BREAKING
March 10, 2025

ထားဝယ်

NLD ပါတီ ရပ်ကျေး တာဝန်ရှိသူအချို့ အဖမ်းခံရ

diz_admin

March 11, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရပ်ကျေးတာဝန်ရှိသူအချို့ကို လိုက်လံဖမ်းဆီးနေပြီး တစ်ဦး အဖမ်းခံလိုက်ရသည်။ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှ ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးငွေစိုးကို ယနေ့နံနက်ပိုင်းက ရွာ လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ “အခုသူ့ကို ထားဝယ်ကိုဖမ်းခေါ်သွားပြီ”ဟု ၎င်းက ဆိုသည်။ ဦးငွေစိုးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးကျော်ဇေယျစိုး၏ ဖခင်ဖြစ်သည်။ ကံပေါက်ကျေးရွာတွင် နေ့စဉ်ရက်ဆက်နီးပါး အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသည်။ လောင်းလုံးမြို့က NLD ပါတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းဇော်ကိုလည်း မတ်လ ၁၀ ရက် ည ၆ နာရီအချိန်ခန့်တွင် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဝင်ဖမ်းချိန်တွင် နေအိမ်တွင် မရှိသဖြင့် အဖမ်းမခံခဲ့ရကြောင်း သိရသည်။ ဖော်ပြပါပုံမှာ […]

ကံပေါက်ဒေသတွင် ဆန္ဒထုတ်ဖော်ခြင်း တစ်ပတ်တာအနှစ်ချုပ်

diz_admin

March 9, 2021

အာဏာသိမ်းပြီးနောက် ရှစ်ရက် ခန့်အကြာတွင် ကံပေါက်ဒေသရှိ လူ အင်အားထောင်ချီလမ်းပေါ်ထွက်လာပြီး သပိတ်စစ်ကြောင်းများဖြင့် စတင် ချီတက်ဆန္ဒပြခဲ့ကြသည်။ မတ်လ ၁ ရက်နေ့ မနက်ပိုင်းတွင် CDM တွင်ပါဝင်သည့် ကျောင်းဆရာ၊ ဆရာမ၊ ဒေသခံများ သပိတ်စစ်ကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ပြီး ညနေပိုင်းတွင် တပ်ကောင်စီမှခန့်အပ်သောအုပ်ချုပ်ရေးမှူး အလိုမရှိ စာသားပါ စာရွက်များကို လျှပ်စစ်ဓာတ်တိုင်တို့တွင် ကပ်ထားသည်ကိုတွေ့ရသည်။ ညအချိန်တွင် ကပ်ထားသည့်ယင်း စာရွက်များကို စစ်တပ်ဘက်ကလာ ရောက်ခွာယူခဲ့ သည်။ မတ်လ ၂ ရက်မနက်ပိုင်းတွင်လည်း သပိတ်စစ်ကြောင်းများ ပုံမှန် အတိုင်းလမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ကံပေါက်ဈေးလမ်းဆုံလမ်းပေါ်တွင် တပ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ ပုံများကပ်ထားသည်ကို တွေ့ရသည်။ မွန်းလွဲပိုင်းတွင် အဆိုပါဓာတ်ပုံများကို စစ်တပ်ဘက်မှ လာရောက်ခွာယူခဲ့သည်။ နောက်တစ်နေ့ မတ်လ ၃ ရက်တွင် သပိတ်စစ်ကြောင်းများ […]

ကံပေါက်အနီးနားကျေးရွာအချို့ တပ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စတင်တာဝန်ယူ

diz_admin

March 9, 2021

ပြည်သူအများစုက လက်ခံခြင်း မရှိသော်လည်း ရေဖြူမြို့နယ် ကံပေါက် ဒေသအနီးနားရှိ ကျေးရွာအချို့တွင် တပ်ကောင်စီက ခန့်အပ်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ စတင်တာဝန်ယူ နေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ ကံပေါက်၊ ဖောင်းတော၊ ဟိန္ဒာရာဇာ၊ နတ်ကြီးစဉ်၊ ဇာဒီ စသည့်ကျေးရွာအုပ်များ ထံ မတ်လ ၅ ရက်က ဆက်သွယ်မေးမြန်း ခဲ့ရာ ဇာဒီနှင့် နတ်ကြီးစင်ရွာတွင် တပ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက စတင်တာဝန်ယူနေကြောင်း ပြောဆိုကြသည်။ “အခုခန့်လိုက်တဲ့သူကိုတော့ တစ်ရွာလုံးကကိုမလိုချင်ကြဘူး။ ကျွန်တော်တို့လည်း အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆန္ဒထုတ်ဖော်မယ်ဆိုပြီးတော့စဉ်းစားထားကြတယ်” ဟု နတ်ကြီးစင် ရွာသား တစ်ဦးက ဆိုသည်။ ဇာဒီကျေးရွာတွင်မူ ရွာသားများ ရွေးချယ်ပေးလိုက်သည့် အုပ်ချုပ်ရေးမှူးကို မြို့နယ်ကပယ်ချလိုက်ပြီး ၎င်းတို့ရွေး ချယ်ပေးသူတစ်ဦးကခန့်အပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဖောင်းတောကျေးရွာတွင်မူ မြို့နယ်မှ […]

