BREAKING
March 10, 2025

ထားဝယ်

တနင်္သာရီတိုင်းအတွင်း အကျဉ်းသားတစ်ထောင်ကျော် လွတ်

diz_admin

April 17, 2021

တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းသား ၁၂၂၄ ဦးကို လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့ကြောင်း တိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။ ထားဝယ်အကျဉ်းထောင်မှ ၁၉၉ ဦး၊ မြိတ်အကျဉ်းထောင်မှ ၃၅၇ ဦး၊ ကော့သောင်းအကျဉ်းထောင်မှ ၃၇၅ ဦးနှင့် အလုပ်စခန်းများမှ ၂၉၃ ဦးကို ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။ လက်ရှိလွတ်ငြိမ်းသက်သာခွင့်မှာ ပြစ်ဒဏ်၏ လေးပုံတစ်ပုံကို လျော့ရက်အဖြစ်သတ်မှတ်ပြီး လွှတ်ပေးကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဆိုသည်။ “လျော့ရက်ပေးတာကို နှုတ်လိုက်လို့ရှိရင် လွတ်တဲ့လူတွေကို လွှတ်ပေးတာပေါ့နော်၊ ပြီးရင် စည်းကမ်းသတ်မှတ်ချက်ပေါ့ နောင်ကို ပြစ်မှုတစ်ခုခုမကျူးလွန်ရဘူး” ဟု ၎င်းက ပြောသည်။ အဆိုပါ စည်းကမ်းချက်မှာ နောက်ပိုင်းပြစ်မှုတစ်ခုခုထပ်မံကျူးလွန်ပါက လျော့ပေးလိုက်သည့် လက်ကျန်ပြစ်ဒဏ်ကိုပါ ပေါင်းပြီးခံရမည်ဖြစ်ကြောင်း အထက်ပါ […]

လောင်းလုံးတွင် သပိတ်စစ်ကြောင်းလိုက်သည့် ဆိုင်ကယ်အား ကားဖြင့်ဝင်တိုက်၊ အမျိုးသားတစ်ဦး အဖမ်းခံရ

diz_admin

April 17, 2021

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာ သပိတ်စစ်ကြောင်းတွင် လိုက်ပါနေသည့် ဆိုင်ကယ်အား ကားဖြင့်ဝင်တိုက်ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့‌ကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူအချို့ထံမှသိရသည်။ ဧပြီလ ၁၇ ရက်နံနက်ပိုင်းက စစ်အာဏာရှင်ဆန်ကျင်ရေး ဆိုင်ကယ်ဖြင့် စီတန်းလှည့်လည်နေစဉ် သပိတ်‌စစ်ကြောင်းအနောက်ဘက်တွင် ကျန်နေခဲ့သည့် ဆိုင်ကယ်တစ်စီးကို အရပ်ဝတ်‌သေနတ်ကိုင်များက အိမ်စီးကားဖြင့်ဝင်တိုက်ခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်နေသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ ထိုနောက် ဆိုင်ကယ်ပေါ်ပါ အင်းဇောက်ကျေးရွာနေ ဦးခင်ဇော်လွင်ကို ဖမ်းဆီးသွားကြောင်း အထက်ပါ အမျိုးသားက ပြောသည်။ “ကားနဲ့ဆိုင်ကယ်ကို တိုက်လိုက်တယ်။ ကျွန်‌တော်တို့ ထွက်ပြေးတဲ့အချိန်မှာ သေနတ်ထုတ်ချိန်ပြီး သူငယ်ချင်းကို ဖမ်းသွားတယ်” ဟု အဆိုပါ အမျိုးသားကပြောသည်။ ထိုဖြစ်စဉ်တွင် သေနတ်ပစ်ဖောက်ခြင်း မရှိခဲ့ပေ။ ဦးခင်ဇော်လွင်သည် အင်းဇောက်ကျေးရွာသပိတ်စစ်ကြောင်းနှင့်အတူလိုက်ပါလာစဉ် သာယာကုန်းကျေးရွာနှင့် မင်းရပ်ကျေးရွာအကြားတွင် အဖမ်းခံရခြင်းဖြစ်သည်။

သေနတ်သုံးချက်ပစ်ဖောက်ပြီး လူစုခွဲခံရတဲ့ ကံပေါက်သပိတ်

diz_admin

April 16, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၈ ရက်မြောက် ဝမ်းနည်းခြင်းသပိတ်ကို ဧပြီလ ၁၆ ရက်နေ့က ကံပေါက်ဒေသတွင် ပြုလုပ်ခဲ့သည်။ အဆိုပါသပိတ်စစ်ကြောင်း လူစုခွဲနေစဉ် ရဲနှင့် စစ်တပ်ရောက်လာပြီး သေနတ် သုံးချက်ပစ်ဖောက်ကာ လူစုခွဲခဲ့ကြောင်း ဒေသခံထံမှ သိရသည်။ သေနတ်ပစ်ဖောက်ခြင်းနှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာ ရရှိခြင်း ၊ ဖမ်းဆီးခံရခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

