BREAKING
March 9, 2025

ထားဝယ်

UEC တွေ့ဆုံပွဲတက်ခဲ့သည့် ထားဝယ်ပါတီဥက္ကဋ္ဌ ဦးအေးမင်းအား ပါတီမှထုတ်ပယ်

diz_admin

March 1, 2021

တပ်အစိုးရက ခန့်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီ များတွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ထားဝယ် တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်းကို ပါတီ မှ ထုတ်ပယ်လိုက်သည်။ ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီ၏ အရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက် ခြင်းဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ က ဖေဖော်ဝါရီလ ၂၆ ရက်ညတွင် သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့်တွေ့ဆုံပွဲကို ထားဝယ်တိုင်းရင်းသားများ ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ၎င်း၏ သဘော ဆန္ဒအရသွားတက်ခဲ့ကြောင်း ပါတီ၏ အတွင်းရေးမှူး အဖွဲ့ထံမှ သိရသည်။ “ပါတီဥက္ကဋ္ဌအနေနဲ့ဒီလိုလုပ်တာ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိဘူး။ အနည်းဆုံး ဗဟိုကော်မတီမဟုတ်ရင်တောင်မှ အတွင်းရေးမှူး အဖွဲ့ကို ပြောသင့်တယ်” ဟု ထားဝယ်တိုင်းရင်းသားများ ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်မင်းထိုက် က ပြောသည်။ ဦးအေးမင်း၏ […]

ထားဝယ်ပစ်ခတ်မှု အနည်းဆုံး သုံးဦးသေ၊ လူဆယ်ချီ ဒဏ်ရာရ

diz_admin

March 1, 2021

ဖေဖော်ဝါရီလ ၂၈ ရက်မှာ ထားဝယ်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး သုံးဦးထက် မနည်းသေဆုံး ခဲ့ပါတယ်။ နေရာအများအပြားမှာ ပစ်ခတ်မှု ဖြစ်တာပါ။ လူ ၆၀ ကျော် ဆေးကုသခံနေရပါတယ်။ ဈေးတောင်ဘက်လမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာ လူတစ်ဦး ကျည်ဆံထိပြီး လဲကျနေတာကို ရဲတပ်ဖွဲ့က ချီမသယ်ဆောင်သွားတယ်လို့ ဒက္ခိဏ သတင်းမှာ ရေးထားပါတယ်။ အဲဒီ ဒဏ်ရာရသူ ရဲစခန်းအချုပ်မှာ သေဆုံးနေကြောင်း သတင်းဖော်ပြထားပါ။ တကယ်လို့ အဲဒီ သတင်းသာ အတည်ပြုနိုင်ရန် ထားဝယ်သပိတ် မှာ သေဆုံးသူ လေးဦး ဖြစ်မှာပါ။ သွေးနဲ့မျက်ရည် အပြိုင် ထားဝယ်မြို့ဗိုလ်ချုပ်လမ်းမပေါ်ရောက်နေတဲ့ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အလယ်ကနေပိုင်းပြီး လမ်းဆုံကြီးနားကနေ သေနတ်တွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ စတင်ဖြိုခွဲပါတယ်။ မျက်စိရှေ့မှာတင် ဒဏ် ရာရသွားတဲ့သုံးဦးလောက်ရှိပါတယ်။ အဲဒီသုံးဦးထဲမှာ လောင်းလုံးမြို့နယ်က […]

သွေးနဲ့မျက်ရည် အပြိုင်

diz_admin

March 1, 2021

ထားဝယ်ပြည်သူ့ဆေးရုံရဲ့ လူသေအလောင်း တွေထားတဲ့ ရင်ခွဲဌာနရှေ့မှာ အမျိုးသမီးနှစ်ဦး ယူကြုံးမရ ငိုကြွေးနေပါတယ်။ သူတို့နှစ်ဦးကတော့ ဖေဖော်aဝါရီလ ၂၈ ရက် ထားဝယ်မြို့ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရလို့ သေနတ် မှန်သေဆုံးသွားတဲ့ ကိုလွင်လွင်ဦးရဲ့ ဇနီးဖြစ်သူနဲ့ ညီမဖြစ်သူတို့ပဲ ဖြစ်ပါတယ်။ ကိုလွင်လွင်ဦးရဲ့ အလောင်းကတော့ ရင်ခွဲရုံထဲမှာပါ။ ကိုလွင်လွင်ဦး ဟာ ဥတ္တံတားကြီး လမ်းဆုံမှာ ဆန္ဒပြရင်း ရင်ညွန့် အပစ်ခံရတာပါ။ ဆန္ဒပြစစ်ကြောင်းရှေ့မှာ ကာထားတဲ့ သံပြားကို ဖောက်ဝင်ပြီး ကျည်ထိတာပါ။ “ဆေးရုံမှာ အစ်ကို..အစ်ကို … သေသွားပြီ” လို့ ကိုလွင်လွင်ဦးရဲ့ညီမဖြစ်သူက တစ်ယောက် ယောက်ကို ဖုန်းနဲ့ပြောဆိုရင်း ဝမ်းနည်းလာလို့ ငိုချ လိုက်ပါတယ်။ နောက်တစ်ဦးကတော့ ကိုလွင်လွင်ဦးရဲ့ ဇနီး ဖြစ်ပါတယ်။ သူရဲ့မျက်လုံးတွေက ငိုထားရလွန်းလို့ နီရဲနေပါတယ်။ ဘေးကနေပြီး တစ်ယောက်ယောက်က […]

