BREAKING
March 11, 2025

ထားဝယ်

လယ်ယာလုပ်ငန်းခွင် ဝင်ချိန် မရေရာမှုများအကြားမှ လယ်သမားများ

diz_admin

May 29, 2021

ရှုပ်ထွေးနေသည့် နိုင်ငံရေးအခြေအနေအကြား စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသည့် သွင်းအားစုဈေးနှုန်း မြင့်တက်နေသသည်။ လယ်သမားအားလုံး မိုးစပါးချေးငွေရရှိရေးမှာ မသေချာသေး။ ထိုသို့အနေအထားတွင် လယ်သမားများ ယခုနှစ် မိုးရာသီ လယ်ယာလုပ်ငန်းခွင်ဝင်ရန် အခက်တွေ့နေကြသည်။ မိုးဦးကျချိန်ဖြစ်သည့် မေလအကုန် ဇွန်လဆန်းပိုင်းသည် တနင်္သာရီတိုင်းရှိ လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်မည့်အချိန်ဖြစ်သည်။ လယ်သမားအချို့ဆိုလျှင် လယ်ကန်းသင်ရိုးပြင်သည့် လုပ်ငန်းများကို စတင်နေပြီဖြစ်သည်။ နှစ်တိုင်းလုပ်ငန်းခွင်ဝင်ချိန်တွင် လယ်သမားများလယ်ဝယ်သို့ စိုက်ပျိုးစားရိတ်ချေးငွေများ လူတိုင်းနီးပါးရရှိနေပြီဖြစ်သော်လည်း ယခုနှစ်တွင်မှု မည်သူမျှ ချေးငွေမရကြသေးပေ။ မိုးစပါးချေးငွေရရှိရန် လယ်သမာများက မျှော်လင့်နေကြသည်။ “ချေးငွေမရသေးတော့ လယ်သမားတွေခက်ခဲနေတာပေါ့လေ။ လယ်သမားတွေမှာက မိုးစပါးချေငွေရမှ ဓာတ်မြေဩဇာဝယ်မယ်၊ လယ်လုပ်ခတွေပေးတာဆိုတော့ နည်းနည်းအဆင်ပြေတယ်လေ” ဟု လောင်းလုံးမြို့နယ် ရေဖြူကျေးရွာမှ လယ်သမား ဦးမောင်ဝင်းက ဆိုသည်။ မိုးစပါးချေးငွေကို ဇွန်လဆန်းပိုင်းတွင် ထုတ်ချေးရန် စီစဉ်နေသော်လည်း ယမန်နှစ်က […]

၁၁၁ ရက်မြောက် ကံပေါက်သပိတ်

diz_admin

May 29, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် မေလ ၂၉ ရက် နံနက်စောစောက စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ ကံပေါက်ဒေသ၏ ၁၁၁ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခြင်းလည်းဖြစ်သည်။

တနင်္သာရီတိုင်း လေယာဉ်ခရီးစဉ်အားလုံး မနက်ဖြန်မှစ၍ ၉ ရက်ကြာ ရပ်နားမည်

diz_admin

May 28, 2021

ကိုဗစ်ကပ်ဘေး ကူးစက်မှုမြင့်တက်နေသည်ဟုဆိုကာ တနင်္သာရီတိုင်းသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်အားလုံးကို မေ ၂၉ ရက်နေ့မှ စ၍ ၉ ရက် ရပ်နားမည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဆိုင်အချို့ထံမှ သိရသည်။ ထားဝယ်၊ မြိတ်၊ ကော့သောင်းသို့ ပြေးဆွဲနေသည့် လေယာဉ်ခရီးစဉ်အားလုံး မေလ ၂၉ ရက်မှစကာ ဇွန်လ ၆ ရက်နေ့အထိ ၉ ရက်ကြာ ရပ်နားမည်ဟု လေကြောင်းလိုင်းများက အကြောင်းကြားလာကြောင်း ထားဝယ်မြို့ပေါ်ရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ ရန်ကုန်-ထားဝယ်၊ ရန်ကုန်-မြိတ်နှင့် ရန်ကုန်- ကော့သောင်း အစရှိသည့် ခရီးစဉ်အားလုံးရပ်နားမည်ဖြစ်သည်။လေယာဉ်လက်မှတ်ကြိုတင်ဝယ်ထားသူများကို ဝယ်ယူသည့်နှုန်းထားအတိုင်း ပြန်အမ်းပေးနေကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။ “အားလုံး ပြန်အမ်းပေးနေပါတယ်”ဟု ၎င်းက ပြောသည်။ တနင်္သာရီတိုင်းအတွင်း ခရီးစဉ်များအပြင် ကလေး၊ တာချီလိတ် ခရီးစဉ်များလည်း […]

ထားဝယ်တွင် သေနတ်ပစ်ခံရပြီး အမျိုးသား သေဆုံး

diz_admin

May 28, 2021

ထားဝယ်မြို့တွင် ယမန်နေ့ညက လက်နက်ကိုင်တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကြက်စားပြင်ရပ်ကွက်နေ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဆွေမျိုးတော်စပ်သူအချို့ထံမှ သိရသည်။ အသက် ၄၃ နှစ်အရွယ် ဦးမြင့်လွင်ဦး ခေါ် ကိုအီးစာမှာ မေလ ၂၇ ရက် ည ကိုးနာရီခန့်က နေအိမ်အနီးတွင် သူငယ်ချင်းငါးဦး ထိုင်နေစဉ် ရဲ သို့မဟုတ် စစ်တပ်ကားက မီးပိတ်ပြီး မောင်းလာကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။ မီးပိတ်မောင်းလာသည့် မော်တော်ယာဉ်က ၎င်းတို့အနီးသို့ရောက်ချိန်တွင် အခြားသူများ ထွက်ပြေးသွားသော်လည်း ကိုအီးစာက ထွက်မပြေးကြောင်း ၎င်းက ပြောသည်။ ထိုနောက် ကျန်ရှိနေသည့် ကိုအီးစာအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပေါင်လုံးတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဆွေမျိုးနီးစပ်သူက ဆိုသည်။ “ဒဏ်ရာက ပေါင်လုံးမှာထိပြီး သွေးမကြောကိုထိတော့ . . . ၊ […]

