BREAKING
March 10, 2025

ထားဝယ်

CDM လုပ်နေသည့် ထားဝယ်က ဘဏ်ဝန်ထမ်းအချို့ အလုပ်ထုတ်ခံရ

diz_admin

April 28, 2021

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်နေသည့် မြန်မာ့အရှေ့တိုင်းဘဏ်(MOB) ထားဝယ်ဘဏ်ခွဲမှ ဝန်ထမ်း ၁၀ ဦးမှာ ဧပြီလ ၂၈ ရက်တွင် အလုပ်မှရပ်ဆိုင်းခံလိုက်ရသည်။ ဘဏ်မှသတ်မှတ်ထားသော ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်ပျက်ကွက်သည်ဟုဆိုကာ အလုပ်မှရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အလုပ်ရပ်နားသည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။ “အစကတည်းက ဒီလိုအလုပ်ထုတ်ခံရမယ်ဆိုတာသိလျက်နဲ့ CDM လုပ်တာဆိုတော့ သိပ်တော့မခံစားရဘူး” ဟု အလုပ်ရပ်ဆိုင်းခံလိုက်ရသည့် MOB ဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။ လက်ရှိတွင် CDM လုပ်နေသည့် အခြားပုဂ္ဂလိကဘဏ်ဝန်ထမ်းများလည်း အလုပ်ပြန်မဆင်းပါက အလုပ်ထုတ်ပစ်မည်ဟုဆိုကာ ဖိအားပေးခံနေရသည်။ ယခင်က ဘဏ်ဝန်ထမ်းတော်တော်များများ CDM တွင်ပါဝင်သော်လည်း အချို့မှာ အလုပ်ပြန်ဆင်းနေကြပြီဖြစ်သည်။

လောင်းလုံးသပိတ်စစ်ကြောင်း လူစုခွဲပြီးနောက် ပစ်ခတ်မှုဖြစ်၊ ဆိုင်ကယ်များအသိမ်းခံရ

diz_admin

April 25, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တောင်ပိုင်းကျေးရွာများသပိတ်စစ်ကြောင်း လူစုခွဲပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် ခြောက်စီး အသိမ်းခံလိုက်ရကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူအချို့ထံမှ သိရသည်။ ဧပြီလ ၂၅ ရက် လောင်းလုံးတောင်ပိုင်းကျေးရွာများသပိတ်စစ်ကြောင်းသည် ကဒက်ကြီးရွာအနီးတွင် ရဲကားရောက်လာသဖြင့် လူစုခွဲလိုက်ရကြောင်း စစ်ကြောင်းတွင်ပါဝင်သူအမျိုးသားတစ်ဦးကဆိုသည်။ လူစုခွဲလိုက်ပြီးဖြစ်သဖြင့် ဆက်ထွက်သွားသည့်ရဲကားသည် ကဒက်ကြီးကျေးရွာ သင်္ချိုင်းအရောက်တွင် သေနတ်ပစ်ခတ်သံများကြားရသည်ဟုဆိုသည်။ ယင်းနောက် ကဒက်ကြီးသင်္ချိုင်းအတွင်း ဝင်ပုန်းနေသူများ ထွက်ပြေးသွားသည်ကိုတွေ့ရပြီး ကျန်ခဲ့သည့် ဆိုင်ကယ် ခြောက်စီးကို မြေသယ်ကားတစ်စီးပေါ်တင်ပြီး သိမ်းဆည်းသွားကြောင်း မျက်မြင်တွေ့သူတစ်ဦးက ဆိုသည်။ ယင်းပစ်ခတ်မှုတွင်မူ ထိခိုက်ဒဏ်ရရသူမရှိကြောင်း သိရသည်။ ဓာတ်ပုံ – လောင်းလုံး သပိတ်ကော်မတီ