နှစ်သုံးဆယ်ကျော်အတွင်းပထမဆုံးယမ်းနံ့ဝေသည့် ထားဝယ်

diz_admin

February 27, 2021

ပုညက်ညက် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကိုင်ထားသည့် သေနတ်မောင်းကို စဆွဲလိုက်သည်။ ပြောင်းချောသေနတ်ဟု ခေါ်သည့် ရော်ဘာကျည်ပစ်ခတ်နိုင်သည့် သေနတ်သံက ထားဝယ်မြို့တွင် နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း ပထမဆုံး ကြားလိုက်ရခြင်းဖြစ်သည်။ အဆိုပါရဲတပ်သားပစ်ပြီး တစ်မိနစ်ပင်မကြာလိုက်ပေ။ အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးကိုင်ထားသည့် လောင်ချာသေနတ်ပြောင်းဝမှ မီးခိုးဗုံးဟု ကျည်ဆံတစ်ခုထွက်လာပြီး ပေလေးဆယ်ခန့်အကွာတွင် ကျသွားသည်။ ထိုကျည်ဆံမှ မီးခိုးများအူထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးမွှန်သွားသည်။ ယင်းရဲတပ်သား လောင်ချာသေနတ်မောင်းဆွဲညှစ်လိုက်ပြီးနောက် အခြားရဲတပ်ဖွဲ့ဝင်များကလည်း ပြောင်းချောသေနတ်ဖြင့် ရှေ့ဆင့်နောက်ဆင့် ပစ်ကြတော့သည်။ ပထမတွင် ဆန္ဒပြလူအုပ်ကို အတည့်မပစ်သေးဘဲ မိုးပေါ်အနည်းငယ်ထောင်ကာ ပစ်ကြသည်။ ထိုနောက်တွင်မူ လူအုပ်အတွင်းသို့ချိန်ကာ အချက်ပေါင်း ၅၀ ခန့်အထိ ပစ်ခတ်လိုက်တော့သည်။ ၎င်းတို့ပစ်နေသည့် ပစ်မှတ်ကား လက်နက်မဲ့ ဆန္ဒပြလူငယ်အုပ်ဖြစ်ပြီး နေရာကား ထားဝယ်မြို့အလယ်ရှိ ကရပ်ပြင်လမ်းဆုံတွင် ဖြစ်သည်။ အချိန်ကား ဖေဖော်ဝါရီလ ၂၇ ရက် နံနက် […]

အာဏာဖီဆန်ရေးလုပ်သည့် ထွေအုပ်ဝန်ထမ်းများ ထုချေဖြေရှင်းရန် စာပို့

diz_admin

February 25, 2021

တပ်အာဏာသိမ်းသည့်အပေါ် အာဏာဖီဆန်ရေးလုပ်ပြီး ဆန့်ကျင်သည့် ထွေအုပ်ဝန်ထမ်းများ ထုချေဖြေရှင်းရန် စွဲချက်စာပို့ခံရကြောင်း ကာယကံရှင် ဝန်ထမ်းအချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်အထိ စာရင်းအရ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သည့် တိုင်းအတွင်းမှ ထွေအုပ် ဝန်ထမ်း ၃၇ ဦးရှိပြီး ဝန်ထမ်း အချို့ထံ ထုချေဖြေရှင်းရန် စာပို့ခံထားရကြောင်း တိုင်းထွေအုပ်မှ ယာဉ်မောင်း-၅ ဖြစ်သူ ဦးမြတ်မင်းထွေးက ဆိုသည်။ ၎င်းထံသို့လည်း စွပ်စွဲချက်စာလာပို့ သော်လည်း စာကိုလက်မခံခဲ့ကြောင်း ၎င်းက ပြောသည်။ စစ်အစိုးရလက်အောက်တွင် အလုပ်ဆက်မလုပ်လိုတော့သဖြင့် CDM လုပ်ခြင်းဖြစ်ပြီး ပြည်သူရွေးချယ်သည့် အစိုးရ အုပ်ချုပ်ချိန်မှသာ အစစ်ဆေးခံ နိုင်မည်ဖြစ်ကြောင်း ဦးမြတ်မင်းထွေးက ဆိုသည်။ “အခုစစ်အာဏာရှင်ရဲ့ အောက်မှာတော့ ကျွန်တော်တို့ အစစ်ဆေးမခံနိုင်ဘူး ခင်ဗျား” ဟု ၎င်းက ပြောသည်။ […]

