စီးပွားရေးဖွံ့ဖြိုးစေရန် အရှိန်မြှင့် လုပ်ဆောင်မည်ဟု တိုင်းကောင်စီဥက္ကဋ္ဌပြော
diz_admin
February 15, 2021စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သည့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီးပွားရေးဖွံ့ဖြိုးရန် အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။ လက်ရှိတွင် ရပ်တန့်ထားသည့် စီးပွားရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တပ်မတော်အာဏာသိမ်းခေါင်းဆောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပထမဆုံး ပြောကြားသည့် မိန့်ခွန်းတွင်လည်း ပြည်တွင်း ပြည်ပရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်ထားပြီး အမြန်ဆုံးခွင့်ပြုပေးမည် ဖြစ်ကြောင်း ပြောဆိုထားသည်။ တနင်္သာရီတိုင်းတွင်လည်း စီးပွား ရေးဖွံ့ဖြိုးမှုအရှိန်မြှင့်ရန် ဦးစားပေးလုပ် ဆောင်မည်ဖြစ်ကြောင်း ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ဆိုသည်။ “ရပ်တန့်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်တိုက်မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ပေးရမှာ ပါခင်ဗျာ” ဟု ဦးတင်အောင်က ပြောသည်။. ပြည်ထောင်စု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးကလည်း စီးပွားရေးလုပ်ငန်းများပိုမိုဝင် […]