သောင်းကျန်းဆဲ မြေသယ်ကားများ
diz_admin
February 9, 2021လောင်းလုံးမြို့နယ် သောကြာပြင် ကျေးရွာတစ်ဝိုက်တွင် မြေသယ်ကားများ ကို အချိန်ကန့်သတ်ကာ ပြေးဆွဲရန် မြို့နယ်တာဝန်ရှိသူများက စည်းကမ်း သတ်မှတ်ထားသည်။ မြေသယ်ကားသွားလာချိန်ကို နံနက် လေးနာရီမှ နံနက် ခုနစ်နာရီခွဲအထိ တစ်ကြိမ်နှင့် နေ့လယ် နှစ်နာရီခွဲမှ ညကိုးနာရီခွဲအထိ တစ်ကြိမ် တစ်ရက် လျှင် နှစ်ကြိမ်သွားလာရန် ကန့်သတ် ထားသည်။ ယင်းနေရာတစ်ဝိုက်တွင် မြေသယ်ကားများ သောင်းကျန်းနေသည့်အတွက် ဇန်နဝါရီလအတွင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ဒေသခံလေးဆယ်ကျော် လက်မှတ်ထိုး တိုင်ကြားခဲ့ပြီးနောက် ယင်းကဲ့သို့ အချိန်ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ သောင်းကျန်းမြေသယ်ကား ပြေးဆွဲခွင့်အချိန်ကန့်သတ် လက်ရှိတွင်မူ အဆိုပါကန့်သတ်ချက်များကို လိုက်နာမှုမရှိတော့ဘဲ ယခင် အတိုင်းပင် အချိန်ပြည့်နီးပါး သွားလာနေကြသည်ဟု သောကြာပြင်ရွာနေ ဒေသခံ အချို့က ဆိုသည်။ တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်ကာ ယခင်ပုံစံအတိုင်း […]