BREAKING
April 20, 2025

ထားဝယ်

ထားဝယ်မြစ်တွင် အမျိုးသားအလောင်းတွေ့

Dawei Watch

November 22, 2024

ထားဝယ်မြစ်ထဲတွင် မျောပါနေသည့် အမျိုးသားရုပ်အလောင်းတစ်လောင်းကို ယနေ့ နိုဝင်ဘာလ ၂၂ ရက် ညနေ ၄နာရီခွဲခန့်တွင် တွေ့ရှိကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာ ကူးတို့ဆိပ်အနီးရှိ ထားဝယ်မြစ်ထဲတွင်‌ ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ သေဆုံးနေသူမှာ အသက် ၄၀ ခန့်အရွယ်ဖြစ်ပြီး ခရမ်းရောင်အင်္ကျီနှင့် ဘောင်းဘီရှည် အမဲရောင်ဝတ်ဆင်ထားကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အလောင်းက မှောက်ခုံဖြစ်နေတယ်။ ပုပ်ပွပြီး အနံ့လည်း‌ထွက်နေပြီဆိုတော့ ၄၈နာရီ (နှစ်ရက်) ကျော်နေပြီ” ဟု ၎င်းက ပြောဆိုသည်။ သေဆုံးသူ အမျိုးသားမှာ မည်သူမည်ဝါ‌ဖြစ်သည်ကို မသိရသေးကြောင်း အထက်ပါတာဝန်ရှိသူက ယနေ့ ညနေ ၅နာရီခွဲခန့်တွင် ဆိုသည်။ အဆိုပါရုပ်အလောင်းကို ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ဆယ်ယူပြီး ထားဝယ်ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ […]

စစ်ကောင်စီတပ်သား ၁၀ ဦး ပြည်သူ့ကာကွယ်ရေးတပ်များထံ ဘက်ပြောင်း

Dawei Watch

November 22, 2024

စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံရသူများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦး ထားဝယ်ခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဘက်ပြောင်းခိုလှုံလာကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များထံမှ သိရသည်။ ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁၈ ရက်မှ ၂၁ ရက်အတွင်း ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးရှိနေပြီဖြစ်သည်။ မွန်- တနင်္သာရီအစပ်တွင် စစ်ရေးလှုပ်ရှားနေသည့် ဒေါနစစ်ကြောင်းထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ဘက်ပြောင်းခိုလှုံလာကြောင်း ယင်းစစ်ကြောင်းက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဘက်ပြောင်းလာသူများထဲတွင် ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်သား ၅ ဦးနှင့် တောင်ပိုင်းရေတပ်ကွပ်ကဲရေးဌာနက ရေတပ်သားတစ်ဦးပါဝင်သည်။ အမှတ် ၂၇၃ ခြေလျင်တပ်ရင်းမှ ဘက်ပြောင်းလာသူ ငါးဦးစလုံးမှာ စစ်မှူးထမ်း သင်တန်းဆင်းထားသူများဖြစ်သည်။ ယင်းအပြင် […]

လောင်းလုံးတွင် ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

Dawei Watch

November 22, 2024

လောင်းလုံးမြို့နယ်၊ မြို့ဟောင်းရွာတွင် ဒေသခံရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ တောင်မင်းပြောင်ရွာမှတစ်ဆင့် မြို့ဟောင်းရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းတွင် ရွာသား နှစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ ပစ်သတ်ခံရသည့် မြို့ဟောင်းရွာသားနှစ်ဦးမှာ ဦးကြည်ဝင်း(ပန်းရံဆရာ) နှင့် ကို နောင်နောင်တို့ ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “တစ်ယောက်ကိုတော့ ကောက်ရိုးတွေနဲ့ဖုံးခဲ့ပြီး နောက်တစ်ယောက်ကိုတော့ မြေမြှုပ်ခဲ့ထားခဲ့တယ်”ဟု ၎င်းကပြောသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့က ထားဝယ် မြို့ပေါ် တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ထားဝယ်မြစ်တစ်ဘက်ကမ်းရှိ လောင်းလုံးမြောက်ပိုင်း ကျေးရွာများကို အင်းအားများစွာဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ ယင်းစစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင် မြို့ဟောင်းရွာနှင့် တစ်ဆက်တည်းရှိသည့် ဒေါင်းရှောင်ရွာနှင့် ပိန်းရှောင်ရွာအနီး ဝန်းကျင် ရှိ ရေဖြူမြို့နယ်နှင့် […]

