BREAKING
March 9, 2025

ထားဝယ်

ကလေးဆိုင်ကယ် ထားဝယ် ဈေးကွက်အတွင်း စဝင်

diz_admin

March 8, 2021

မြက်ရိတ်စက်အင်ဂျင်တပ် ထားသည့် ကလေးစီးဆိုင်ကယ်အမျိုးအစား တစ်ခု ထားဝယ်ဈေးကွက်အတွင်း စတင် ဝင်ရောက်လာသည်။ အမြင့် နှစ်ပေခန့်သာရှိသည့် ကလေးစီးဆိုင်ကယ်ဖြစ်ပြီး ကလေး ကစားစရာအရောင်းဆိုင်များတွင် ဆိုင်တင်ရောင်းချနေကြသည်။ အဆိုပါ ကလေးစီးဆိုင်ကယ် တစ်စီးလျှင် ငွေကျပ်သုံးသိန်းဝန်းကျင် ဖြင့်ရောင်းချနေပြီး လက်ရှိတွင် နှစ်စီး ခန့်သာ ရောင်းချရသေးကြောင်း ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ ကလေးကစားစရာ ဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။ “အခုမှ စရောင်းတာပေါ့နော်၊ နှစ်စီးတော့ ရောင်းပြီးပြီ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ အဆိုပါ ကလေးစီးဆိုင်ကယ်တွင် မြက်ရိတ်စက်အင်ဂျင်တပ်ဆင်ထားပြီး ဓာတ်ဆီနှင့် စက်ဆီတစ်မျိုးဖြစ်သည့် 2T နှင့် ရောပြီး အသုံးပြုရကြောင်း သိရသည်။ ထားဝယ်တွင် ယင်းကလေးစီး ဆိုင်ကယ် အသုံးပြုမှု နည်းပါးနေသေးပြီး ဈေးကွက်အတွင်း ဆယ်စီးခန့်သာ တွေ့ရသည်။

၀န်ကြီးချုပ်ဦးမြင့်မောင်အမှု ပြန်ချိန်း

diz_admin

March 8, 2021

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အမှုအား မတ်လ ၁၈ ရက်ကို ပြန်လည်ချိန်းဆိုထားကြောင်း အမှု လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။ ဦးမြင့်မောင်အား ရာဇသတ်ကြီး ပုဒ်မ- ၅၀၅(ခ)ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်က ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှု ကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ ၏ သီးခြား လူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် အကြောင်းရှိလျှင် စွဲဆိုနိုင်သော ပုဒ်မ ဖြစ်သည်။ […]

ထားဝယ်ဆန္ဒပြပွဲ အဖမ်းခံရသူများကို ယခုလ ၁၂ ရက်နေ့ တရားစွဲတင်မည်

diz_admin

March 8, 2021

အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်မြို့ ဆန္ဒပြပွဲတွင် ဖမ်းဆီးခံရသူ ၁၆ ဦးအား မတ်လ ၁၂ ရက်တွင် တရားစွဲတင်မည်ဟု သိရကြောင်း လိုက်ပါကူညီနေသည့် ရှေ့နေတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၂၈ ရက် ပစ်ခတ်ဖြို ခွင်းမှုဖြစ်စဉ်တွင် အဖမ်းခံရသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၅ ဦးအား ရာဇသတ်ကြီးပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားသည်ဟု သိရကြောင်း အဆိုပါ ရှေ့နေက ဆိုသည်။ ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)၊ ၅၀၅(ဂ) နှင့် ၁၄၅ တို့ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် အဖမ်းခံရသူ အမျိုးသား ၁၁ ဦးအနက် အသက်မပြည့်သေးသည့် ကလေးနှစ်ဦးပါဝင်နေသည့်အတွက် အာမခံဖြင့် လွှတ်ထားကြောင်း ၎င်းက ဆိုသည်။ အထက်ပါ အဖမ်းခံရသူများအား အမှုတစ်ခုတည်းပေါင်းပြီး အမှုဖွင့်ထား […]

