BREAKING
January 15, 2025

ထားဝယ်

တစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တစ်ဆယ်ကျော်ခွင့်ပြု

diz_admin

January 23, 2021

ပြီးခဲ့နှစ် တစ်နှစ်တာကာလတွင် တိုင်းအတွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ဆယ်ကျော်ကို ခွင့်ပြုခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ်တွင် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ လျှပ်စစ် အစရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၂ ကို ခွင့်ပြုခဲ့ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။ အဆိုပါ လုပ်ငန်းများအား မြန်မာ နိုင်ငံသားကုမ္ပဏီများအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ပါဝင်ကြောင်း အထက်ပါကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။ “အရင်နှစ်က လျှောက်ထားတဲ့ဟာ တွေပါတယ်။ အဲဒါတွေမို့လို့ပါ” ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန (DICA) တိုင်းဒေသ ကြီးဦးစီးမှူးမှာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူရသည်။ ပြီးခဲ့သည့်နှစ်က ခွင့်ပြုခဲ့သည့် လုပ်ငန်းအများစုမှာ ၂၀၁၉ ခုနှစ်က […]

မောင်းမကန်ကမ်းခြေ အော်သံ

diz_admin

January 22, 2021

“ထမင်းလိုထမင်းလာယူကြပါခင်ဗျား၊ ဆန်လိုဆန်လာယူကြပါခင်ဗျား” လို့ ဘုန်းကြီးကျောင်းက ဆွမ်းကျန်ထမင်းတွေတင်ထားတဲ့ သုံးဘီးဆိုင်ကယ်ပေါ်မှာထိုင်ရင်း ကိုဖြိုးကျော်သူက အော်ခေါ်လိုက်ပါတယ်။ ချမ်းစိမ့်စိမ့်နဲ့ တိတ်ဆိပ်နေတဲ့ မောင်းမကန်ကမ်းခြေဆောင်းမနက်ခင်းဟာ သူ့ရဲ့အသံကြောင့် အနည်းငယ်လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတော့တယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်က ဘုန်းကြီးကျောင်းက ဆွမ်းကျန်ထမင်းတွေဝေဖို့ ကိုဖြိုးကျော်သူ ရွေးထားတဲ့နေရာက မောင်းမကန်ကမ်းခြေ တစ်လျှောက်မှာနေကြတဲ့ သူတွေကိုပဲဖြစ်ပါတယ်။ မောင်းမကန်ကမ်းခြေ စည်းကမ်းထိန်သိမ်းရေး ကော်မတီဝင် တစ်ဦးလည်းဖြစ်၊ ရာအိမ်မှူးလည်းဖြစ်တဲ့ ကိုဖြိုးကျော်သူဟာ ကိုဗစ်ကာလထဲ ကမ်းခြေတွေ ပိတ်ထားတာကြောင့် ရွာထဲကဘုန်းကြီးကျောင်းတွေဆီကနေ ဆွမ်းကျန်ထမင်းတွေ သွားစွန့်လာပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့သူတွေကို အလှည့်ကျ လိုက်ဝေပေးနေတာဖြစ်ပါတယ်။ အခုဆိုရင် ဒီလိုလိုက်ဝေပေးနေတာဟာ နှစ်လလောက်ရှိနေပါပြီ။ ဒါကြောင့် ကိုဖြိုးကျော်သူရဲ့ အော်သံကြားတာနဲ့ လိုချင်တဲ့သူတွေက ထည့်စရာခွက်လေးတွေကိုင်ပြီး အိမ်ထဲကနေထွက်လာယူကြပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေအများစု ထမင်းတွေလာယူကြပါတယ်။ “ကမ်းခြေမှာ ဝါးတားဂိတ် […]

ဇီဝဇိုးငှက်သိုက်မွေးခွင့်ရအိမ် လေးရာကျော်ရှိ

diz_admin

January 21, 2021

တနင်္သာရီတိုင်းအတွင်း ဇီဝဇိုးငှက် သိုက်မွေးမြူခွင့်ရသည့် နေအိမ် လေးရာ ကျော်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ ပင်လယ်အတွင်းရှိ ကျွန်းများတွင် နေထိုင်မှု အလေ့အထရှိသည့် ဇီဝဇိုးငှက်များကို နေအိမ်များတွင် မွေးမြူပါက သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်ဆိုရသည်။ အဆိုပါနေအိမ်များက ဇီဝဇိုးငှက် လာစေရန် ငှက်အော်သံအတု ထုတ်လွှင့်ကာ မွေးမြူကြသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အထိ စာရင်းများအရ ဌာနနှင့် ချုပ်ဆိုထားသည့် စာချုပ် ၄၅၂ ခုရှိကြောင်း သစ်တောဦးစီးဌာန စာရင်းအရ သိရသည်။ အဆိုပါ ငှက်သိုက်မွေးမြူခွင့်စာ ချုပ်ချုပ်ပြီးပါက သက်ဆိုင်ရာ အခွန်အခများကို အစိုးရထံပေးသွင်းရကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင် မောင်အေးက ဆိုသည်။ “ငှက်သိုက်ထွက်တဲ့အပေါ်မှာ မူတည်ပြီးတော့ (ဒေသပေါက်ဈေး) ဆယ်ရာခိုင်နှုန်းပဲ အခွန်ကောက်တယ်” ဟု […]

