တနင်္သာရီတိုင်းအတွင်း သတ္တုလုပ်ကွက် ခုနစ်ဆယ်နီးပါးချပေး
diz_admin
February 4, 2021တနင်္သာရီတိုင်းအတွင်း အသေးစား၊ လက်လုပ်လက်စား၊ အလတ်စား၊ အကြီးစား သတ္တုလုပ်ကွက်စုစုပေါင်း ခုနစ်ဆယ်နီးပါးကို ထုတ်ပေးထားကြောင်း တိုင်းသတ္တုတွင်းဦးစီးဌာန၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ စာရင်းအရ သိရသည်။ အကြီးစားတူးဖော်ခွင့် ၁၈ ကွက်၊ အလတ်စားတူးဖော်ခွင့် ၉ ကွက်၊ အသေး စားဓာတ်သတ္တုစမ်းသပ်တိုင်းတာခွင့် ၄၀ ကွက်၊ လက်လုပ်လက်စား နှစ်ကွက် စုစုပေါင်း ၆၉ ကွက်ကို ခွင့်ပြုပေးထား ခြင်းဖြစ်ကြောင်း အထက်ပါဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးသာမြတ်ကျော်က ပြောသည်။ အသေးစားနှင့် လက်လုပ်လက်စားကို တိုင်းအစိုးရမှ ခွင့်ပြုချက်ထုတ်ပေးပြီး အလတ်စားနှင့် အကြီးစားကို ပြည်ထောင် စုအဆင့် အစိုးရအဖွဲ့မှ ထုတ်ပေးခြင်း ဖြစ်သည်။ လက်လုပ်လက်စားအတွက် လျှောက်ထားသည်မှာ ၆၈ ကွက်ရှိသည်။ ယင်းတို့အနက် ၄၉ ကွက်ကို ပယ်ဖျက်ထားပြီး […]