BREAKING
March 10, 2025

ထားဝယ်

ဖိုးတိုးရဲ့ ငါးမိနစ် ခရီး

diz_admin

April 1, 2021

နှစ်ထပ်တိုက်အိမ်တစ်လုံးရဲ့ အပေါက်ဝမှာ မျက်ရည်စတွေနဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်။ လက်ထဲမှာတော့ ဘောင်ခတ်ထားတဲ့ မောင်ကျော်မင်းလတ် ဓာတ်ပုံတစ်ပုံကိုင်ဆောင်ထားပါတယ်။ သူ့ချစ်သူကောင်လေးရဲ့ဓာတ်ပုံကို ထွေးပွေ့ပြီး နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်ဖို့ အဆင်သင့်စောင့်နေတာ ဖြစ်ပါတယ်။ အိမ်ခေါ် ဖိုးတိုး လို့ အမည်ရတဲ့ မောင်ကျော်မင်းလတ်ဟာ မတ်လ ၂၇ ရက်က သူငယ်ချင်းသုံးယောက်နဲ့အတူ ဆိုင်ကယ်စီးသွားနေရင်း အာဇာနည်လမ်းပေါ်မှာ စစ်တပ်ကားနဲ့တိုးပြီး အပစ်ခံလိုက်ရလို့ ကျဆုံးသွားရတာဖြစ်ပါတယ်။ဖိုးတိုးဟာ အလူမီနီယံ လုပ်ငန်းတစ်ခုမှာ အလုပ်သမားတစ်ယောက်ပါ။ ရှစ်တန်းကတည်းက ကျောင်းထွက်ပြီး မိသားစုကို လုပ်ကျွေးနေတယ်လို့ ဆိုပါတယ်။ “ခဏလေးပဲအမေ” လို့ ပြောသွားတာလို့ မောင်ကျော်မင်းလတ်ရဲ့ မိခင်က ဆိုပါတယ်။ ထားဝယ်မြို့ အာဇာနည် လမ်းပေါ်မှာ စုစုပေါင်း သူငယ်ချင်း သုံးဦး ဆိုင်ကယ် စီးလာရာမှာ စစ်တပ်နဲ့ ရဲက ပစ်ကတ်ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခဲ့တာပါ။ အလယ်မှာ […]

ထားဝယ် CCTV မှတ်တမ်းမှ လူငယ်သေဆုံးဒဏ်ရာ တစ်လက်မခန့် နက်ဟုဆို

diz_admin

March 30, 2021

ထားဝယ်တွင် လူငယ် သုံးဦး ဆိုင်ကယ် စီးလာစဉ် အပစ်ခံရပြီး သေဆုံးသွားခဲ့သော ကိုကျော်မင်းလတ်၏ ဒဏ်ရာမှာ တစ်လက်မခန့် နက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။ မတ်လ ၂၇ ရက်နေ့က ဆိုင်ကယ်စီးသွားနေချိန် ရဲနှင့် စစ်တပ်က ကားပေါ်မှ ပစ်ခတ်နေချိန်တွင် ဆိုင်ကယ် လဲကျသွားခဲ့ပြီး ကိုကျော်မင်းလတ်မှာ ဒဏ်ရာဖြင့် လဲကျ ကျန်ရစ်ကာ ကျန်နှစ်ဦးမှာ ထွက်ပြေးသွားခဲ့သည်။ ကိုကျော်မင်းလတ်မှာ ကနဦးတွင် ဆိုင်ကယ်၏ ဘယ်ဘက်ကို လဲကျမလို ဖြစ်ခဲ့သော်လည်း ဆိုင်ကယ်လဲသည့် ညဘက်သို့ ပြန်လဲကျသွားခဲ့ကြောင်း CCTV မှတ်တမ်းတွင် တွေ့ရသည်။ ယင်းနောက် ဒဏ်ရာရသည့် ကိုကျော်မင်းလတ် ခေါ် ကိုဖိုးတိုးအား ကားပေါ်သို့ တင်ဆောင်သွားသည်ကို တွေ့ရသည်။ ယင်းအဖြစ်အပျက်ကို မှတ်တမ်းတင်ထားနိုင်သော CCTV ရုပ်သံမှာ အများပြည်သူအကြား ပျံ့နှံ့သွားခဲ့သည်။ […]

