BREAKING
March 10, 2025

ထားဝယ်

ဆန်ဈေး အကျဘက်ဦးတည်

diz_admin

April 6, 2021

ထားဝယ်ဆန်ဈေးကွက်အတွင်း ရန်ကုန်ဆန် အမျိုးအစားအချို့ ဈေးအကျဘက်သို့ ဦးတည်နေကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။ လက်ရှိတွင် နွေစပါးပေါ်ချိန်ဖြစ်သည့်အတွက် ရန်ကုန်ဆန် အမျိုးအစားတစ်ခုဖြစ်သည့် ဇီယာအုပ်စု ဆန်တစ်မျိုးမှာ ၂၄ ပြည်တစ်အိတ်လျှင် ငွေကျပ်နှစ်ထောင်ခန့် ဈေးကျနေကြောင်း ဇရစ်ရပ်ကွက်ရှိ ဆန်အရောင်းဆိုင်ထံမှ သိရသည်။ ယခင်က ဇီယာဆန်တစ်အိတ်လျှင် သုံးသောင်းသုံးထောင်ကျပ်ခန့် ဈေးရှိရာမှ လက်ရှိတွင် သုံးသောင်းတစ်ထောင်ကျပ်ခန့်အထိ ဈေးကျသွားကြောင်း ယင်းဆန်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။ ဇီယာအုပ်စုဝင် အခြားဆန်များလည်း ၂၄ ပြည်တစ်အိတ်လျှင် ပျမ်းမျှ ငွေကျပ်နှစ်ထောင်ခန့် ဈေးကျနေသည်ဟု ဆိုသည်။ ထို့သို့ဈေးကျနေသော်လည်း ဆန်ဝယ်လိုအားမှာ နည်းပါးနေဆဲဖြစ်ကြေညင်း အထက်ပါ အမျိုးသားက ပြောသည်။ “အခုဆိုရင် အရင်တုန်းကလိုစုပြုံပြီးဝယ်တာမျိုး မရှိတော့ဘူး၊ ဆိုင်တောင် ပိတ်လိုက်ဖွင့်လိုက်လုပ်နေရတယ်၊ ရောင်းလည်း မကောင်းဘူး” ဟု ၎င်းက ဆိုသည်။ ရန်ကုန်ဆန်ဈေးကွက်တွင် […]

တလိုင်းတောင် မူလွန် ကျောင်းအုပ် အဖမ်းခံရ

diz_admin

April 6, 2021

ထားဝယ်မြို့နယ် တလိုင်းတောင်ကျေးရွာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ခရေစုမြတ်ကျော် ကို ယမန်နေ့ညက ဖမ်းဆီးသွားကြောင်း မိသားစုဝင် တစ်ဦးထံမှ သိရသည်။ ယမန်နေ့ ညနေ ၇ နာရီ ခန့်က လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်ဖြင့် ထားဝယ်မြို့ ဗျောတောဝ ရပ်ကွက်ရှိ နေအိမ်သို့ လာရောက်၍ စစ်ဆေးမေးမြန်းစရာရှိသည်ဟု ဆိုကာ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ “ဒုတိယ ရဲမှူးကြီး က ပြောတယ်။ စစ်ဆေးမေးမြန်းစရာရှိလို့ပါ စိတ်မပူပါနဲ့တဲ့”ဟု ၎င်းက ဆိုသည်။ ဒေါ်ခရေစုမြတ်ကျော် သည် ၂၀၁၀ ပညာသင်နှစ်တွင် လောင်းလုံးမြို့နယ် နခံတောကျေးရွာ မူလတန်းကျောင်းတွင် မူလတန်းပြအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဖောင်းတော၊ ဓမင်းဆိပ်တွင် အလယ်တန်းပြ ဆရာမ အဖြစ် […]

