တိုတယ် CDM ဝန်ထမ်းများ အလုပ်ပြန်ဆင်းရန် ဖိအားပေးခံရ
diz_admin
March 2, 2021ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ တိုတယ် (Total) ကုမ္ပဏီတွင် အလုပ်မဆင်းဘဲ CDM လုပ်နေသည့် ဝန်ထမ်းများ အလုပ်မဆင်းပါက လူအစားထိုးခန့် အပ်မည်ဆိုကာ Atalian Global Service ကုမ္ပဏီဘက်မှ ဖိအားပေးလာကြောင်း စုံစမ်းသိရှိရသည်။ တိုတယ်ကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်း ၄၄ ဦးသည် ဖေဖော်ဝါရီလ ၂၅ ရက်မှစပြီး အလုပ်မဆင်းဆန္ဒထုတ်ဖော် (CDM) မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းသို့ကြေညာပြီး နောက်တစ်နေ့တွင် Atalian Global Service ကုမ္ပဏီဘက်က ဖိအားပေးလာခြင်း ဖြစ်သည်။ တိုတယ်ကုမ္ပဏီတွင် တာဝန်ထမ်း ဆောင်နေသော လုံခြုံရေးဝန်ထမ်းများကို Atalian Global Service ကုမ္ပဏီထံမှ ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သောကြောင့် ယင်းကဲ့သို့ဖိအားပေး လာခြင်းဖြစ်ကြောင်း လုံခြုံရေးဝန်ထမ်း တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ လကုန်ရက်မှစပြီး […]