မုန်တိုင်းအရှိန်ကြောင့် မောင်းမကန်ကမ်းခြေတွင် ထူးခြားဒီရေတက်

diz_admin

May 26, 2021

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် ထားဝယ်ဒေသ၏ နာမည်ကြီး မောင်းမကန်ကမ်းခြေအပါအဝင် ကမ်းခြေများတွင် ထူးကဲဒီရေဖြင့် ကြုံနေရသည်။ အားအလွန်ကောင်းသည့် မုန်တိုင်း ‘ယာစ်’ ကြောင့် မောင်းမကန်ကမ်းခြေတွင် မေလ ၂၅ ရက်နေ့မှစကာ ကမ်းခြေဆိုင်ခန်းနေရာ အထိ ဒီရေတက်လာကြောင်း ကမ်းခြေစားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။ ထူးကဲဒီရေမှာ ယမန်နေ့ကတည်းက ကမ်းခြေအထိ တက်နေပြီး မေလ ၂၆ ရက်တွင် ဒီရေပိုတက်လာကြောင်း ၎င်းက ပြောသည်။ “ဒီနေ့မှ ပိုတက်တယ်ရှင့်၊ ဆိုင်နောက်က ရေတွင်းအနားထိ ရေဝင်တယ်”ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ ထူးကဲဒီရေမှာ ကမ်းစပ်မှ ပေ ၅၀ ခန့်အထိ တက်လာကြောင်း ကမ်းခြေစားသောက်ဆိုင်များ ပျက်စီးမှု မရှိကြောင်း သိရသည်။ ယမန်နှစ်များကလည်း မုန်တိုင်းမရှိသော်လည်း မိုးဦးရာသီတွင် […]

ထားဝယ်လက်ဖက်ရည်ဆိုင်သပိတ် ဆိုင်ပိုင်ရှင် အဖမ်းခံရ

diz_admin

May 26, 2021

ထားဝယ်မြို့တွင် ယမန်နေ့က လူငယ်များ လက်ဖက်ရည်ဆိုင်သပိတ်လုပ်သည့် ဆိုင်မှ ဆိုင်ပိုင်ရှင်ကို မေလ ၂၆ ရက်နေ့ နံနက်က လာရောက်ဖမ်းဆီးသွားကြောင်း ဆိုင်အနီးတွင် နေထိုင်သူအချို့ထံမှ သိရသည်။ ကညုံရပ်ကွက် တောင်ခွလမ်းဆုံအနီးရှိ ‘ဦးတင်ထွန်းဆိုင်’ ဟု လူသိများသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်ထွန်းကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။ ယင်းလက်ဖက်ရည်ဆိုင်တွင် မြို့ခံလူငယ်များက လက်ဖက်ရည်ဆိုင်သပိတ် ပြုလုပ်ကြခြင်းဖြစ်သည်။ ယနေ့နံနက် ကိုးနာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ကVigo ကားနှစ်စီးဖြင့် လက်ဖက်ရည်ဆိုင်သို့ ရောက်လာပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်ကိုမူ မပြောကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။ “ဆိုင်ရှင်ကို လာမေးပြီးတော့ ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်ခင်ဗျား” ဟု ၎င်းက ပြောသည်။ အထက်ပါ လက်ဖက်ရည်ဆိုင်ပိုင်ရှင်အပြင် ဘုမ္မော်ရပ်ကွက် သတ္တုရုံးလမ်းထိပ်ရှိ အခြားလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဝင်းဇော်ကိုလည်း […]

ရေဖြူ ဖောင်းတောတွင် ရွာသားလေးဦး အဖမ်းခံထားရ

diz_admin

May 26, 2021

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဖောင်းတောကျေးရွာအုပ်စု မော်ကြီးရွာက အမျိုးသားလေးဦးအား ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မေလ ၂၆ ရက် နံနက်ပိုင်းတွင် ရဲနှင့်စစ်သားများ မော်ကြီးကျေးရွာ စာသင်ကျောင်းသို့ရောက်လာပြီးနောက် စာသင်ကျောင်းအနီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသူလေးဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေတာကို အပြင်ကို ခေါ်ထုတ်ပြီး ဒူးထောက်ထိုင်ခိုင်းတယ်။ ပြီးတာနဲ့ ဘာတွေထည့်ထားတဲ့ အိတ်မှန်းတော့မသိဘူး အဲဒါတွေ ထမ်းခိုင်းပြီးတော့ ရွာပတ်ခိုင်းတယ်” ဟု မျက်မြင်တွေ့သူ ၎င်းအမျိုးသားက ဆိုသည်။ ယင်းအဖမ်းခံထိသူအမျိုးသားလေးဦးအား ‌တပ်ကောင်စီကခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးထားပြီး ယနေ့ နေ့လယ် သုံးနာရီအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်းက ပြောကြားသည်။