ညမထွက်ရအမိန့်ကြောင့် ကမ်းနားဈေးသည်များ အခက်တွေ့

diz_admin

March 8, 2021

ည ၈ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ထားဝယ်မြို့ပေါ်ရှိ အဓိက ဈေးတစ်ခုဖြစ်သော ကမ်းနားဈေးရှိ ဈေးသည်များ အခက်အခဲများလာကြောင်း စုံစမ်းသိရှိ ရသည်။ ထားဝယ်ဒေသတွင် ကိုယ်တိုင်စိုက်ပျိုးသူများက ကမ်းနားဈေးတွင် နံနက်ပိုင်းလာရောက် ရောင်းချကြသည်။ သို့သော် ညမထွက်ရ အမိန့်ထွက် လာပြီးနောက် နံနက်ပိုင်းတွင် လာရောက် ရောင်းချသူ နည်းပါးလာကြောင်း ဈေးသည်များထံမှ စုံစမ်းသိရှိရသည်။ “အရောင်းအဝယ်က အများကြီး အေးလာတယ်။ နယ်က လူတွေက မနက်ပိုင်း မလာကြတော့ဘူးလေ” ဟု စခန်းကြီး ကျေးရွာသူ ဒေါ်ခင်မူက ပြောသည်။ ယင်းကြောင့် ကျေးရွာများတွင် ပြန်ရောင်းလိုသော ဈေးကားများ၊ ဈေး ဝယ်ရောင်းသူများမှာ ညနေဘက်တွင်သာ လာဝယ်သဖြင့် ဈေးအတန်ငယ်မြင့်သော ကုန်စည်ဒိုင်များတွင် ဝယ်ယူကြရသည်။ “အခုက […]

သရက်ချောင်း ထိုင်သပိတ်

diz_admin

March 3, 2021

ရဲတပ်ဖွဲ့ဝင်ခြောက်ဦးက ဒိုင်းပြားများ ကိုင်ဆောင်ပြီး သတိအနေအထားဖြင့် ရပ်နေကြသည်။ ဒိုင်းပြား၏ နောက်ဘက်တွင် ရော်ဘာနံပါတ်တုတ်ထိုး ထားပြီး ရဲအရာရှိများက နောက်ဘက်တွင် ရပ်ကြည့်နေသည်။ ရဲတပ်ဖွဲ့ဝင်များက အဆောက်အအုံ တစ်ခု၏ အရှေ့လမ်းမကြီးတစ်ခြမ်းကို ဘယ်ရီဂိတ်များဖြင့်ပိတ်ပြီး လုံခြုံရေး ယူထားခြင်းဖြစ်သည်။ ထိုဘယ်ရီဂိတ်များအကြားတွင် ပထမစည်း ဒုတိယစည်း တတိယစည်း ဟုရေးသားထားသည့် ဗီနိုင်းပြားများ ထောင်ထားသည်။ ယင်းသတိပေး စည်းများက ပိတ်ထားသည့် လမ်းမတစ်ခြမ်းပေါ်တွင်သာ အကျုံးဝင်သည့် သဘောဖြစ်သည်။ ထိုမြင်ကွင်းကား ရန်ကုန်-ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ်ထွေအုပ်ရုံးရှေ့တွင် ဖေဖော်ဝါရီလ ၂၄ ရက် ညနေပိုင်း အခြေအနေဖြစ်သည်။ သရက်ချောင်းမြို့တွင် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒပြပွဲကို အင်အားဖြည့်ရန် ထားဝယ်မြို့မှ ပြည်သူများ၊ အင်ဂျင်နီယာများနှင့် ပညာရေး ဝန်ထမ်းများက ယင်းနေ့ နေ့လယ်ပိုင်းတွင် ကား၊ ဆိုင်ကယ်များဖြင့် […]

