ထားဝယ် ကမ်းခြေလည်ပတ်ခွင့်ပေးရန် ဒေသခံများလိုလား
diz_admin
January 18, 2021ကိုဗစ်ကပ်ဘေးကြောင့် တနင်္သာရီ တိုင်းအတွင်းရှိ ကမ်းခြေများသို့ သွားရောက်လည်ပတ်ခွင့်ကို တိုင်းအစိုးရက ကန့်သတ်တားမြစ်ထားသည်ကို ပြန်ဖွင့်ပေးရန် ဒေသခံများ အလိုရှိနေကြသည်။ လက်ရှိတွင် ပြည်သူအများစုက သွားလာလည်ပတ်ရန် နေရာမရှိသည့်အတွက် စိတ်မွန်းကြပ်ကာ ကမ်းခြေ လည်ပတ်ခွင့်အား စည်းစနစ်တစ်ခု သတ်မှတ်ကာ ပြန်လည်ခွင့်ပြုပေးစေလိုကြောင်း ပြောဆိုလာကြသည်။ ကမ်းခြေသို့ လည်ပတ်ခွင့်ပြုပြီး ကမ်းခြေရှိ စားသောက်ဆိုင်များအား ပါဆယ်စနစ်သာ ရောင်းခွင့်ပြုပါက လူစုလူဝေးဖြစ်စေမည့် ကိစ္စအား ဖြေရှင်းနိုင်မည်ဖြစ်သည့်အတွက် သွားခွင့်ပြုစေလိုကြောင်း ထားဝယ်မြို့ ဇရစ်ရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ကမ်းခြေက နေရာကျယ်တယ်ဆိုတော့ လူစုလူဝေးမဖြစ်ဘဲ ရနိုင်လောက် တယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။ ကမ်းခြေလည်ပတ်ခွင့်ပိတ်ထားသည့်အတွက် ဒေသခံများက တောင်တက် ခရီးစဉ်များ တွင်ကျယ်စွာ သွားလာနေ ကြသည်။ ထို့အပြင် ထားဝယ်ဒေသရှိ […]