ထားဝယ် သီတဂူ ကိုဗစ် စင်တာ အလှူရှင် ခက်ခဲ

diz_admin

March 30, 2021

ကိုဗစ်လူနာများကို ထားရှိကုသပေးနေသော ထားဝယ်မြို့ရှိ သီတဂူဆေးရုံ ကိုဗစ်စင်တာတွင် အလှူရှင် မရှိတော့ သဖြင့် အခက်အခဲ ကြုံနေရကြောင်း စင်တာ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ကိုဗစ်လူနာများကို ယခင်အစိုးရလက်ထက်တည်းက အလှူရှင်များ၏ ရန်ပုံငွေဖြင့် ချက်ပြုတ်ကျွေးမွေးခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် အလှူရှင်များမရှိခြင်းနှင့် ချက်ပြုတ်ရန်၊ ပို့ဆောင်ပေးရန် ခက်ခဲခြင်းတို့ကြောင့် လူနာများကို ထမင်းမကျွေးနိုင်တော့ကြောင်း ၎င်းက ပြောကြားသည်။ “(ထမင်းဟင်း) ချက်သမားလည်း မနက် ၆ နာရီစားဖို့ သောက်ဖို့အတွက်ကို အနည်းဆုံး မနက် ၄ နာရီလောက်တည်းက ထွက်လာရတယ်။ ပို့ပေးတဲ့သူတွေလည်း ဒီတိုင်းပဲ။ အားလုံးက စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ဖြစ်နေကြတာပေါ့နော်။ တို့ဆီမှာက ပိုက်ဆံက မရှိဘူး၊ အလှူရှင်တွေရှိနေတုန်းကသာ လှူနေတာ၊ အခုက အလှူရှင်လည်း မရှိတော့ဘူး၊ ပိုက်ဆံလည်း မရှိတော့ဘူး” ဟု […]

ထားဝယ် ကြက်စားပြင်တွင် ကျဆုံးသွားသူအား နာရေးအခမ်းအနားမဲ့ သင်္ဂြိုဟ်

diz_admin

March 29, 2021

မတ်လ ၂၅ ရက် မနက်ပိုင်းက သေနတ်ဖြင့် အပစ်ခံရခြင်းကြောင့် ကျဆုံးသွားသည့် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှ အသက် ၃၆ နှစ်အရွယ် ဦးကျော်သူ၏ ရုပ်အလောင်းကို ယနေ့ မတ်လ ၂၈ ရက်မှာ သဂြိုလ်ခဲ့သည်။ ဦးကျော်သူသည် ဧရာဝတီတိုင်းဘက်ကနေ ထားဝယ်တွင် လာရောက်အခြေချပြီး ကုန်တင်ကုန်ချအလုပ်ကို လုပ်ကိုင်နေသူ ဖြစ်သည်။ ဦးကျော်သူသည် သေနတ်အပစ်ခံရသည့်နေ့ မနက်ပိုင်းအလုပ်သွားရန် ထွက်သွားပြီး မကြာမီ ကြက်စားပြင်ရပ်ကွက်တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ် သေနတ်မှန်ခဲ့ခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်စန်းစန်းထွေးကပြောသည်။ ထိုသို့ ပစ်ခတ်နေစဉ် ရပ်ကွက်အတွင်းမှ လူအချို့မှာ လယ်ကွင်း အတွင်း ထွက်ပြေးကြကြောင်း ကာယကံရှင် အချို့ထံမှ သိရသည်။ ဦးကျော်သူမှာ ထိုသို့ လယ်ကွင်းအတွင်း ထွက်ပြေးစဉ် အပစ်ခံရခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။ […]

တပ်ပေါင်းစု သပိတ်စစ်ကြောင်း

diz_admin

March 28, 2021

ထားဝယ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၊ NLD လူငယ်၊ LGBT သပိတ်စစ်ကြောင်းများနှင့် ရပ်ကွက်နေပြည်သူများ တပ်ပေါင်းစုသပိတ်စစ်ကြောင်းသည် ယနေ့မတ်လ ၂၈ ရက် နေ့လည် ၂ နာရီခန့်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

ထားဝယ် CCTV မှတ်တမ်းမှ လူငယ် ဒဏ်ရာသက်သာ

diz_admin

March 27, 2021

လူငယ် သုံးဦး ဆိုင်ကယ် စီးလာစဉ် လူငယ်တစ်ဦး အပစ်ခံရကြောင်း မှတ်တမ်းပျံ့နှံ့ နေသည့် CCTV အတွင်းမှ လူငယ်မှာ ဒဏ်ရာသက်သာနေကြောင်း ယင်းလူငယ်၏ ဖခင်ဖြစ်သူက Dawei Watch သို့ ပြောကြားသည်။ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သားဖြစ်သူ အပါအဝင် လူငယ်သုံးဦးက ဆိုင်ကယ်တစ်စီးဖြင့် ကညုံရပ်ကွက်လမ်းကြား အတွင်းမှ အာဇာနည်လမ်းသို့ ထွက်လာစဉ် အရပ်ဘက်ကားစီးလာသည့် ရဲနှင့် စစ်သားများ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်သည့် CCTV ရုပ်သံမှတ်တမ်းတစ်ခုလည်း ဖေ့ဘုတ်ပေါ်တွင် ပျံ့နှံ့နေပြီး အဆိုပါရုပ်သံဖိုင်တွင် ဒဏ်ရာရသည့် ကိုကျော်မင်းလတ် ခေါ် ကိုဖိုးတုတ်အား ကားပေါ်သို့ တင်ဆောင်သွားသည်ကို တွေ့ရသည်။ ယင်းလူငယ် သေဆုံးဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက်ရှိသည်မှာ မဟုတ်မှန်ကြောင်း ဖခင်ဖြစ်သူက […]