ကံပေါက်တွင် PSI စလောင်းများ ဖြုတ်သိမ်းရန် အသိပေး

diz_admin

April 25, 2021

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ထိုင်းနိုင်ငံထုတ် PSI စလောင်းများကို ဖြုတ်သိမ်းရန် တပ်ကောင်စီဘက်က လိုက်လံသတိပေးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဧပြီလ ၁၆ ရက်တွင် PSI စလောင်းများကို နောက်ဆုံးဖြုတ်သိမ်းရန် ရေးသားထားသည့်စာရွက်များကို ဧပြီလ ၂၅ ရက်တွင် စစ်သားများက လိုက်ကပ်နေကြောင်း ၎င်းတို့ကဆိုသည်။ မဖြုတ်ပါက အရေးယူမည်ဆိုသောကြောင့် အချို့ကဖြုတ်သိမ်းနေကြကြောင်း ဒေသခံတစ်ဦးကဆိုသည်။ “တချို့ကတော့ ကြောက်ပြီးဖြုတ်နေကြတယ်။ အများစုကတော့ မဖြုတ်ကြဘူး” ဟု ၎င်းကဆိုသည်။ ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာနှင့် အနီနားကျေးရွာအချို့ကိုလည်း ပြီးခဲ့သည့်အပတ်က ယင်းနည်းတူ PSI စလောင်းများဖြုတ်သိမ်းရန် သတိပေးခဲ့ဖူးသည်။ မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံရသဖြင့် အွန်လိုင်းပေါ်တွင်သတင်းအချက်မရနိုင်သည့် အခြေအနေတွင် ပြည်သူအများစုသည် PSI စလောင်းမှတဆင့်ထုတ်လွှင့်သည့် ရုပ်မြင်သံကြား သတင်းများကို အားကိုးနေရခြင်းဖြစ်သည်။ PSI စလောင်းများသည် တရားမဝင်ကြောင်းလည်း တပ်ကောင်စီကလိုက်ကပ်နေသည့် […]

ထားဝယ် စောမိညို ပစ်ခတ်မှု အနည်းဆုံး တစ်ဦးဒဏ်ရာရ

diz_admin

April 25, 2021

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် စောမိညိုလမ်းတွင် ဧပြီလ ၂၅ ရက် ညနေ ၃ နာရီကျော်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးတစ်ဦး ဒဏ်ရာရှိခဲ့ကြောင်း ယင်းရပ်ကွက်နေသူတို့ထံမှ သိရသည်။ မြို့အတွင်း လှည့်လယ်သွားလာနေသည့် ရဲကားများ စောမိညိုလမ်းကို ဖြတ်သန်းစဉ် ဖဲရိုက်နေသူများ ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်လိုက်ခြင်းဖြစ်ကြောင်း ကြက်စားပြင်ရပ်ကွက်သားတစ်ဦးကဆိုသည်။ “ရဲကားက မီးသုံးလုံးလမ်းဆုံကနေပြီးတော့ အမှတ် ၂ ကျောင်းဘက်ကို သွားမလို့ကွေ့လိုက်ပြီးမှ သတင်းရလို့လားမသိဘူး စောမိညိုလမ်းဘက်ကို ဝင်သွားတာ” ဟု ၎င်းကဆိုသည်။ ဖဲရိုက်နေသူတို့၏ ဆိုင်ကယ်ဟုယူဆရသည့် ဆိုင်ကယ်များကိုလည်း သိမ်းဆည်းသွားကြောင်း သိရသည်။

တရားမဝင်မြေဖို့ထားသည့် လယ်ယာမြေများ ၇ ရက်အတွင်း ပြန်ဖယ်ပြီး စပါးစိုက်ရမည်

diz_admin

April 24, 2021

လောင်းလုံးမြို့နယ်အတွင်း လယ်ယာမြေပေါ် တရားမဝင်မြေဖို့ထားပါက ၇ ရက်အတွင်း ပြန်လည်ဖယ်ရှားရမည်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဧပြီလ ၂၂ ရက်နေ့တွင် အမိန့်ထုတ်ထားသည်။ အဆိုပါမြို့နယ်အတွင်းရှိ သာယာကုန်းကျေးရွာ လယ်ယာမြေပေါ်တွင် တရားမဝင် မြေဖို့ ၊မြေညှိ၊ မြေပြင်ထားည်ကို စစ်ဆေးတွေ့ရသဖြင့် ၇ ရက်အတွင်း ပြန်လည်ဖယ်ရှားရန် စာထုတ်ထားခြင်းဖြစ်သည်။ ထို့အပြင် ဖို့ထားသည့်မြေကို ဖယ်ရှားပြီး မူလစိုက်ပျိုးခဲ့သည့်စပါးကို ပြန်လည်စိုက်ပျိုးရန်ဟုလည်း အမိန့်တွင်ဖော်ပြထားသည်။ ယင်းကဲ့သို့ လယ်မြေပေါ်မြေဖို့ထားသည့်အတွက် ပြန်လည်ဖယ်ရှားရန် အမိန့်ထုတ်ထားသည့် အခြားနေရာများလည်းရှိကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။ နေရာအရေအတွက်ကိုမူ အသေးစိတ်ပြန်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အမိန့်ထုတ်ထားသည့်အတိုင်း ၇ ရက်အတွင်း ဖယ်ရှားခြင်းမရှိပါက လယ်ယာမြေဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။ လယ်ယာမြေဥပဒေအရ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရပြီး မြေစာရင်းဦးစီးမှူးက […]

