ဝန်ကြီးချုပ် ဦးမြင့်မောင် အမှုရုံးချိန်း မစစ်ဖြစ်၊ ဧပြီလ ၁ ရက်နေ့ ပြန်ချိန်း
diz_admin
March 19, 2021တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားစွဲခံထားရသည့် ဝန်ကြီးချုပ်ဦးမြင့်မောင်အမှုရုံးချိန်း မစစ်ဆေးဖြစ်ဘဲ ဧပြီလ ၁ ရက်နေ့ကို ပြန်ချိန်းလိုက်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေက ပြောသည်။ ဦးမြင့်မောင်အား ပုဒ်မ- ၅၀၅(ခ)ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး မတ်လ ၁၈ ရက်နေ့ ရုံးချိန်းတွင် ရုံးထုတ်နိုင်ခြင်းမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။ ယမန်နေ့ အမှုရုံးချိန်းတွင် ကိုဗစ်ကပ်ဘေးကြောင့် ရုံးထုတ်နိုင်ခြင်းမရှိဘဲ အွန်လိုင်းဗီဒီယို စနစ်ဖြင့် ရုံးချိန်းပေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။ အဆိုပါ ရုံးချိန်းတွင် မှုခင်းစီမဲခန့်ခွဲမှုအစီအစဉ် (CMP) အတွက် အစည်းအဝေးလုပ်ရန် သတ်မှတ်ထားသော်လည်း ရုံးထုတ်နိုင်ခြင်းမရှိသည့်အတွက် မလုပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် […]