ထားဝယ်တွင် သက်ကြီးပိုင်း အမျိုးသားနှစ်ဦး ထပ်အဖမ်းခံရ

Dawei Watch

November 21, 2024

ထားဝယ်မြို့တွင် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း အသက် ၆၀ ကျော်အရွယ် သက်ကြီးပိုင်း အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ၎င်းတို့၏မိသားစုနှင့် နီးစပ်သူများထံကသိရသည်။ နိုဝင်ဘာလ ၁၇ ရက်ညပိုင်းတွင် ထားဝယ်မြို့ ၊ ဝဲကျွန်းညောင်ရမ်း ရပ်ကွက်ရှိ ဇောတိကာရုံစာသင်တိုက် ဘုန်းကြီးကျောင်းတွင် အသက် ၆၅ နှစ်အရွယ် ဦးအင်စွမ်ကို အရပ်ဝတ်လက်နက်ကိုင်အချို့နှင့် စစ်ကောင်စီတပ်သားအချို့က လာရောက်ဖမ်းဆီးသွားကြောင်း နီးစပ်သူတစ်ဦးကပြောသည် ။ ဦးအင်စွမ်သည် သရက်ချောင်းမြို့နယ်၊ ကနက်သီရီရွာသားဖြစ်ပြီး NLD ပါတီဝင်တစ်ဦးဖြစ်ကာ အာဏာမသိမ်းမမီကတည်းက ပါတီအလုပ်များ ဆက်မလုပ်ဘဲ ရပ်နားထားသူဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ “ရွာမှာ လေယာဥ်နဲ့ဗုံးကြဲပြီးကတည်းက သူများတွေလိုပဲ ဦးအင်စွမ်တို့လင်မယားက မြို့ပေါ်မှာ အခန်းငှားပြီးလာနေတယ်။ သူ့မိန်းမဆုံးသွားတော့ ငှားထားတဲ့အခန်းမှာ စျာပန လုပ်လို့လည်းမရတော့ ရွာနဲ့အဆက်အစပ်ရှိတဲ့ ဘုန်းကြီးကျောင်းမှာ စျာပနလာလုပ်တယ် ။ အသုဘချပြီးတဲ့ […]

ထားဝယ်တွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောအဖြစ်များဟုဆို

Dawei Watch

November 21, 2024

ထားဝယ်မြို့ပေါ်တွင် ကလေးများ ဝမ်းပျက်ဝမ်း‌လျှောနှင့် အအေးမိနှာစေးရောဂါများအဖြစ်များနေကြောင်း မြို့ခံတို့ထံမှ သိရသည်။ မြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတို့၌ ဆေးလာကုနေသူများထဲတွင် ဝမ်းပျက်ဝမ်းလျှော၊ အအေးမိနှာစေး ရောဂါဖြစ်ပွားသူ ကလေးများက အများစုတွေ့ရကြောင်း မြို့ခံ ကလေးမိခင်တစ်ဦးက ပြောသည်။ “(ထားဝယ်) ဘုရားပွဲအချိန်ကဆို ပိုဆိုးတယ်။ ဆေးခန်းမှာလာပြနေတဲ့ ကလေးတွေအများကြီးပဲ။ တချို့တွေမှာဆို ဝမ်းလျှောတာရော၊ အန်တာရောဖြစ်လို့ လာပြကြတယ်” ဟု ထားဝယ်မြို့ရှိ ပုလဲဆေးခန်းတွင် ကိုယ်တိုင် ကလေးဆေးခန်း သွားပြဖူးသူ မိခင်တစ်ဦးက ဆိုသည်။ ယင်းအပြင် ဆောင်းရာသီတွင်အဖြစ်များလေ့ရှိသည့် အအေးမိနှာစေးမှတစ်ဆင့် ဖျားသည့် ကလေးများလည်း များပြားကြောင်း ပုဂ္ဂလိကဆေးရုံတစ်ခုမှ သူနာပြုတစ်ဦးက ပြောဆိုသည်။ “အခုကလေးတွေက ဖျားပြီဆိုရင် တော်ရုံတန်ရုံနဲ့ ကိုယ်အပူ မကျတော့ဘူး။ များသောအားဖြင့်တော့ အအေးမိနှာစေးရာကနေပြီး အဖျားဝင်သွားလို့ဆိုပြီး (ဆေးရုံ) လာပြတဲ့သူတွေ များတယ်” […]

