BREAKING
March 12, 2025

ထားဝယ်

လောင်းလုံး မြခါးပတ်ကျေးရွာတွင် သေနတ်ပစ်ဖောက်

diz_admin

June 26, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြခါးပတ်ကျေးရွာတွင် ဇွန်လ ၂၅ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ခန့် တပ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာထိပ်တွင် သေနတ်ပစ်ဖောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ယင်းနေ့ညနေပိုင်းတွင် မြခါးပတ်ကျေးရွာသပိတ်စစ်ကြောင်းကို သေနတ်သုံးချက်ခန့် ပစ်ဖောက်၍ ဖြိုခွဲသော်လည်း ထိခိုက်မှုမရှိခဲ့ဘဲ ည ၇ နာရီ ဝန်းကျင်ခန့်တွင် ထိုသို့ သေနတ်ပြန်လာဖောက်ခဲ့ကြောင်း အသက် ၂၀ ကျော် အရွယ် ဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။ “သပိတ်စစ်ကြောင်းကို လိုက်ဖြိုခွဲတာမဟုတ်ပါဘူး ခြိမ်းခြောက်ပစ်ခတ်တယ်လို့ယူဆရတယ်ဗျာ”ဟု အထက်ပါအမျိုးသားက ဆိုသည်။ အဆိုပါ ပစ်ခတ်မှုကြောင့်လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရသူမရှိပေ။မြခါးပတ်ကျေးရွာသည် ထားဝယ်-ရှင်မော်တောင်ဘုရားသွား ကားလမ်းမပေါ်တွင် တည်ရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ပြန်ဖွဲ့

diz_admin

June 26, 2021

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအား တပ်ကောင်စီက မေလအစောပိုင်းတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(အငြိမ်းစား) ဖြစ်သူ ဦးအောင်စိုးက ဥက္ကဋ္ဌတာဝန်ယူထားသည်။ ယခင်က ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ဥက္ကဋ္ဌဖြစ်သည်။ယခင်က ဒုတိယဥက္ကဋ္ဌ(၁)ရာထူးကို တိုင်းဒေသကြီးစီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုက တာဝန်ယူပြီး လက်ရှိတွင် တိုင်းဒေသကြီး နစက ကောင်စီအဖွဲ့ဝင် ဦးမောင်ကြီးကို တာဝန်ပေးထားသည်။ ယခင်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာမြင့်ဆန်းမှာ လက်ရှိကော်မတီတွင်လည်း ယင်းရာထူးဖြင့်ပင် ပြန်လည်ပါဝင်လာသည်။တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် စီမံကိန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့တွင် နကစကောင်စီ ဒုဥက္ကဋ္ဌက ပြောဆိုထားသည်။ အထူးစီးပွားရေးဇုန်များအတွက် ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် သက်ဆိုင်ရာဇုန်အလိုက် စီမံခန့်မှုကော်မတီများ ရှိသည်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် […]

လောင်းလုံးရှိ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဝင်စီးခံရ

diz_admin

June 25, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာရှိ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း (Youth Development Institute) ဝင်းအတွင်းသို့ ယနေ့ ဇွန်လ ၂၅ ရက်တွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတို့ထံမှ သိရသည်။ ယင်းသင်တန်းကျောင်းနေရာတွင် လူငယ် ၃၀ ဦးခန့်အား ဆေးဖက်ဆိုင်ရာ ပြုစုကုသနည်းအကြောင်း သင်တန်းပေးရန် လုပ်ဆောင်နေစဉ် ရဲနှင့် စစ်သားများက သေနတ်ပစ်ဖောက် ဝင်ရောက်လာခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။ “သင်တန်းတောင်မစရသေးဘူး။ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်စကားပြောနေတဲ့အချိန်မှာ သူတို့က ဝင်လာကြတာ” ဟု ယင်းသင်တန်းတွင် ပါဝင်သူ အမျိုးသမီးတစ်ဦးက နေ့လယ် ၁၁ နာရီကျော်ခန့်ကပြောသည်။ အဆိုပါလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာ ရေဖြူရွာအတွင်းပိုင်းရှိ တောရကျောင်း တစ်ကျောင်းအနီးတွင် တည်ရှိပြီး ဥယျာဉ်ခြံများရှိရာနေရာတွင် တည်ရှိသည်။ စစ်သားနှင့်ရဲ အင်အားငါးဆယ်ခန့်ဝင်ရောက်လာနေကြောင်း ကြိုတင်သတင်းရသဖြင့် သင်တန်းတက်ရောက်နေသူများမှာ […]

