BREAKING
March 10, 2025

ထားဝယ်

ထားဝယ်တွင် အဖမ်းခံရသည့် အခြေခံပညာကျောင်းသားနှစ်ဦး အမြန်ဆုံးလွှတ်ပေးရန် တောင်းဆို

diz_admin

April 21, 2021

ထားဝယ်သပိတ်စစ်ကြောင်းဖြိုခွင်းချိန်တွင် ဖမ်းဆီးခံရသည့် အခြေခံပညာကျောင်းသားနှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် အကသ-ထားဝယ် (ဗကသများအဖွဲ့ချုပ်)က တောင်းဆိုလိုက်သည်။ ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန်တွင် ဒဿမတန်းကျောင်းသားများဖြစ်သည့် ကိုအောင်ပြည့်ဖြိုးနှင့် ကိုနေဇော်အောင်တို့ကို အဖမ်းခံခဲ့ရကြောင်း ယင်းသမဂ္ဂများက ထုတ်ပြန်ထားသည်။ အဆိုပါ ကျောင်းသားနှစ်ဦးစလုံးမှာ အသက် ၁၆နှစ်သာရှိသေးပြီး အသက်မပြည့်သေးသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။ အထက်ပါသပိတ်စစ်ကြောင်းဖြိုခွင်းချိန်က ယင်းကျောင်းသားနှစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦး အဖမ်းခံရကြောင်း သိရသည်။

ထားဝယ်တွင် လူ နှစ်ဆယ်ခန့် အဖမ်းခံရ

diz_admin

April 20, 2021

လုံခြုံရေးတပ်ဖွဲ့များက နေအိမ်များကို ဝင်ရောက် စီးနင်း ဖမ်းဆီးမှုများကြောင့် ဧပြီလ ၁၈ ရက်‌က ထားဝယ်မြို့မှာ လူ နှစ်ဆယ်ခန့် အဖမ်းခံရကြောင်း စုံစမ်း သိရှိရသည်။ ကြက်စားပြင်ရပ်ကွက်၊ မီးရထားလမ်းဘက်ရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေစီးနင်းခဲ့သဖြင့် လူဆယ်ဦးခန့် အဖမ်းခံခဲ့ရသည်ဟု သိရသည်။ အလားတူ ဝဲကျွန်းရပ်ကွက်၊ သုခလမ်းတွင်နေထိုင်သူ အမျိုးသမီး တစ်ဦးကို အမည်၊ ဓာတ်ပုံနှင့်တကွ လာရောက်ဖမ်းဆီးရာ နေအိမ်တွင် မတွေ့သဖြင့် ၎င်း၏ အမျိုးသားဖြစ်သူနှင့် အစ်မဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လာရောက် ရှာဖွေခံရသူ ကာယကံရှင် အမျိုးသမီးက ပြောသည်။ “ပုံနဲ့လာတယ်၊ ပုံနဲ့လာတာမှာ ကျွန်မ အစ်မလည်း ပါတယ်ရှင်၊ ကျွန်မ အမျိုးသားကတော့ မပါဘူး။ ကျွန်မ အမျိုးသား အစား ဖမ်းဆောင်သွားတယ်လို့ပဲ ထင်တယ်” ဟု၎င်း က […]

ထားဝယ် ရွှေဂူတံတားအနီး ပေါက်ကွဲမှုဖြစ်

diz_admin

April 20, 2021

ထားဝယ်မြို့အထွက် ရွှေဂူတံတားအနီးတွင် ဧပြီလ ၂၀ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ရှင်မုတ္ထီးရွာနှင့် ညောင်ဇင်ရွာအကြားရှိ ‘ကြိုဆိုပါ၏’ ဆိုင်းဘုတ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ရှင်မုတ္ထီးရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။ အဆိုပါနေရာမှာ မြိတ်-ထားဝယ် ကားလမ်းပေါ်တွင် တည်ရှိပြီး ထားဝယ်မြို့မှ ၇ မိုင်ခန့် ကွာဝေးသည်။ ‌နံနက် ၅ နာရီကျော်အချိန်တွင် ကျယ်လောင်သည့်ပေါက်ကွဲသံနှင့် သေနတ်ပစ်ဖောက်သံတို့ကို ရှင်မုတ္ထီးရေတွင်းကြီးအနီးကပင် ကြားရကြောင်း အထက်ပါအမျိုးသမီးတစ်ဦးက ပြောသည်။ “ဗုံးသံအကျယ်ကြီးတစ်ချက်ကြားတယ်။ သေနတ်သံက နှစ်ချက်ကြားရတယ်” ဟု ၎င်းက ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီးအနားကို စစ်ကားနှစ်စီးဖြင့် စစ်သားများ လာရောက်စစ်ဆေးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူရှိသည်ဟု မကြားရကြောင်း ယင်းကျေးရွာနေ အခြား‌ဒေသခံတစ်ဦးက ဆိုသည်။ ဧပြီလ ၁၇ ရက်ညကလည်း ထားဝယ်မြို့အထွက် ဗျောတောဝဂိတ်အနီးတွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

နယ်စပ်မှ စားသောက်ကုန်လေးမျိုး တင်သွင်းခွင့်ကန့်သတ်၊ တနင်္သာရီတိုင်းလည်း အကျုံးဝင်

diz_admin

April 20, 2021

နယ်စပ်ဂိတ်များမှ စားသောက်ကုန်လေးမျိုး ယာယီတင်သွင်းပိတ်မည့်ညွှန်ကြားချက်တွင် တနင်္သာရီတိုင်းလည်း အကျုံးဝင်ကြောင်း စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြောကြားသည်။ မေလ ၁ ရက်နေ့မှ စတင်ကာ အချိုရည်မျိုးစုံ၊ ကော်ဖီမစ်နှင့် တီးမစ်မျိုးစုံ၊ Instant ကော်ဖီ၊ နို့ဆီနို့စိမ်း စသည့်စားသောက်ကုန် လေးမျိုးကို မြဝတီနယ်စပ်မှ ယာယီတင်သွင်းခွင့်ယာယီပိတ်မည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဧပြီလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။ အဆိုပါစားသောက်ကုန်လေးမျိုးကို ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အထက်ပါ ပစ္စည်းလေးမျိုးတင်သွင်းခွင့် ယာယီပိတ်ခြင်းမှာ တနင်္သာရီတိုင်းအတွင်းရှိ နယ်စပ်ဝင်ပေါက်များပါ အကျုံးဝင်ပြီး သတ်မှတ်ရက်နောက်ပိုင်းတွင် တင်သွင့်ခွင့်မရှိတော့ကြောင်း စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။ အထက်ပါထုတ်ပြန်စာတွင်မူ တင်သွင်းခွင့် ယာယီကန့်သတ်ခြင်းကို မြဝတီနယ်စပ်ဂိတ်တစ်ခုတည်းကိုသာ ရည်ညွှန်းထားသည်။ “(နယ်စပ်ဂိတ်ဂိတ်သုံးခုစလုံး) အကျုံးဝင်တယ်၊ သူက တင်သွင်းခွင့်ယာယီပိတ်တာပါ”ဟု ၎င်းက ပြောသည်။ တနင်္သာရီတိုင်းအတွင်း […]

ထားဝယ်မြို့‌ဟောင်းရွာမှ မီးလောင်ခံရသည့်မိသားစုနှစ်ဦး ထပ်မံသေဆုံး

diz_admin

April 20, 2021

လောင်းလုံးမြို့နယ် မြို့ဟောင်းကျေးရွာအုပ်စု ဒေသအခေါ် ဂန်တောင်ရွာ၌ နေအိမ်မီးလောင်ခံရသည့် မိသားစုတွင် သေဆုံးသူ သုံးဦးရှိသွားပြီဖြစ်သည်။ မတ်လ ၂၁ ရက်ညက နေအိမ်မီးလောင်မှုတွင် မိသားစုဝင်ခုနှစ်ဦး မီးလောင်ခံရပြီး လက်ရှိအချိန်ထိ သုံးဦး အသက်ဆုံးပါးသွားခြင်းဖြစ်သည်။ မီးလောင်ရာတွင် အသက် ငါးဆယ်ဝန်းကျင်အရွယ် ‌ဒေါ်ရီရီမွန်၊ အသက် ၂၄ နှစ်အရွယ် ကိုထက်လင်းစိုး၊ တက္ကသိုလ်ကျောင်းသူ မအိမြတ်မော်၊ အသက် ၁၇ နှစ်အရွယ် မယွန်းနဒီမော်၊ အသက် ၅ နှစ်အရွယ် မောင်အောင်ပိုင်ထွေး၊ အသက် ၃၀ အရွယ် ဖိုးစီ(ခ) ကို‌ဟဲအောင်နှင့် (၇)အသက် ၁၄ နှစ်အရွယ် မောင်ကျော်မင်းထိုက်တို့ မီးလောင်ဒဏ်ပြင်းထန်စွာရရှိခဲ့ပြီး တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေခဲ့သည်။ အသက် ၁၄ နှစ်အရွယ် မောင်ကျော်မင်းထိုက်မှာ မီးလောင်မှုဖြစ်ပြီး နောက်တစ်နေ့မှာပင် သေဆုံးသွားခဲ့သည်။ ကျန်သူများ […]

ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း

diz_admin

April 20, 2021

ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းသည် ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဓာတ်ပုံ – Dawei Watch

မိုးရေထဲ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်‌နေဆဲဖြစ်သည့် ကံပေါက်သပိတ်

diz_admin

April 18, 2021

ကံပေါက်သပိတ်စစ်ကြောင်းဟာ မိုးရွာနေတာကို အံတုရင်း ဧပြီလ ၁၉ ရက်နံနက်ပိုင်းက ရက် ၇၀ ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။

ကံပေါက်ဒေသရဲ့ အတာအိုးသပိတ်

diz_admin

April 17, 2021

ကံပေါက်ဒေသရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေးအတာအိုးသပိတ်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အဲဒီသပိတ်မှာ ဆန္ဒပြသူတွေက အတာအိုးတွေကို ပစ်ခွဲပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ပါတယ်။