ကိုဗစ်ကာလ ကဏန်းမဲဈေး ပြန်တက်

diz_admin

January 21, 2021

ကိုဗစ်ကာလတွင် ကဏန်းမဲဈေး တစ်ပိဿာကျပ်တစ်ထောင့်ငါးရာခန့်ပြန် တက်လာသည်ဟု ထားဝယ်မြို့ အခြေစိုက် ရေထွက်ပစ္စည်းရောင်းချသူအချို့ထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးမဖြစ်မီက ကဏန်းမဲ တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀ မှ ၁၀ဝ၀ဝ ဝန်းကျင်ခန့်ရှိသော်လည်း ကိုဗစ် ပထမ လှိုင်းဖြစ်သည့်အချိန်တွင် တစ်ပိဿာ ကျပ် ၆၀ဝ၀ အထိ ထိုးဆင်းသွားကြောင်း ထားဝယ် ကမ်းနားလမ်း၊ မြောင်းပုလဲ ရပ်ရှိ ရေထွက်ပစ္စည်းအရောင်းဆိုင်မှ ဒေါ်မီးမီးက ဆိုသည်။ ယခု နှစ်ဆန်းပိုင်းမှ စတင်၍ ဝယ်လိုအား အနည်းငယ်ပြန်တက်လာသဖြင့် တစ်ပိဿာ ကျပ် ၇၅၀ဝ အထိ ဈေးပြန်ရလာသည်ဟု မမီးမီးက ပြောသည်။ “အခု ထားဝယ်မှာ ဝယ်နေသူတွေ က မြိတ်ကန် မွေးဆိုဒ်ကို ပို့တယ်။ ဆိုဒ်ကြီးတာတွေကိုလည်း ရန်ကုန်ပို့တယ်၊ ကဏန်းမွေးတဲ့ ကန်တွေကို ပြန်ပို့တယ်၊ […]

ကုန်ထုတ်လမ်းပြင်ရန် ရှင်မုတ္ထီးက လယ်သမားများအခက်တွေ့

diz_admin

January 21, 2021

ရှေးဟောင်းနေရာ ဖြစ်သဖြင့် ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာ အနောက်ဘက်မှ ပေါက်တိုင်းချောင်းဘက် သို့သွားသည့် ကုန်ထုတ်လမ်း တစ်မိုင်ခန့်အား အဆင့်မြှင့်တင်ရန်အတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံအချို့ ထံမှ သိရသည်။ ယင်းလမ်းသည် ထော်လာဂျီတစ်စီး စာသွားရန်ပင်မလောက်ဘဲ ကျဉ်းမြောင်းနေခြင်း၊ ယင်းလမ်းပေါ်ရှိ တံတား တစ်စင်းမှာ ပျက်စီးလာနေခြင်းတို့ကြောင့် လမ်းအဆင့်မြှင့်တင်ပြုပြင်ပေးရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ တစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံ တောင်းဆိုထားကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းလမ်းသည် ရှေးဟောင်းလမ်း နေရာဟုဆိုကာ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ထားဝယ် ဌာနခွဲ) က လမ်းဖောက်ခွင့်မပေးဟု ဒေသခံတို့က ထင်မြင်ယူဆနေကြသည်။ ဇန်နဝါရီလ ၁၃ ရက်က ရှင်းမုတ္ထီး ကျေးရွာတွင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး၊ ဌာနဆိုင်ရာ အချို့နှင့် ဒေသခံတို့ ရှင်မုတ္ထီးမြို့ဟောင်းကိစ္စ ဆွေးနွေးချိန်တွင် အဆိုပါကုန်ထုတ်လမ်း ကိစ္စ […]