တစ်ရက်မနား ဆန္ဒပြနေတဲ့ ကံပေါက်ဒေသပြည်သူများ

diz_admin

April 24, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြနေကြတာ ၇၆ ရက်မြောက်ရှိပါပြီ။ ဆန္ဒပြသူများက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြ‌ကြတဲ့ပြည်သူလူထုများက အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ N U Gကိုလည်း ထောက်ခံကြိုဆိုခဲ့ကြပါတယ်။

ကံပေါက်တွင် ဥဩစာစဉ်နှင့် အပြိုင် တပ်ကောင်စီလက်ကမ်းစာစောင်ဝေ

diz_admin

April 24, 2021

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသဘက်ရှိ ကျေးရွာအချို့ကို တပ်ကောင်စီလက်ကမ်းစာစောင်နှင့် ဒီမိုကရေစီရရှိရေး ဆန္ဒထုတ်ဖော်နေသည့် လူငယ်များဖြန့်ချိသည့် ဥဩစာစဉ်တို့ အပြိုင်ဖြန့်ချိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ တပ်ကောင်စီ၏လက်ကမ်းစာစောင်များကို ဧပြီလ ၂၀ ရက်တွင်စတင်ဖြန့်ချိနေပြီး ဥဩစာစဉ်မှာ ဧပြီလ ၂၁ ရက်တွင် စတင်ဖြန့်ချိခြင်းဖြစ်ကြောင်း ကံပေါက်ဒေသခံတို့က ပြောသည်။ တပ်ကောင်စီ လက်ကမ်းစာစောင်အား လူစည်ကားသည့်နေရာများသို့ စစ်ကားများဖြင့် လက်ကမ်းစာစောင်များ အထုတ်လိုက်ချထားခြင်း၊ ကြဲခြင်း စသည့် နည်းလမ်းတို့ဖြင့် ဖြန့်ချိပြီး ဥဩစာစဉ်ကိုမူ လူငယ်တို့ကလိုက်လံဝေငှနေသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးကဆိုသည်။ မိုဘိုင်းအင်တာနက်များ ဖြတ်တောက်ခံရခြင်း၊ သတင်းထောက်များဖမ်းဆီး ဖိနှိပ်ခံ‌နေရသည့် အခြေအနေတွင် ပြည်သူများ သတင်းအချက်အလက်အမှန်များသိရှိရန် ခက်ခဲလျက်ရှိသည်။

လောင်းလုံးတောင်ပိုင်း ကျေးရွာ သပိတ်စစ်ကြောင်း သေနတ်ပစ်ဖောက်လူစုခွဲခံရ

diz_admin

April 24, 2021

လောင်းလုံးမြို့တောင်ဘက်ကျေးရွာများစုပေါင်းထားသည့် ပူးပေါင်းသပိတ်စစ်ကြောင်းသည် သကျက်တောနယ်မြေရဲစခန်း အနီးတွင် သေနတ်ဖောက် လူစုခွဲခံရကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူနှင့် ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ သပိတ်စစ်ကြောင်းသည် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက သကျက်တောရွာတွင် သေနတ်ပစ်ဖောက် လူစုခွဲခံရကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ဆိုသည်။ “ရဲစခန်းရှေ့မှာက ဘယ်ရီဂိတ်တွေချထားတာ။ ပစ်တာက ရော်ဘာကျည်နဲ့ပစ်တာ။ သုံးချက်ပစ်တယ်။ လူကိုမထိဘူး” ဟု ဆန္ဒပြစစ်ကြောင်းတွင်ပါဝင်သူတစ်ဦးက ဆိုသည်။ အဆိုပါ သပိတ်စစ်ကြောင်းတွင် သကျက်တော၊ ရေဖြူ၊ ကဒက်ကြီး ၊ ကြက်ယက်တွင်း အစရှိသည့် ကျေးရွာများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများပါဝင်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူအချို့ထံမှ သိရသည်။ ဆန္ဒပြသူများက ရဲစခန်းအရှေ့မှ မဖြတ်ဘဲ မျက်နှာချင်းဆိုင်ရှိ အခြားရှောင်ကွင်းလမ်းတစ်ခုမှ သွားရန်ပြင်နေစဉ် သေနတ်ပစ်ဖောက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။ […]