ရေဖြူ၊ ဖောင်းတောရွာတွင် ပြည်သူ့စစ် (ပျူစောထီး) သင်တန်းဆင်းများကို ဂိတ်စောင့်ခိုင်း
Dawei Watch
October 3, 2024ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးရွာတွင် ဖွင့်ထားသည့် မောရဝတီရေတပ်၏ စစ်ဆေးရေးဂိတ်တွင် ပြည်သူ့စစ် (ပျူစောထီး) သင်တန်းဆင်းများကို စက်တင်ဘာလ နောက်ဆုံးအပတ်ကစ၍ ဂိတ်စောင့်ခိုင်းထားကြောင်း ရွာသားများနှင့် ကားသမားများထံမှ သိရသည်။ သင်တန်းဆင်းလာသော ပြည်သူ့စစ်များမှာ အသက် ၂၀ ဝန်းကျင်မှ အသက် ၅၀ ကျော်အထိ ပါဝင်ပြီး အမျိုးသားများအပြင် အမျိုးသမီးအချို့လည်း ပါဝင်ကြောင်း ဂိတ်ကိုဖြတ်သန်းသွားလာသည့် မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ ယင်းသင်တန်းဆင်းများတွင် စစ်ကောင်စီနှင့် နီးစပ်သည့် ဒေသခံရွာသားအနည်းငယ်၊ ဖောင်းတောရွာနှင့် ဓမင်းဆိပ်ရွာတို့တွင် လာရောက်အခြေချနေထိုင်သည့် အခြားဒေသခံအများစုပါဝင်ကြောင်း ရွာသားများက ပြောဆိုသည်။ သြဂုတ်လ ၂၀ရက်က ဖောင်းတောရွာ စာသင်ကျောင်းပြန်ဖွင့်ရန်အတွက် လုံခြုံရေးစီစဥ်ရမည်ဟု မောရဝတီရေတပ်က အစည်းအဝေးပြုလုပ်ပြီးနောက် တစ်လကျော်အကြာ စက်တင်ဘာလ ၂၉ ရက်တွင် ပြည်သူ့စစ်သင်တန်းဆင်းများ ရွာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရွာသားများပြောသည်။ […]