BREAKING
March 10, 2025

ထားဝယ်

တနင်္သာရီတိုင်းတွင် နေ့စားလပေး ဆရာ ဆရာမ ခေါ်ရန် ညှိနှိုင်းနေဟုဆို

diz_admin

May 10, 2021

တနင်္သာရီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် နေ့စားလပေး ဆရာ၊ ဆရာမများ ခေါ်ယူရန် တိုင်းဒေသကြီး နကစကောင်စီနှင့် ညှိနှိုင်းနေကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အခြားမြို့ဒေသများတွင် နေ့စားလပေး ဆရာမများကို စတင်ခေါ်ယူနေပြီး ပဲခူးတိုင်း ပြည်မြို့တွင်မူ နေ့စားလပေး ဆရာ၊ ဆရာမ လျှောက်ထားသူများပြားနေကြောင်း ပြည်တွင်းသတင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။ “တိုင်းကောင်စီနဲ့ညှိပြီး ခေါ်မယ်လို့တော့ ကြားရတယ်။ အခုထိတော့ ခေါ်စာတွေ မထွက်သေးဘူး” ဟု တိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နကစကောင်စီသည် အခြေခံကျောင်းများနှင့် တက္ကသိုလ်များ ပြန်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေသည်။ သို့ရာတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ဆရာ၊ ဆရာများ ပါဝင်နေသဖြင့် ကျောင်းဖွင့်ပါက သင်ကြားရေးဝန်ထမ်း လိုအပ်ချက်ရှိနေမည်ဖြစ်သည်။ ယင်းအတွက်ကြောင့် နေ့စားလပေး ဆရာ၊ ဆရာမများခန့်ထားနိုင်ရေး သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် […]

ထားဝယ်မြို့သစ်မြေကွက် အရောင်းအဝယ်အေး

diz_admin

May 8, 2021

လက်ရှိ နိုင်ငံရေးဖြစ်စဉ်များကြောင့် ထားဝယ်မြို့သစ်မြေ အရောင်းအဝယ် အေးနေကြောင်း မြေရောင်းဝယ်ရေးအကျိုးဆောင် အချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ တပ်အာဏာမသိမ်းမီက တစ်လလျှင် ပျမ်းမျှ မြေကွက် ခြောက်ကွက်ခန့် အရောင်းအဝယ်ဖြစ်နေရာမှ လက်ရှိတွင် နှစ်ကွက်ခန့်သာ အရောင်းအဝယ်ဖြစ်တော့ကြောင်း မြို့သစ်မြေကွက် အကျိုးဆောင် လုပ်နေသည့် အမျိုးသား တစ်ဦးက ဆိုသည်။ “အိမ်ခြံမြေအရောင်းအဝယ်ကတော့ ပါး (နည်း) တယ်၊ဘဏ်မှာ ငွေထုတ်လို့မှ မရတာကိုး၊ အခုတောင် ငွေချေလို့ မရတာ လေးကွက်လောက်ရှိနေတယ်” ဟု ယင်းအမျိုးသားက ပြောသည်။ မြေအရောင်းအဝယ်အေးစက်နေသောလည်း မြေဈေးမှာ ကျဆင်းသွားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် မြေတစ်ကွက်လျှင် သိန်း နှစ်ရာမှ လေးရာအကြား မြေကွက်အချို့ အရောင်းအဝယ်အနည်းငယ်ရှိပြီး သိန်းထောင်တန် မြေကွက်မှာ ဝယ်သူမရှိဖြစ်နေကြောင်း အဆိုပါ အမျိုးသားက ပြောသည်။ […]

ထားဝယ် အရုဏ်ဦးသပိတ်

diz_admin

May 5, 2021

ပင်မသပိတ်စစ်ကြောင်း၊ လူငယ်စစ်ကြောင်းနှင့် မြို့ခံလူငယ်များပါဝင်သည့် သပိတ်စစ်ကြောင်းသည် မေလ ၅ ရက်‌ နံနက်က စစ်အာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

ထားဝယ်တက္ကသိုလ်တွင် ကျောင်းတက်သူ ဆယ်ဦးဝန်းကျင်

diz_admin

May 5, 2021

တက္ကသိုလ်စတက်ချိန်တွင် ထားဝယ်တက္ကသိုလ်တွင် ကျောင်းလာတက်သည့် နောက်ဆုံးနှစ်ကျောင်းသူ၊ ကျောင်းသား ဆယ်ဂဏန်းသာရှိကြောင်း ယင်းတက္ကသိုလ်မှ ဆရာတစ်ဦးနှင့် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။ တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ နောက်ဆုံးနှစ်အတန်းများကို ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူ တစ်ထောင်ဝန်းကျင်ရှိသည်။ သို့သော် ယနေ့ ထားဝယ်တက္ကသိုလ်တွင် ကျောင်းတက်သူ စုစုပေါင်း ခန့်မှန်းခြေအားဖြင့် တစ်ဆယ်ဦးနှင့် သုံးဆယ်ဦးကြားသာရှိကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌက ပြောသည်။ မည်သည့်မေဂျာမှ ကျောင်းသားမည်မျှတက်ရောက်ကြောင်း အသေးစိတ်အချက်အလက်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေဖြင့်မူ တပ်အုပ်ချုပ်နသည့်အချိန်တွင် ကျောင်းတက်ခြင်းကိုအားမပေးကြောင်း သမဂ္ဂဥက္ကဋ္ဌက ဆိုသည်။ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးကိုလည်း တပ်ကောင်စီက ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားသည်။