ရေထွက်ကုန်ဈေးကျသဖြင့် ငါးဖမ်းလှေအချို့ရပ်နား

diz_admin

February 25, 2021

၀ယ်လိုအားကျဆင်းခြင်း၊ ကုမ္ပဏီ များက အကြွေးစနစ်ဖြင့် ဝယ်ယူခြင်းတို့ကြောင့် ရေထွက်ကုန် ဈေးနှုန်းကျဆင်းနေပြီး ငါးဖမ်းလှေအချို့ ရပ်နားထားလိုက်ပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေထွက်ကုန်တင်ပို့ ရောင်းချနေသူ အချို့က‌ ပြောသည်။ ရေထွက်ကုန်ဈေးနှုန်းများထက် ဝက်ခန့်ကျဆင်းနေသည့်အပြင် ပုဂ္ဂလိက ဘဏ်များပိတ်ထားသဖြင့် ရေထွက်ကုန် ရောင်းချမှုတွင် ငွေပေးချေရန်(ငွေလွှဲ ငွေထုတ်ရန်) အခက်အခဲများရှိနေသဖြင့် ငါးဖမ်းလှေ ၃၀ ရာခိုင်နှုန်းခန့်မှာ ရပ်နားလိုက်ပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက် က ပြောသည်။ “ငွေစီးဆင်းမှု ရပ်ထားတဲ့ သဘောဖြစ်နေတော့ ငါးက ဝယ်တော့ ဝယ်တယ် ငွေမချေနိုင်ဘူးဆိုတော့ လှေပြန်ထွက် ဖို့စရိတ်တင်ဖို့ ပိုက်ဆံလိုတယ်လေ။ အဲဒီတော့ နားတဲ့လှေတွေ နားကုန်တာပေါ့” ဦးကျော်ကျော်သက်က ပြောသည်။ ယင်းသို့ အခက်အခဲဖြစ်နေသည်မှာ တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာပြီး ဘဏ်များပိတ်ထား ကတည်း ကဖြစ်သည်ဟု […]

နယ်စပ်ကုန်သွယ်ရေး အာဏာသိမ်းဂယက် မထိ

diz_admin

February 24, 2021

တပ်အာဏာသိမ်းမှုကြောင့် နယ်စပ် ကုန်သွယ်ရေးအပေါ် ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်းပင် လည်ပတ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ တိုင်းအတွင်း နယ်စပ်ကုန်သွယ်ရေး အဓိကလုပ်ဆောင်နေသည့် အဓိက ဝင်ပေါက်သုံးခုရှိသည်။ ထားဝယ်ဒေသရှိ ထီးခီးနယ်စပ် ဂိတ်မှာ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းကြောင့် ထိုင်းနိုင်ငံဘက်က ပိတ်ထားရာမှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကုန်သွယ်ခွင့်ပြန်ပေးခဲ့ကြောင်း တိုင်းကုန်သည် စက်မှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။ မောတောင်နယ်စပ်ဂိတ်မှာ ကိုဗစ် ကပ်ဘေးကြောင့် ထိုင်းနိုင်ငံဘက်မှ ပိတ်ထားဆဲဖြစ်ပြီး ကော့သောင်းဝင်ပေါက် မှာမူ ယခင်ကတည်းက ပိတ်ထားခြင်း မရှိကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် ထီးခီးနယ်စပ်ဂိတ်မှ ကြက်သွန်နီနှင့် ရေထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့နေဆဲဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။ “အခုဆိုရင် ပုံစံကြည့်ရတာ ပုံမှန် အတိုင်းသွားနေတဲ့ သဘောရှိတာပေါ့နော်” […]

အာဏာရှင်ဆန့်ကျင်ရေး စတေကာပါ အင်္ကျီအရောင်းသွက်

diz_admin

February 24, 2021

တပ်မတော်မှအာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်ဖြစ်ပွားနေရာ အာဏာရှင်ဆန့်ကျင်ရေး စတေကာပါ အင်္ကျီများ အရောင်းသွက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ တစ်ရက်လျှင် အဆိုပါစတောကာများ ကပ်နှိပ်ထားသည့် အင်္ကျီအထည် နှစ်ရာခန့်အထိ ရောင်းချရကြောင်း ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ စတိုးဆိုင် ပိုင်ရှင်ဖြစ်သည့် အသက်၂၅ နှစ်အရွယ် ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ရောင်းလို့တောင် မလောက်ဘူး။ တချို့ဆို နာမည်စာရင်းပေးပြီး မှာထားခဲ့တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ညမထွက်ရအမိန့်ကြောင့် ထားဝယ်တွင် လူ ၂၀ ကျော် ထောင်ဒဏ်တစ်လကျ ထားဝယ်မြို့ရှိ အခြားစတိုးဆိုင် များတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး အမှတ်အသားပါ အင်္ကျီများရောင်း ချနေကြပြီး ဝယ်ယူသူ များပြားခဲ့သည်။ အဆိုပါ အင်္ကျီတစ်ထည်လျှင် နှစ်ထောင်ကျပ်မှ တစ်သောင်းကျပ်ဝန်းကျင်အထိ အင်္ကျီအသားအပေါ်မူတည်ကာ ဈေးအမျိုးမျိုးရှိသည်။