ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများကို မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ထိန်းသိမ်းစစ်မေးခံရသည့် အုပ်ချုပ်ရေးမှူးဟောင်းအချို့ထံမှ သိရသည်။ မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော်ကို ဧပြီလ ၂၉ ရက်နေ့တွင် ထားဝယ်မြို့မရဲစခန်း၌ စတင်ထိန်းသိမ်း ထားခဲ့သည်။ ယင်းနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား နိုင်ငံရေးနှင့် ပတ်သက်ခြင်းရှိ/ မရှိနှင့် လက်ကိုင်ဖုန်းထဲတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် ဓာတ်ပုံရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း ယင်းရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများက ဆိုသည်။ “နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်မှု ရှိလားဆိုတာ မေးတယ်၊ တရားခံစစ်တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ အေးအေးဆေးဆေးထိုင်ပြီး မေးတယ်” ဟု စစ်မေးခံရသည့် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ စစ်မေးကြောင်းကို ပြင်ပသို့ ထုတ်မပြောရန်လည်း မှာလိုက်ပြီး ကိုယ်ရေးမှတ်တမ်းအကျဉ်းကိုလည်း ပေးခဲ့ရသည်ဟု ဆိုသည်။ ထိန်းသိမ်းစစ်မေးခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၇ ဦးကို […]