ဒက္ခိဏသတင်းထောက် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံရ၊ မနက်ဖြန် ရုံးထုတ်မည်

diz_admin

May 5, 2021

ထားဝယ်အခြေစိုက် ဒက္ခိဏသတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းအား ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရပြီးမေလ ၆ ရက်နေ့တွင် အမှုစစ်ဆေးမည့် ရုံးချိန်းရှိကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ Dakkhina Insight (ဒက္ခိဏ) သတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းသည် ဧပြီလ ၂၁ ရက်နေ့ နံနက်က ဆန္ဒပြပွဲသတင်းယူနေစဉ် ရဲနှင့် စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ထိုနေ့ ညနေတွင်ပင် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ကြောင်း အထက်ပါရှေ့နေက ဆိုသည်။ ကိုနိုင်လင်းထွန်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ – ၁၄၅ ၊ ၅၀၅ – က တို့ဖြင့် တရားစွဲတင်ခဲ့ကြောင်း ၎င်းက ပြောသည်။ မေလ ၆ ရက်နေ့ ရုံးချိန်းကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း ယင်းရှေ့နေက ဆိုသည်။ “မနက်ဖြန်ရုံးချိန်းမှာဆိုရင် […]

ထားဝယ်တွင် သေနတ်ပစ် အဖမ်းခံရသည့် လူငယ်သေဆုံး

diz_admin

May 4, 2021

ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာတွင် မေလ ၂ ရက်နေ့ ညဆယ်နာရီဝန်းကျင်က သေနတ်ပစ်ခတ် အဖမ်းခံရသည့်လူငယ်မှာ သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ညဆယ်နာရီကျော်အချိန်တွင် မင်းရပ်ကျးရွာ (ထိန်လယ်) လမ်းမပေါ်၌ စစ်ကား နှင့်‌တွေ့၍ အဆိုပါ လူငယ်က ဆိုင်ကယ်ရပ်ပြီး ထွက်ပြေးရာမှ စစ်သားများက သေနတ် သုံးချက်ခန့် ပစ်ဖောက်ပြီး စစ်ကားဖြင့်ဖမ်းဆီးသွားကြောင်း ဖခင်ဖြစ်သူက ဆိုသည်။ စစ်ကားပေါ်တင်ဆောင်သွားသည့် သားဖြစ်သူကို စုံစမ်းရာ မေလ ၃ ရက်နေ့တွင် တပ်ဆေးရုံ၌ သေဆုံးလျက်တွေ့ရကြောင်း ၎င်းက ပြောသည်။ “ညက သေနတ်သံ သုံးလေးချက်ကြားရတယ်။ မနက်ကျမှ ကျွန်တော့်သားလို့ သိတယ်ရတာပေါ့နော်။ စစ်တပ်ဆေးရုံမှာဆိုလို့ သွားကြည့်မှ သေနေတာ တွေ့ရတယ်” ဟု သေဆုံးသူ၏ ဖခင်ကပြောသည်။ သေဆုံးသူမှာ အသက် ၂၀ […]

ရော်ဘာခြစ်သွားရာမှ ပျောက်ဆုံးနေသူတစ်ဦး ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ခံရ

diz_admin

May 4, 2021

လောင်းလုံးမြို့နယ်တွင် ရော်ဘာခြစ်ရန် မေလ ၁ ရက်နေ့က နေအိမ်မှထွက်သွားသည့် အမျိုးသားတစ်ဦး တပ်ဆေးရုံတွင် ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ခံရကြောင်း မိသားစုဝင်ထံမှ သိရသည်။ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာနေ အသက် ၂၈ နှစ်အရွယ်ရှိ ကိုအောင်သူမှာ ရော်ဘာခြစ်ရန် ပညစ်ရွာ အသွားလမ်းရှိ ရော်ဘာခြံသို့ ထွက်သွားရာ နေအိမ်သို့ ပြန်ရောက်မလာတော့ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ ထိုကြောင့် မိသားဝင်များက မေလ ၃ ရက်နေ့တွင် ထားဝယ်ရှိ တပ်ဆေးရုံသို့ သွားရောက်စုံစမ်းရာ ကိုအောင်သူအား ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုလ်လိုက်ပြီဟု သိရကြောင်း ၎င်းက ပြောသည်။ တပ်ဆေးရုံတာဝန်ရှိမှ သေဆုံးသူ၏ ဓာတ်ပုံအထောက်အထားအား ပြသရာမှ ကိုအောင်သူသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း မိသားစုဝင်က ဆိုသည်။ “အထောက်အထားတွေအရတော့ သူ(ကိုအောင်သူ) ဆိုတာ သေချာတယ်။ ဒါပေမယ့် ကျွန်မတို့အလောင်းတောင်မမြင်ရဘူး။ […]