လောင်းလုံး ကျေးရွာခုနစ်ရွာကို စစ်ရဟတ်ယာဉ်ဝဲသဖြင့် ဒေသခံများစိုးရိမ်

Dawei Watch

November 20, 2024

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် လောင်းလုံးမြို့နယ်မြောက်ပိုင်းက ကျေးရွာခုနစ်ရွာတွင် ရဟတ်ယာဉ်ပျံဝဲသဖြင့် လေကြောင်းရန် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နိုဝင်ဘာလ ၂၀ရက် မွန်းလွဲ ၂နာရီဝန်းကျင်တွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းနှစ်ကြောင်းထိုးနေပြီး စစ်ရဟတ်ယာဉ်တစ်စင်းလည်း စခန်းကြီး၊‌ ခမောင်းတောင်၊ ထိန်တွင်း၊ တောင်မင်းပြောင်၊ မြို့‌ ဟောင်း၊ ဆင်ပုနစ်၊ ဒေါင်းရှောင် စသော ကျေးရွာများတွင် ပျံဝဲခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “ဗုံးကြဲတာတော့ မဟုတ်ဘူး။ ဝေဟင်ကနေ ဝဲနေတာ။ ရွာတွေမှာတော့ လူမရှိတော့ဘူး။ တိမ်းရှောင်ကုန်ကြပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၁၈ ရက်က ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက် ထားဝယ်မြစ်အနီး ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့သေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံခဲ့ရသည်။ ထို့နောက် တော်လှန်ရေးတပ်ပူးပေါင်းတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသည်ဆိုကာ […]

ထားဝယ် ကမြောကင်းတံတားအနီးမီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်၊ ကလေးတစ်ဦးအပါအဝင်သုံးဦးဒဏ်ရာရ

Dawei Watch

November 20, 2024

ထားဝယ်မြို့ ကမြောကင်းတံတားအနီးရှိ မီးပွိုင့်တွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက် ညနေ ၃နာရီကျော်တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူသုံးဦးဒဏ်ရာရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထံမှ သိရသည်။ ကမြောကင်းတံတားသစ်အနီးရှိ DDPC ဈေးဝယ်စင်တာမီးပွိုင့်တွင် သုံးဘီးဆိုင်ကယ် (အိုးဝေ) ၊ Toyota Wish အမဲရောင် ကားနှင့် စက်ဘီးတို့ တိုက်မိခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ “ဘယ်လို တိုက်မိလဲဆိုတာတော့ မသိရဘူး။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာတော့ သုံးဘီးကားက ခေါင်းကြေနေပြီး ကားကတော့ DDPC ရှေ့က ရေမြောင်းထဲကျနေတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ ယာဉ်တိုက်မှုကြောင့် စက်ဘီစီးလာသည့် လောင်းလုံးမြို့နယ်နေသူ ဦးအေးလွင်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူ အသက် ၁၀နှစ်အရွယ် ကလေးတစ်ဦး ယာဘက်လက်မောင်းတွင် ဒဏ်ရာရရှိခဲ့‌ကြောင်း […]

ထားဝယ်မြို့ပေါ် တိုက်ခိုက်ခံရသည့်နေရာအနီးနေသူများကို စစ်ကောင်စီက သုံးရက်အတွင်းအဓမ္မပြောင်းခိုင်း

Dawei Watch

November 20, 2024

စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရသည့် ထားဝယ်မြို့ပေါ် ဆင်ဆိပ်နှင့် အိမ်ရှေ့ပြင်ရပ်ကွက်ကြားတွင် နေထိုင်သူများ ပြောင်းရွှေ့ထွက်ခွာရန် စစ်ကောင်စီ ဖိအားပေးနေကြောင်း မြို့ခံများကပြောသည်။ နိုဝင်ဘာလ ၁၈ ရက်က ဆင်ဆိပ်နှင့် အိမ်ရှေ့ပြင်ကြားရှိ ထားဝယ်လေဆိပ်ပြေးလမ်းထိပ်က အရက်ချက်စက်ရုံအနီးတွင် သုံးဘီးမော်တော်ယာဉ်နှင့် ကင်းလှည့်လာသည့်စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံခဲ့ရသည်။ ယင်းနောက် တစ်ရက်အကြာ နိုဝင်ဘာ ၁၉ ရက်တွင် စစ်ကောင်စီတပ်နှင့် မြေစာရင်း၊ အိုအိမ်၊ ထွေအုပ် စသည့် ပူးပေါင်း အဖွဲ့က အိမ်တိုင်ရာရောက်လာရောက်ပြီး ပြောင်းရွေ့ရန် လိုက်လံဖိအားပေးပြောဆိုခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “အထောက်အထား မရှိတဲ့သူတွေ ဥပမာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဆိုင်ဆောက်ထားတာတွေ၊ ဆိုင်ခန်းဖွင့်လှစ် ရောင်းချ နေတာတွေ ပြောင်းရမယ်ပြောတယ်။ (ဒီနေ့) မနက်ကဆိုရင် တချို့ ပစ္စည်းသယ်နေတာတွေ့ရတယ်။ ကုန်တင်ကားဝင်းရှေ့က အဆောက်အအုံတစ်ခုကတော့ ဖျက်နေတာ တွေ့ရတယ်” ဟု ၎င်းက […]