လောင်းလုံး သကျက်တောတွင် CDM လာဖမ်း၍ ဒေသခံများ တိမ်းရှောင်

diz_admin

April 6, 2021

လောင်းလုံးမြို့နယ်အတွင်းရှိ သကျက်တောရွာတွင် အာဏာရှင် ဖီဆန်ရေး သပိတ်မှောက် (CDM) လှုပ်ရှားသူများကို ရဲနှင့် စစ်တပ်ကတပ်စွဲပြီး လာရောက်ဖမ်းဆီးနေ သည့်အတွက် ဒေသခံများ တိမ်းရှောင် နေရကြောင်း သကျက်တောရွာ ဒေသခံအမျိုးသမီးတစ်ဦးက Dawei Watch သို့ပြောကြားသည်။ ဧပြီလ ၅ ရက်နေ့တွင် ရဲနှင့် စစ်ကား ၅ စီးခန့်က သကျက်တောနယ်မြေရဲစခန်းတွင် တပ်လာစွဲထားပြီး CDM လုပ်ထားသည့် ဝန်ထမ်းများကို လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိုသို့လာဖမ်းသည့်အတွက် ယနေ့နံနက်ပိုင်းတွင် CDM လုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းအမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး ကျန်သည့် အခြားဝန်ထမ်းများလည်း တိမ်းရှောင်နေရကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။ အဖမ်းခံရသည့် ကျန်းမာရေးဝန်ထမ်းအား ပြန်လွှတ်ပေးရန် သံဃာတော်များဦးဆောင် သွားပြောသော်လည်း စစ်ဆေးရန်ရှိသည်ဟုဆိုကာ ပြန်မလွှတ်သေးကြောင်း ၎င်းကဆိုသည်။ “စစ်တပ်ကားဆိုတဲ့အသံကြားတာနဲ့ […]

ကနက်သီရိရွာထိပ် တပ်လာစွဲပြီး‌နောက် ရွာသားတစ်ဆယ်နီးပါး အဖမ်းခံရ

diz_admin

April 6, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် စစ်တပ်ကတပ်စွဲပြီးနောက် ရွာသားတစ်ဆယ်နီးပါး အဖမ်းခံခဲ့ရကြောင်း ယင်းကျေးရွာသား အချို့ထံမှ သိရသည်။ တပ်သား အင်အား ၃၀ ခန့်မှာ ကနက်သီရိကျေးရွာထိပ် ၂၄ ဆူဘုရားကွင်းအတွင်း ဧပြီလ ၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် တပ်လာစွဲခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ယင်းတပ်စွဲသည့်နေ့ ညအချိန်တွင် စစ်သားများရွာအတွင်း ဝင်လာပြီး ကျေးရွာသားများဖြစ်သော ဦးကြည်လွင်၊ ဦးဝင်းဇော်၊ ဒေါ်မီးညို၊ ဒေါ်ဖြူဝင်း၊ ‌ကိုသန်းကျော်ထွေး အပါအဝင် ဆယ်ဦးခန့်ကို ဖမ်းဆီးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ လမ်းဘေးတွင်ထိုင်နေရင်း၊ ဆိုင်ကယ်မောင်းနေရင်း အဖမ်းခံရသူများလည်းရှိသဖြင့် ဒေသအခံအချို့ကို စိုးရိမ်ပြီး တိမ်းရှောင်နေကြကြောင်း ရွာသူရွာသားများထံမှ သိရသည်။ ယနေ့နံနက်ပိုင်းအထိ မေးမြန်းချက်အရ တပ်စွဲထားသည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူအချို့ကို ပြန်လွှတ်ပေးမည်ဖြစ်ပြီး အချို့ကိုမူ သရက်ချောင်းမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားမည်ဟု ကြားရကြောင်း […]

ထားဝယ်ရှိ ဆေးလိပ်ကုမ္ပဏီကို ဝင်စီး၊ နှစ်ဦးအဖမ်းခံရ

diz_admin

April 5, 2021

ထားဝယ်မြို့သစ် ၁၃ လမ်းရှိ ဆေးလိပ်ဖြန့်ချိရေးကုမ္ပဏီတစ်ခု၏ ထားဝယ်ရုံးခွဲတာဝန်ခံနှင့် ဝန်ထမ်းတစ်ဦးကို ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက ရဲနှင့်စစ်သားများက ဖမ်းဆီးသွားကြောင်း မိသားစုဝင်ထံမှ သိရသည်။ မြို့သစ်အတွင်းရှိ Fuxing Brother Groups ကုမ္ပဏီ၏ ထားဝယ်ရုံးခွဲကို ရဲနှင့် စစ်သားများက ဝင်ရောက်ရှာဖွေပြီးနောက် အသက် ၃၀ ကျော်ရှိ ရုံးခွဲတာဝန်ခံနှင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးတို့အား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရုံးခွဲတာဝန်ခံ၏ မိသားစုဝင်တစ်ဦးက Dawei Watch သို့ ပြောသည်။ “အခုထိ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရသေးဘူးရှင်” ဟု အဆိုပါ မိသားစုဝင်က ပြောသည်။ ဖမ်းဆီးခံရသည့် ရုံးတာဝန်ခံနှင့် ဝန်ထမ်းမှာ ၎င်းတို့၏ လစာမှ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) အတွက် ငွေကြေးလှူဒါန်းသည်ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးသည်ဟု ကြားရကြောင်း ၎င်းက […]