ထားဝယ်တွင် ဓာတ်ငွေ့ကာ ပစ္စည်းပြတ်

diz_admin

March 9, 2021

ထားဝယ်ဈေးကွက်အတွင်း ဓာတ်ငွေ့ ကာမျက်နှာဖုံးများ ပစ္စည်းပြတ်လတ်နေကြောင်း မြို့ပေါ် ကုန်မာဆိုင်များထံမှ သိရသည်။ ပုံမှန်အားဖြင့် ယင်းပစ္စည်းများကို ဆေးသုတ်ဆေးမှုတ်ရာတွင် အသုံးများပြီး ယခုအခါ ဆန္ဒပြပွဲများတွင် မျက်ရည်ယိုဗုံး ထိချိန်၌ အကာအကွယ် ဖြစ်စေရန် အသုံးပြုလာခြင်း ဖြစ်ကြောင်း အရောင်းဆိုင်များထံမှာ သိရသည်။ အဆိုပါ ပစ္စည်းများသည် ယခင်က အရောင်းအဝယ်မရှိသလောက် နည်းပါးပြီး ယခုအချိန်မှသာ ပစ္စည်းပြတ်သည်အထိ ဖြစ်လာကြောင်း ထားဝယ်မြို့ ကမြော ကင်းလမ်းရှိ ကုန်မာပစ္စည်း အရောင်းဆိုင်မှ အသက် ၃၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ “အစ ကတော့ မရောင်းရ သလောက်ပဲ။ အခုတော့ ဆိုင်မှ ရောင်းဖို့ ပစ္စည်း မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။ တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်း […]

ကျေးရွာသပိတ်

diz_admin

March 9, 2021

ထားဝယ်မြို့ပေါ် ပင်မသပိတ် စစ်ကြောင်းအား ဖေဖော်ဝါရီလကုန်တွင် အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အသွင်ပြောင်းလာကြသည်။ ပင်မသပိတ်ဖြိုခွင်းမခံရမီက ထားဝယ် ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများက ထားဝယ်မြို့ပေါ် ပင်မ သပိတ် စစ်ကြောင်းတွင် လာရောက်ပူး ပေါင်းကြသည်။ ဖေဖော်ဝါရီလ ၂၈ ရက် အကြမ်း ဖက်နှိမ်နင်းပြီးနောက် ခရိုင်အတွင်းရှိ ကျေးရွာများက ထားဝယ်မြို့ပေါ်သို့ မလာတော့ဘဲ ကျေးရွာသပိတ်စစ်ကြောင်း အသွင်ဖြင့် မိမိကျေးရွာအတွင်းတွင်သာ ဆန္ဒပြချီတက်တော့သည်။ လက်ရှိတွင် ခရိုင်အတွင်းရှိ ကျေးရွာ အများစု၌ ကျေးရွာသပိတ်လုပ်နေကြပြီး ထားဝယ်မြို့ပေါ်တွင်မူ ပြောက်ကျားအသွင် သပိတ်စစ်ကြောင်းများသာ အချိန်ပိုင်းချီတက်နေကြသည်။ ပြောက်ကျားစနစ်ဖြင့် ထွက်လေ့ရှိသည့် မြို့ပေါ်သပိတ်စစ်ကြောင်းများကို တားဆီးအရေးယူရန် လုံခြုံရေးတပ်ဖွဲ့ များက ကားဖြင့် လိုက်ရှာလေ့ရှိသည်။ ကျေးရွာများတွင်မူ ထိုသို့ မရှိသည့်အတွက် ကျေးရွာသပိတ်အများအပြား ပေါ်လာခြင်းလည်းဖြစ်သည်။ မြို့ပေါ်သပိတ်စစ်ကြောင်း […]

