တနင်္သာရီတိုင်းမှ INGO အဖွဲ့များ ခေတ္တရုံးပိတ်ထားရန် ညွန်ကြား
diz_admin
June 5, 2021တနင်္သာရီတိုင်းအတွင်းရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသည့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း INGO အဖွဲ့များ လတ်တလောအခြေအနေများအရ ခေတ္တရုံးပိတ်ထားပြီး ရုံးချုပ်တွင်သွားရောက်အခြေပြုရန် တိုင်းလူမှုဝန်ထမ်း ဦးစီးဌာနက ညွှန်ကြားလိုက်သည်။ တနင်္သာရီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် ညွန်ကြားခြင်းဖြစ်ပြီး မည်သည့်အတွက် ယင်းသို့ညွန်ကြားခဲ့ရသည်ကိုမူ မသိရကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။ “ဘာကြောင့် လုပ်ငန်းရပ်နားခိုင်းရတာလဲဆိုတာကိုတော့ ကျွန်တော့ အနေနဲ့ ရှင်းပြလို့မရနိုင်ဘူး။ အစိုးရအဖွဲ့က စာထုတ်လို့ တို့ဌာနက ညွန်ကြားချက်ပြန်ထုတ်တာပါ” ဟု ဦးထွန်းထွန်းနိုင်ကဆိုသည်။ တိုင်းအတွင်းလူသားချင်းစားနာမှု အကူအညီများဆောင်ရွက်ရန် လူမူဝန်ထမ်း ဦးစီးဌာနနှင့် လက်မှတ်ရေးထိုးထားသော ဝေါဗီရှင် (World Vision Myanmar၊ ကလေးသူငယ်ရန်ပုံငွေအဖွဲ့ (Child Fund Myanmar)၊ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ဆောင်နေသည့် (Mines Advisory Group Myanmar) တို့လည်း ခေတ္တရုံးပိတ်ထားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ […]