လောင်းလုံးထွေအုပ်ရုံးအတွင်းမှ စားသုံးဆီပုံးများ အပြင်သယ်ထုတ်
diz_admin
April 23, 2021ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအတွင်း သိုလှောင်ထားသည့် စားသုံးဆီပုံးများကို ဧပြီးလ ၂၃ ရက်နေ့တွင် အပြင်သို့သယ်ထုတ်နေကြောင်း မြို့ခံအချို့ကပြောသည်။ ကိုဗစ်ကာလအတွင်း စားသုံးဆီမပြတ်စေရေးနှင့် အခြေခံလူတန်းစားများအား ထောက်ပံ့ရေးအတွက် ငါးဂါလံဝင်ဆံ့ စားဆီပုံးထောင်ချီ ကို တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင် လက်ထက်က ချထားပေးခဲ့ဖူးသည်။ ယင်းဆီပုံးများအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ ဗထူးအစည်းအဝေးခန်းမနှင့် အခြားခန်းတစ်ခုတွင် သိုလှောင်ထားခဲ့သည်။ ကိုဗစ်ကြောင့် စားဝတ်နေရေး အခက်အခဲရှိသော အခြေခံလူတန်စားများအား ပထမဆုံးအကြိမ် ဆန်၊ ဆီး၊ ကြက်သွန်များကိုပေးဝေခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ဝန်းကျင်ကတည်းက ယင်းဆီပုံးများ ရောက်ရှိနေခြင်းဖြစ်ကြောင်း ထွေအုပ်ဝန်ထမ်းတစ်ဦးက ဆိုသည်။ တပ် အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းအချိန်တွင် သိုလှောင်ထားသော ယင်းစားသုံးဆီများအား အပြင်ဈေးဆိုင်များ ထံရောင်းထုတ်ရန် စီစဉ်ခဲ့သေးသော်လည်း ဈေးနှုန်းညှိမရသဖြင့် ရောင်းချနိုင်ခြင်းမရှိခဲ့ကြောင်း […]