အာဏာသိမ်းပြီးနောက် ဓာတ်ဆီတစ်လီတာလျှင် နှစ်ရာကျပ်ခန့် ဈေးတက်

diz_admin

March 3, 2021

တပ်အာဏာသိမ်းပြီးနောက် ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ်နှစ်ရာခန့် ဈေးတက်သွားကြောင်း ထားဝယ်ခရိုင်အတွင်း ရှိ စက်သုံးဆီဆိုင်များထံမှ သိရသည်။ အာဏာမသိမ်းမီ ဇန်နဝါရီလတွင် ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၆၅၀ ကျပ်ခန့်သာရှိရာမှ လက်ရှိတွင် ၈၄၅ ကျပ်အထိ ဈေးတက်သွားကြောင်း ယင်းဆီဆိုင်အချို့ထံမှ သိရသည်။ စက်သုံးဆီဈေးနှုန်းမှာ တည်ငြိမ် မှုမရှိဘဲ တဖြည်းဖြည်းဈေးတက်လာနေကြောင်း ထားဝယ်မြို့ ကမြောကင်းလမ်းရှိ ရနံ့သစ်ဆီဆိုင်မှ မန်နေဂျာက ဆိုသည်။ “ဈေးကတော့ ပုံမှန်မရှိဘူး။ တစ်နေ့ တစ်မျိုး မြင့်တက်နေတယ်။ ကျတယ် မရှိဘူး” ဟု အထက်ပါ မန်နေဂျာက ပြောသည်။ စက်သုံးဆီဈေးနှုန်းမြင့်တက်လာသည့်နည်းတူ အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများလည်း ထားဝယ်မြို့ တွင် နေ့စဉ်ဖြစ်ပွားနေသည်။ ထိုကြောင့် သွားလာသူနည်းပါးပြီး ဝင်ငွေထိခိုက်လာကြောင်း ဈေးကြီး တောင်ဘက်တွင် ဂိတ်ထိုးပြေးဆွဲနေ သည့် […]

၀န်ကြီးချုပ်ဦးမြင့်မောင်အား မတ်လ ၄ တွင် ရုံးထုတ်မည်

diz_admin

March 2, 2021

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး ခံထားရသည့် ဝန်ကြီးချုပ်ဦးမြင့်မောင် ကို မတ်လ ၄ ရက်တွင် ရုံးထုတ်မည် ဖြစ်ကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နံနက်စောစောတွင် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့သည်။ ထိုနောက် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ယင်းနောက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅ (ခ) ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုခဲ့ကြောင်း သိရသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် […]

နှစ်ငါးလုံး လူပင်လယ်အတွင်း လမ်းလျှောက်ခြင်း

diz_admin

March 2, 2021

တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲသည် ထားဝယ်မြို့၏ အစည်ကားဆုံးရိုးရာပွဲတော်တစ်ခုဖြစ်ပြီး လူသိန်းချီ စုဝေးဖူးမြော် လေ့ရှိသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားများကိန်းဝပ်ရာ ဘုရားကြီးဝင်းအတွင်းတွင် လမ်းလျှောက် သွား၍မရသည်အထိ စည်ကားလေ့ရှိသည်။ သို့သော် ဘုရားကြီးဝင်းမှလွဲ၍ မြို့တွင်းအခြားနေရာများတွင် လူစည် ကားသည်ဆိုသော်လည်း တိုးဝှေ့ရသည့် အခြေအနေမရှိခဲ့ပေ။ လက်ရှိတွင် အာဏာသိမ်းပြီး ၂၂ ရက်မြောက်နေ့၌ အဆိုပါဘုရားပွဲ၏ လူစည်ကားသည့်စံချိန်ကို ချိုးလိုက် သည်။ နံနက်စောစောအချိန်ကတည်း ကပင် ထားဝယ်လေးမြို့နယ်နေ ပြည်သူများက ကား၊ ဆိုင်ကယ်ကိုယ်စီဖြင့် ထားဝယ်မြို့အတွင်း ချီတက်လာခဲ့သည်။ ပုံမှန်ဖွင့်နေကျ လက်ဖက်ရည်၊ ထမင်း(ကြမ်း) ဆိုင်၊ မုန့်ဟင်းခါးဆိုင်များ လုံးဝမဖွင့်သည့်အတွက် ဆန္ဒပြလိုက် မည့်သူရော မလိုက်သူရော၊ ဝန်းရံသူ အများစုပါ မနက်စာငတ်ခဲ့ကြသည်။ သမိုင်းဝင်ဥတ္တံတားကြီးလမ်းဆုံမှ အဓိကပင်မသပိတ်စစ်ကြောင်း စထွက်လေ့ရှိသည့် နံနက် ၈ နာရီခွဲခန့်တွင်မူ အနီးအနားဝန်းကျင်ရှိ လမ်းကြီး […]