်း သင်းခွေချပ်များကို ပေါများစွာတွေ့ရ လေ့ရှိသော်လည်း နောက်ပိုင်းတွင်မူ တောလိုက်သမားများကြောင့် […]