ဆိုင်ကယ်သွားထုတ်သည့် ကျောင်းဆရာမတစ်ဦးနှင့် သားဖွားဆရာမတစ်ဦး အဖမ်းခံရ

diz_admin

April 13, 2021

ဆိုင်ကယ်သွားထုတ်သည့် ကျောင်းဆရာမတစ်ဦးနှင့် သားဖွားဆရာမတစ်ဦး ဧပြီလ ၁၀ ရက်နေ့လယ်ပိုင်းက အဖမ်းခံခဲ့ရကြောင်း ထားဝယ်ကုသိုလ်ဖြစ်ဆေးအဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၂၇ ရက်က ကျည်ဆန်ထိမှန်ခဲ့သည့် လူနာအမျိုးသားတစ်ဦးကို သွားရောက်ကုသပေးစဉ် ကုသိုလ်ဖြစ်ဆေးခန်းမှ ဆိုင်ကယ်သုံးစီးကို ရဲတပ်ဖွဲ့နှင့် စစ်သားများက သိမ်းယူသွားပြီး ဧပြီလ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ဆိုင်ကယ်လာထုတ်ရန် တိုင်းရဲရုံးသို့ ခေါ်ယူသဖြင့် သွားရောက်ထုတ်ယူစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု အထက်ပါ‌ဆေးအဖွဲ့မှ အမျိုးသားတစ်ဦးက ပြောသည်။ တိုင်းရဲရုံးတွင် ဆိုင်ကယ်သွားထုတ်ရန် ကျောင်းဆရာမက ဦးစွာရောက်ရှိခဲ့ခြင်းဖြစ်ပြီး ညီမဖြစ်သူ သားဖွားဆရာမအား တိုင်းရဲရုံးကိုလာခဲ့ရန် ခေါ်သဖြင့် ညီမဖြစ်သူနှင့် ကုသိုလ်ဖြစ်ဆေးခန်းမှ ဆေးဝါးအကူ သူနာပြုဆရာတစ်ဦး ရောက်ရှိစဉ် ဖုန်းများကို စစ်ဆေးပြီး သုံးဦးစလုံးကို တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ခြင်းဖြစ်သည်။ သူနာပြု အမျိုးသားကိုမူ ညနေပိုင်းတွင် ခံဝန်ဖြင့် […]

ထားဝယ်မြို့အနီး ကသန်းကျေးရွာ ပစ်ခတ်မှု

diz_admin

April 10, 2021

ထားဝယ်မြို့အနီး ကျေးရွာတစ်ရွာတွင် ဧပြီလ၁၀ ရက်နေ့ နံနက်ပိုင်းက သေနတ်ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်အတွင်း ကရင်တိုင်းရင်းသားတစ်ဦး သေဆုံးသွားခဲ့ပြီး တပ်ဆေးရုံကမူ ဆိုင်ကယ်လဲသဖြင့် သေဆုံးသည်ဟု ဆိုသည်။ အသက် ၃၉ နှစ်အရွယ်ရှိ စောဆဲနေမူးသည် ဓားသွေးကျောက်ကျေးရွာမှ ထားဝယ်မြို့ဘက်သို့လာစဉ် မြို့အဝင်ဖြစ်သည့် ဗျောတောဝဂိတ်တွင် စစ်ဆေးရန် ရဲနှင့် စစ်တပ်က တားဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ ထိုသို့ တားဆီးသည်ကို ကရင်အမျိုးသားက ကြောက်လန့်ပြီး လာရာလမ်းအတိုင်း ပြန်မောင်းပြေးခဲ့သည်ဟု ဆိုသည်။ ထိုသူမောင်းပြေးရာနောက်သို့ သေနတ်ကိုင်ထားသည့် အရပ်ဝတ်များက ဆိုင်ကယ်သုံးစီးဖြင့် လိုက်သွားသည်ကို တွေ့ရကြောင်း မြင်တွေ့ခဲ့သည့် အသက် ၄၀ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုနောက် သေနတ်သံခြောက်ချက်ခန့်ကြားရပြီး ဗျောတောဝဂိတ်နှင့် သုံးမိုင်ခန့်အကွာရှိ ကသန်းကျေးရွာတွင် ဆိုင်ကယ်လဲသွားကြောင်း ဒေသခံအချို့က […]