မုန်တိုင်းငယ်ကြောင့် တနင်္သာရီတိုင်းတွင် ဧပြီ ၇ အထိ မိုးရွာနိုင်

diz_admin

April 4, 2021

မုန်တိုင်းငယ်၏အရှိန်ကြောင့် ဧပြီလ ၂ ရက်မှ ၇ ရက်အတွင်း တနင်္သာရီတိုင်းတွင်‌ နေရာအနှံ့အပြားတွင် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) ကြောင့် ထိုသို့ မိုးရွာနိုင်ပြီး မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပြင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များသင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် […]

ထားဝယ်မြို့ပေါ် ဒရမ်သမားနှင့် ဇနီး အဖမ်းခံရ

diz_admin

April 2, 2021

ထားဝယ်သပိတ်စစ်ကြောင်းတွင်ပါဝင်လေ့ရှိသူ အသက် ၃၅ နှစ်အရွယ် ကိုဇေလင်းဦး နှင့် ဇနီး မနှင်းစုလှိုင် နှစ်ဦးအား ကျောက်မော်ရပ်၊ ကျန်းမာရေးလမ်းတွင် ထားဝယ်မြို့တွင် မတ်လ ၃၁ ရက် နေ့လယ်ပိုင်းက အဖမ်းခံရကြောင်း သိရသည်။ ကိုဇေလင်းဦးမှာ တေးဂီတအဖွဲ့တစ်ခုတွင် ဒရမ်တီးသူတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူမှာ ကိုဗစ်ကာလတွင် စင်ကာပူမှ ပြန်လာသူဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။ အဆိုပါလင်မယားနှစ်ဦးမှာ အိုးလုပ်ပြင်ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြပွဲများတွင် ပါဝင်နေသူဖြစ်သည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးကို မဖမ်းဆီးမီ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်စစ်ဆေးရေးဂိတ်တွင် အသက် ၃၆ နှစ်အရွယ်ရှိ ကိုမောင်မောင်ဝင်း ဖမ်းမိခဲ့ပြီး ကွင်းဆက်တရားခံအဖြစ် ကိုဇေလင်းဦးတို့ လင်မယားကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မြဝတီရုပ်မြင်သံကြားက မတ်လ ၃၁ ရက် ည ၈ နာရီသတင်းတွင် […]

ထားဝယ် ကြက်စားပြင်တွင် အနည်းဆုံး ရှစ်ဦးအဖမ်းခံရ

diz_admin

April 2, 2021

လက်နက်ရှာဖွေသည်ဟုဆိုကာ စစ်တပ်များ ဧပြီလ ၂ ရက် ညနေ ၃ နာရီအချိန်တွင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်အတွင်းသို့ ဝင်ရောက်လာပြီး ပြည်သူအချို့ကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ရပ်ကွက်အတွင်း ပန်းရံလုပ်နေသူ ၇ ဦး၊ နေအိမ်တွင်နေထိုင်သူတစ်ဦးတို့ကို ဖမ်းဆီးသွားပြီး NLD ပါတီအလံထောင်ထားသည့်နေအိမ်၊ ခြံစည်းရိုးအချို့ကိုလည်း ဖျက်ဆီးသွားကြောင်း ယင်းရပ်ကွက်တွင်နေထိုင်သူအချို့က ပြောသည်။ “တစ်အိမ်ဝင်၊ တစ်အိမ်ထွက် လိုက်ရှာကြတာ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးကဆိုသည်။ ထားဝယ်မြို့ရှိ ဝဲကျွန်း၊ ကြက်စားပြင် စသည့်ရပ်ကွက်များ အတွင်းသို့ စစ်တပ်က မကြာခဏဆိုသလို ဝင်ရောက်ပစ်ခတ်၊ ဖမ်းဆီး လေ့ရှိသည်။