ကံပေါက်ဒေသ ရပ်ရွာလုံခြုံရေး ကြိုတင်ကာကွယ်
diz_admin
February 22, 2021ညဘက် ကျေးရွာနှင့် ရပ်ကွက်များ အတွင်းသို့ လူစိမ်းဝင်ပြီး မီးကွင်းပစ်သည်ဟုဆိုကာ ထားဝယ်ခရိုင်ရှိ ကျေး ရွာတော်တော်များများတွင် အုတ်အော်သောင်းတင်းဖြစ်နေကြသည့်အချိန် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင်မူ ယင်းဖြစ်ရပ်မျိုးမရှိကြောင်း ဒေသခံ အချို့ထံမှ သိရသည်။ သို့သော် လူစိမ်းဝင် မီးကွင်းပစ် သည်ဆိုသည့် သတင်းများကြားနေရသဖြင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် အခြားနေရာများနည်းတူ ရပ်ရွာလုံခြုံ ရေးကို ရွာသားများကိုယ်တိုင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအလိုက် လုပ်ဆောင်နေကြောင်း ၎င်းဒေသခံတို့ က ပြောသည်။ “သူ့ရပ်ကွက်နဲ့သူ လူငယ်တွေ လုံခြုံရေးတွေတော့ အားလုံးတော့ လုပ်ထားကြတယ်။ ဒါပေမယ့် လက်ရှိတော့ မီးကွင်းပစ်တာတို့ ဘာတို့တော့ ဘာမှကို မရှိသေးဘူး” ဟု မိကျောင်းအိုင် ရွာသား ဦးကျော်မိုးဦးက ဆိုသည်။ ကံပေါက်ကျေးရွာအုပ်စုတွင် ရပ်ကွက်/ကျေးရွာ တစ်ဆယ်ကျော်ရှိသည်။ ကံပေါက်ဒေသအနီးရှိ အုန်းပင်ကွင်း ရွာတွင်မူ […]