ကိုဗစ်ကြောင့် ကံပေါက် အပ်ထိုး၊ မီးနင်းပွဲ မကျင်းပဖြစ်

diz_admin

January 21, 2021

နှစ်ပေါင်းသုံးဆယ်နီးပါးကျင်းပလာခဲ့သည့် ရေဖြူမြို့နယ် ကံပေါက်ရွာရှိ ဆာရီကာလီယမ္မားမယ်တော်ကြီး ဟိန္ဒူ ဘုရားကျောင်းမှ အပ်ထိုး၊ မီးနင်းပွဲမှာ ကိုဗစ်ကန့်သတ်ချက် လူစု၊ လူဝေး လုပ်ခွင့်မရှိသဖြင့် မကျင်းပဖြစ်တော့ကြောင်း ယင်းဘုရားကျောင်းထံမှ သိရသည်။ ယင်းပွဲတော်သည် ကံပေါက်ဒေသတွင် အစည်းကားဆုံးပွဲတော်တစ်ခုဖြစ်ပြီး ၁၉၉၄ ခုနှစ်မှ စပြီး နှစ်စဉ် ဇန်နဝါရီလတွင် ကျင်းပလေ့ရှိကြောင်း ဘုရား ကျောင်းပူဂျာရီ ဦးစိုးဝင်းက ဆိုသည်။ “လူစုလူဝေးလုပ်မရလို့ ပွဲတော် မကျင်းပဖြစ်ပေမယ့် ရိုးရာပူဇော်ပွဲကိုတော့ ဘုရားကျောင်းမှာ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့စည်း ကမ်းတွေနဲ့အညီ ပြုလုပ်မယ်” ဟု ဦးစိုးဝင်း က ဆိုသည်။ ရိုးရာပူဇော်ပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။ ယခင်က ယင်းပွဲတော်ကို ငါးရက် တိုင်တိုင်ကျင်းပလေ့ရှိပြီး ပထမရက်တွင် အလံတင်၊ ဒုတိယနှင့် တတိယရက်တို့တွင် […]

ကြိုးဝိုင်းမြေရောင်းချမှုဖြင့် ဇာဒီအုပ်ချုပ်ရေးမှူးနှင့် လူနှစ်ဆယ်နီးပါးကို တိုင်သော်လည်း အကြောင်းမထူးဟုဆို

diz_admin

January 20, 2021

ဘဝါသစ်တောကြိုးဝိုင်းမြေ ရောင်း ချသည်ဟုဆိုကာ ရေဖြူမြို့နယ် ဇာဒီ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၁၈ ဦးအား တိုင်ကြားထားသော်လည်း တစ်နှစ်နီးပါးကြာသည်အထိ အကြောင်းမထူးသေးကြောင်း တိုင်ကြားရာတွင် ပါဝင်သူ အချို့က ဆိုသည်။ ဘဝါသစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသော ဇာဒီကျေးရွာအုပ်စု ခရင်းချောင်းကျေးရွာအနီးရှိ ဒေသအခေါ် ကျောက်မဲတောင်မြေကို တရုတ်ကုမ္ပဏီ တစ်ခုထံ ကျပ်သိန်းတစ်ထောင်ကျော်ဖြင့် ရောင်းချသည်ဟုဆိုကာ ၂၀၁၉ ခုနှစ် မေလတွင် စတင်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားရာတွင်ပါဝင်သည့် ဦးကျော်ဦးက ပြောသည်။ သစ်တောကြိုးဝိုင်းမြေအား ရောင်းချသူများတွင် ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူး၊ ဇာဒီရွာ ရပ်/ကျေး စာရေးတစ်ဦးနှင့် ဇာဒီကျေးရွာအုပ်စုအတွင်းရှိ ဒိုက်တကော် ကျေးရွာသားအချို့ အပါအဝင် စုစုပေါင်း ၁၈ ဦးရှိကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။ ပထမအကြိမ်အဖြစ် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံလိပ်မူတိုင်ကြားခြင်း ဖြစ်ပြီး အကြောင်းမထူးသဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့ထံ […]

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်း အွန်လိုင်းမှ ထုတ်ပြန်မည်

diz_admin

January 20, 2021

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အမှတ်စာရင်းများကို အွန်လိုင်းမှ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားသည်။ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီမှစတင်ကာ https://mmexam score.org တွင် ဝင်ရောက်ပြီး မိမိ၏ ခုံနံပါတ်၊ မွေးသက္ကရာဇ်ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ကာ မိမိ၏ အမှတ်စာရင်းကို ရှာဖွေ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ကြေညာ ထားသည်။ ရုံးများသို့ လာရောက် လျှောက်ထားခြင်းမပြုရန်‌ မေတ္တာရပ်ခံပါကြောင်းနှင့် အမှတ်စာရင်း ထုတ်ပေးမည်မဟုတ်ပါကြောင်း အသိပေးကြေညာထားသည်။ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပြန်ပေးမည့် အစီအစဉ်အား ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ထို့အပြင် အမှတ်စာရင်းကြည့်ရှုရန် နည်းလမ်း လမ်းညွှန်ရုပ်သံဖိုင်ကို […]