ထားဝယ်နှင့်မြိတ်တွင် ညမထွက်ရအချိန်ပြောင်း

diz_admin

April 10, 2021

ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် ညမထွက်ရသတ်မှတ်ထားသည့် အချိန်ကို ဧပြီလ ၉ ရက်နေ့မှစကာ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။ ယခင်က ညမထွက်ရအချိန်ကို ည ၈ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ လက်ရှိတွင် ည ၉ နာရီမှ နံနက်၄ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။ ယင်းသို့ ဖြေလျော့မှုနှင့် ပတ်သက်၍ ထားဝယ်မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးကအတည်ပြု ပြောကြားသည်။ ဒေသတွင်း တည်ငြိမ်မှုများရှိလာသည့်အတွက် ယင်းကဲ့သို့ ဖြေလျော့သည့် အမိန့်ထုတ်လိုက်ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ဆိုသည်။ “အားလုံးတည်ငြိမ်အေးချမ်းလာတာဖြစ်တော့ အမိန့်အရ ဒီလိုဖြေလျော့ရတာပါ”ဟု ၎င်းက ပြောသည်။ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ညမထွက်ရ အပါအဝင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားသည်။ ထားဝယ်နှင့် မြိတ်မြို့နယ်အပြင် […]

လောင်းလုံးတွင် ဆန္ဒမပြရန် နစက ကောင်စီ စည်းရုံး

diz_admin

April 9, 2021

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်အာဏာရှင်ဆန့်ရှင်ရေးဆန္ဒပြခြင်းများ မလုပ်ရန် လာရောက်ညှိနှိုင်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သကျက်တောကျေးရွာတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အနီးတဝိုက်ရှိကျေးရွာများမှ ဘုန်းကြီးများ၊ ရပ်မိရပ်ဖများတက်ရောက်သည့် ယင်းတွေ့ဆုံပွဲတွင် ဒေသခံတက်ကြွ လှုပ်ရှားသူများနှင့် အာဏာဖီဆန်ရေး(CDM) မလုပ်ရန် ဒုတိယရဲမှူးကြီးအဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောဆိုခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်သည့် အမျိုးသားတစ်ဦးက ဆိုသည်။ သကျက်တောကျေးရွာတွင် တက်ကြွလှုပ်ရှားသူ ၇ ဦးနှင့် အာဏာဖီဆန်ရေး(CDM) ဝန်ထမ်း ၂ ဦးကို နောက်မလုပ်ရန် ခံဝန်ထိုးပေးပါက ဖမ်းဆီးခြင်းမခံရစေရန် တာဝန်ယူသည်ဟု အထက်ပါဒုရဲမှူးကြီးက ပြောသည်ဟု ၎င်းက ဆိုသည်။ “ဆန္ဒမပြဖို့ နဲ့ CDM လှုပ်ရှားမှုတွင် မပါဝင်ဖို့ ခံဝန်လာထိုးရင် မှဲ့တစ်ပေါက်မစွန်းစေရန် တာဝန်ယူမယ်ဆိုပြီးပြောတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ဒေသတွင်း တက်ကြွလှုပ်ရှားသူများနှင့် CDM […]

လောင်းလုံး သကျက်တောတွင် နှစ်ဦး အဖမ်းခံရ

diz_admin

April 7, 2021

လောင်းလုံးမြို့နယ်အတွင်းရှိ သကျက်တောရွာတွင် ရဲနှင့် စစ်တပ်ကတပ်စွဲပြီး ဖမ်းဆီးနေရာ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းအထိ လူနှစ်ဦးအဖမ်းခံထားရကြောင်း အဆိုပါရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက Dawei Watch သို့ပြောသည်။ ဧပြီလ ၅ ရက်နေ့တွင် ရဲနှင့် စစ်ကား ၅ စီးခန့်က သကျက်တောနယ်မြေရဲစခန်းတွင် တပ်လာစွဲထားပြီး CDM လုပ်ထားသည့် ဝန်ထမ်းများကို လာရောက်ဖမ်းဆီးရာမှ လက်ရှိတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် အသက် ၅၈ နှစ်အရွယ်ရှိ NLD ပါတီ မြို့နယ်စည်းရုံးရေးမှူးတစ်ဦးတို့ အဖမ်းခံထားရကြောင်း ၎င်းက ဆိုသည်။ ထိုသို့ တပ်နှင့်ရဲက သကျက်တောနယ်မြေရဲစခန်းတွင် တပ်လာစွဲထားသည့်အတွက် ဒေသခံရွာသားများလည်း တိမ်းရှောင်နေကြရသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ “ရွာသားတွေလည်း ရှောင်နေကြတော့ ရွာမှာတိတ်ဆိတ်နေတာပဲရှင်”ဟု ၎င်းက ဆိုသည်။ အဖမ်းခံထားရသည့် အထက်ပါလူနှစ်ဦးကို […]