ထားဝယ်မြို့အဝင်အထွက်ဂိတ်များတွင် စစ်ဆေးမေးမြန်း

diz_admin

March 9, 2021

ထားဝယ်တွင် ဆန္ဒပြသူများကို ဖေဖော်ဝါရီ ၂၈ ရက်က ပစ်ခတ်ဖြိုခွင်း ခဲ့ပြီးသည့် နောက်ပိုင်းတွင် ထားဝယ်မြို့ အဝင်အထွက်ဂိတ်များတွင် ရဲတပ်ဖွဲ့များ က ခရီးသွားလာသူ ကား၊ ဆိုင်ကယ်၊ သုံးဘီးများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လာသည်။ သရက်ချောင်းမြို့နယ်ဘက်သို့ ဆင်းသည့် ပေါက်တိုင်းတံတားတွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်သား အချို့က မတ်လ ၂ ရက်မှ စတင်ကာ ခရီးသွားလာများကို ကျပန်း ရွေးချယ်ကာ စစ်ဆေး မေးမြန်းနေသည်ကို တွေ့လာရခြင်းဖြစ်သည်။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအဝန်း ဆန္ဒပြမှုများဖြစ်ပေါ်နေပြီး မြို့နယ်ဘက်မှ ဆန္ဒပြသူများက ထားဝယ် မြို့တွင်းရှိ သပိတ်စစ်ကြောင်းကြီးတွင် အားဖြည့်ပါဝင် ဆန္ဒပြနိုင်ရန် ပေါက်တိုင်း တံတားမှ တစ်ဆင့် ထားဝယ်မြို့တွင်း ဘက်သို့ ကား၊ ဆိုင်ကယ်တို့ဖြင့် ချီတက် လာသည်မှာ ဖေဖော်ဝါရီလ ၂၈ […]

စီးပွားရေးလုပ်ငန်း ပုံမှန်လည်ပတ်ရန် တိုင်းတပ်ကောင်စီခေါ်ပြော

diz_admin

March 9, 2021

တနင်္သာရီတိုင်းအတွင်းရှိ စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း ပုံလည်ပတ်ရန်နှင့် ဒေသအတွင်းစီးပွားရေး ပုံမှန်တိုင်းဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို တနင်္သာရီတိုင်း တပ်ကောင်စီ က မေးမြန်းခဲ့ကြောင်း စုံစမ်းသိရှိရ သည်။ မတ်လ ၄ ရက်က ပြုလုပ်သည့် တိုင်းတပ်ကောင်စီနှင့် စီးပွားရေးလုပ်ငန်းရှင်များအစည်းအဝေးတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယင်းအစည်းအဝေးကိုတက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် အချို့က ဆိုသည်။ “လက်ရှိကောင်စီကပြောတာကတော့ ပြည်သူတွေကိုကူညီပေးကြပါ။ ဘာတွေအခက်အခဲရှိသလဲလို့မေးတယ်။ အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ပြောတယ်။ အတင်းအဓမ္မ ဘာလုပ်ပါဆိုပြီး တစ်ခုမှမပြောဘူး” ဟု လုပ်ငန်းရှင်တစ်ဦး က ဆိုသည်။ ယင်းအစည်းအဝေးသို့ ထားဝယ် ခရိုင်နှင့် မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ ချုပ်၊ ထားဝယ်ခရိုင်နှင့် ကော့သောင်း ခရိုင် ဆန်ကုန်သည်အသင်း၊ ဟိုတယ် လုပ်ငန်းရှင်၊ သတ္တုလုပ်ငန်းရှင်၊ ဝက် မွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ မြိတ် ကစီးပွားရေးလုပ်ငန်းရှင်များအား ကိုယ်စား […]

ဇမ္ဗူသီရိဆေးခန်း ပုံမှန်ဖွင့်

diz_admin

March 8, 2021

ဇမ္ဗူသီရိဆေးခန်းကို ပိတ်ရက်မရှိ ပုံမှန်အတိုင်း ဖွင့်လှစ်ထားကြောင်း ဇမ္ဗူ သီရိအရေးပေါ်လူနာ ကူညီသယ်ဆောင် ရေးအဖွဲ့ထံမှ သိရသည်။ ဇမ္ဗူသီရိဆေးခန်း၌ ပုံမှန်လာပြနေသည့် တစ်ရက် လူနာဦးရေ ၂၀ ခန့်ရှိပြီး ဆန္ဒပြရာတွင် မျက်ရည်ယိုဗုံးထိသူ၊ ထိခိုက်ဒဏ်ရာရသူလူနာများကိုလည်း ကုသပေးသည်ဟု အထက်ပါအဖွဲ့ထံမှ သိရသည်။ ထိခိုက်ဒဏ်ရာပြင်းထန်သူနှင့် ဆေးရုံဆင်သင့်သူများကို ထားဝယ်ပြည် သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေး သည်ဟု အထက်ပါအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “အရင်တုန်းက ဖွင့်နေကျအတိုင်းပဲ ပုံမှန်ဖွင့်နေတယ်” ဟု တာဝန်ရှိသူက ပြောသည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဆေးခန်းတွင် ဆရာဝန်နှင့် ဆရာမများ မရှိခြင်း၊ ရှိသည့် ဆရာဝန်နှင့် ဆရာမ များကလည်း လူနာတင်ယာဉ်များတွင် အသင့်လိုက်ပါနေကြခြင်း၊ ဆေးခန်းကို ပြန်လည်ပြုပြင်နေခြင်းတို့ကြောင့် ဆေးခန်းပိတ်ထားခြင်းသာဖြစ်သည်ဟု တာဝန်ရှိသူက ပြောသည်။ […]