၃၅ သိန်းတန် တစ်နှစ်သားပန်းခြံ ပြန်ဖျက်ရမည်
diz_admin
February 19, 2021ထားဝယ်မြို့ ဆန်းချီလမ်းဆုံအနီးတွင် ယမန်နှစ်က တည်ဆောက်ထားသည့် ပန်းခြံကို ပြန်ဖျက်ပေးရတော့မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ထားသည့် အဆိုပါပန်းခြံငယ်မှာ နေအိမ်ခြံအရှေ့တွင် ဖြစ်နေသည့်အတွက် ပြန်ဖျက်ပေးရန် ခြံပိုင်ရှင်က တင်ပြလာကြောင်း မြို့နယ်စည်ပင်ကော်မတီဝင် တစ်ဦးက ဆိုသည်။ ထိုသို့ ဖျက်ပေးရန် တင်ပြလာသည့်အတွက် ခြံပိုင်ရှင်နှင့် ကော်မတီတို့ ညှိနှိုင်းချက်အရ မကြာမီလပိုင်းအတွင်း ပြန်ဖျက်ပေးရမည်ဟု သိရကြောင်း အထက်ပါကော်မတီဝင်က ပြောသည်။ “ဒါက လုံးဝမဖြစ်သင့်ဘူး။ ပြည်သူ့ ငွေကို အသုံးပြုတဲ့အခါမှာ ထိထိရောက်ရောက် အသုံးပြုရမှာ ဖြစ်လာမယ့် အကျိုးဆက်ကို အဘက်ဘက်ကနေ တွက်ချက်ပြီး လုပ်သင့်တာပေါ့။ စလုပ်မယ်လို့ ဆုံးဖြတ်စဉ်က ဘယ်သူ ဆုံးဖြတ်လဲ ဘယ်သူအတည်ပြုတာလဲပေါ့” ဟု အဆိုပါ ကော်မတီဝင်က ဆိုသည်။ ထိုကဲ့သို့ […]