လေကြောင်းဖြင့်ပို့ခြင်းကြောင့် စာတိုက်ပစ္စည်း ပို့ခဈေးတက်
Ba Maung
February 3, 2021စာတိုက်ပစ္စည်းများကို လေကြောင်း ဖြင့် ပို့ဆောင်နေခြင်းကြောင့် ပို့ခဈေး တက်လာခြင်းဖြစ်သည်ဟု မြန်မာ့ စာတိုက်လုပ်ငန်းမှ တိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့်ထွန်းက ပြော သည်။ စာတိုက်ပစ္စည်းများ၏ လုံခြုံမှုနှင့် အမြန်ရောက်ရှိနိုင်မှုအတွက် လေကြောင်းလိုင်းဖြင့် ပို့ဆောင်ရန် မြန်မာ့စာတိုက် လုပ်ငန်းဗဟိုက ညွှန်ကြားထားသဖြင့် လေယာဉ် ပြန်လည်ပြေးဆွဲသည့် ဒီဇင်ဘာ ၁၈ ရက် ကတည်းက စမ်းသပ် ပို့ဆောင်နေသည်ဟု ဦးအောင်မြင့်ထွန်း က ပြောသည်။ စာတိုက်ပစ္စည်းများပို့ရန် စာချုပ် ချုပ်ဆိုထားသည့် ကားမှာ ကိုဗစ်ကြောင့် ရပ်နားထားသဖြင့် အလျဉ်းသင့်သည့် ကုန်တင်ကားများဖြင့် တင်ပို့နေရပြီး ယခင်က တစ်ရက်သာကြာသည့် စာတိုက် ပစ္စည်းများမှာ ကိုဗစ်ကာလတွင် တစ်ပတ် မှ နှစ်ပတ်ခန့်အထိ ကြာမြင့်သွားကြောင်း ၎င်းက ပြောသည်။ “ကုန်ကားနဲ့ပို့ရတာကျတော့ စာချုပ်လည်းမရှိဘူးလေ။ စာချုပ် […]