နိုင်ငံ့ဝန်ထမ်း ဖဲကြိုးနီလှုပ်ရှားမှု
diz_admin
February 8, 2021စစ်တပ်ကအာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသည့် ဖဲကြိုးနီလှုပ်ရှားမှုတွင် တစ်နိုင်ငံလုံးရှိ အစိုးရဌာနဆိုင်ရာတို့နှင့်အတူ တနင်္သာရီ တိုင်းက အစိုးရဌာနဆိုင်ရာတို့နှင့် တက္ကသိုလ် အချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်း များဖြစ်ကြသည့် လက်ထောက်ဆရာဝန်များနှင့် အထူးကုဆရာဝန်ကြီးအချို့၊ သူနာပြုများနှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းအချို့တို့က ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။ ထားဝယ်၊ ကော့သောင်းရှိ လက် ထောက်ဆရာဝန်များနှင့် အထူးကု ဆရာဝန်ကြီးအချို့၊ ထားဝယ်ဆေးရုံရှိ သူနာပြုများ၊ ၁၆ ကုတင်ဆံ့ ထားဝယ် တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူးတို့သည် အာဏာသိမ်း စစ်အစိုးရလက်အောင်တွင် အလုပ်တာဝန် ဆက်မလုပ်နိုင်တော့ကြောင်း ရေးသားထားသည့် ထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ခဲ့သည်။ “ကျွန်မလည်းဘာကြောင့်မှန်းတော့ သေချာမပြောတတ်ဘူး။ ဒီနေ့ ဆရာမတွေ အရင်တုန်းကလို မရှိနေတာတော့ အမှန်ပဲ” ဟု အသက် ၄၀ ကျော်အရွယ် လူနာစောင့်အမျိုးသမီးတစ်ဦးက […]