အဖမ်းခံရသည့် ကံပေါက်ဒေသခံ နှစ်ဦးပြန်လွှတ်၊ သုံးဦး ထောင်ပို့

diz_admin

June 24, 2021

ဇွန်လ တတိယအပတ်က ဖမ်းဆီးခံလိုက်ရသည့် ရေဖြူမြို့နယ် ကံပေါက်ဒေသခံငါးဦးအနက် နှစ်ဦးကိုပြန်လွှတ်ပေးပြီး ကျန်သုံးဦးအား ထားဝယ်အကျဉ်ထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။ ကံပေါက်ကျေးရွာ ဗိုလ်ချုပ်ရပ်ကွက်နေ ကိုမြတ်သူရိန်အောင်(ခ) ရွှေအိုင်းသည် ဇွန်လ ၁၅ ရက်ညတွင်အဖမ်းခံခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ယင်းနောက် ရာဇသတ်ကြီး ဉပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲပြီး ထားဝယ်ထောင်သို့ပို့လိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ယင်းအပြင် မြသီတာရပ်ကွက်နေ ဦးညီညီလွင်နှင့် ကိုပြည့်စုံဖြိုးတို့ သားအဖနှစ်ဦး၊ ဗိုလ်ချုပ်ရပ်ကွက်နေ ဦးမင်းလွင်နှင့် သမီးဖြစ်သူ မခိုင်ဆုသွယ်(ခ) မဖွေးဖွေးတို့ သားအဖနှစ်ဦးတို့သည်လည်း ဇွန်လ ၂၀ ရက်တွင် အသီးသီးအဖမ်းခံလိုက်ရကြောင်း မိသာစုဝင်တို့က ပြောသည်။ ယင်းသို့အဖမ်းခံရပြီးနောက် ဦးညီညီလွင်နှင့် ဦးမင်းလွင်တို့အား ပြန်လွှတ်ပေးလိုက်ပြီး ကျန်နှစ်ဦးကိုမူ ထားဝယ်အကျဉ်ထောင်သို့ပို့လိုက်ကြောင်း ၎င်းတို့က ပြောကြားသည်။ ၎င်းတို့သည် […]

သပိတ်ဦးဆောင်သူ ကိုကျော်ထွေး ထောင်ဒဏ် ၂ နှစ် ၄ လ အမိန့်ချခံရ

diz_admin

June 24, 2021

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေးအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ် ၄ လ ကျခံစေရန် အမိန့်ချခံရကြောင်း မိသားစုဝင်ထံမှ သိရသည်။ ကိုကျော်ထွေးအား ရာဇသတ်ကြီးဥပဒေပုဒ် ၅၀၅-က နှင့် လိုင်စင်မဲ့ကားအသုံးပြုသည့် ပို့ကုန် သွင်းကုန်ဥပဒေတို့ဖြင့် ဇွန်လ ၂၃ ရက်နေ့က ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် အမိန့်ချလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။ အမှုတွင် ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် လိုင်စင်မဲ့ကားမောင်းနှင်အသုံးပြုမှုအတွက် ထောင်ဒဏ် ၄ လ အမိန့်ချခံရကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ ကိုကျော်ထွေး၏ ရှေ့နေဖြစ်သူနှင့် တိုင်ပင်ပြီး ထောင်ဒဏ်အမိန့်ချခံရသည့် ကိစ္စအပေါ် […]

Stay at Home မြို့နယ်မှ လာသူများ ၁၀ ရက် အသွားအလာ ကန့်သတ်ခံရမည်

diz_admin

June 24, 2021

ကိုဗစ်ကြောင့် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ မွန်ပြည်နယ်သို့ လာရောက်သူများ ၁၀ ရက် အသွားအလာကန့်သတ်ခံရမည်ဟု မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။ အသွားအလာကန့်သတ်ထားစဉ် ကိုဗစ်ရောဂါပိုး ရှိ မရှိကို ၃ ရက်မြောက်နေ့တွင် ပထမအကြိမ် စစ်ဆေးခံရမည်ဖြစ်ပြီး ၇ ရက်မြောက်နေ့တွင် ဒုတိယအကြိမ် စစ်ဆေးခံရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ၎င်းပြင် အခြားတိုင်းနှင့် ပြည်နယ်များမှ လာရောက်သူများကိုလည်း စစ်တောင်းတံတားဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာခြင်းလုပ်ငန်းလမ်းညွှန်အတိုင်း ဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။ စစ်ဆေးရေးဂိတ်တွင် ကိုယ်ပူချိန်မြင့်သူ သံသယလက္ခဏာရှိသူကို သွေးတွင်းအောက်ဆီဂျင်တိုင်းတာပြီး သွေးတွင်းအောက်ဆီဂျင် ၉၂ ရာခိုင်နှုန်း အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ကာယကံရှင်မှ ပေးဆောင်ရမည်ဖြစ်သည်။ “စစ်ဆေးရေးဂိတ်မှာ ပိုးတွေ့လူနာတွေ့ရှိပါက […]

တနင်္သာရီတွင် ခြောက်ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ ၇၀ ဦးရှိ

diz_admin

June 23, 2021

တနင်္သာရီတိုင်းတွင် ‌ဇွန်လ ၁၇ ရက်မှ ၂၂ ရက်အထိ ခြောက်ရက်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ ၇၀ ဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယင်းကာလအတွင်း လူပေါင်း ငါးထောင်နီးပါးကို စစ်ဆေးရာတွင် ၇၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်သည်။ ရာခိုင်နူန်းအားဖြင့်ဆိုပါက စစ်ဆေးသူ လူတစ်ရာလျှင် ပိုးတွေ့သူတစ်ဦးရှိသည်။

သပိတ်ဦးဆောင်သူ အပါအဝင် ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသူအချို့ ထောင်ဒဏ်လေးနှစ်အထိ ချမှတ်ခံရ ဟုဆို

diz_admin

June 23, 2021

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသည့် ဆန္ဒပြဦးဆောင်သူ ကိုအောင်ဝေယံကျော်အပါအဝင် အဖမ်းခံရသူ ကိုးဦးအနက် အချို့ကို ထောင်ဒဏ်လေးနှစ်အထိ ချမှတ်ခဲ့ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ ၎င်းတို့ကို မတ်လ ၁၈ ရက်နေ့က ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမှုအား အချိန်ခြောက်လအတွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်ထားသည်။ အဖမ်းခံရသူကိုးဦးကို ဇွန်လ ၂၁ ရက်နေ့က အမိန့်ချလိုက်ခြင်းဖြစ်ပြီး သပိတ်ဦးဆောင်သူအပါအဝင် အဖမ်းခံရသူအချို့ကို ထောင်ဒဏ် ၄ နှစ်အထိ အမိန့်ချလိုက်သည်ဟု ရှေ့နေမှတစ်ဆင့်သိရကြောင်း ကိုအောင်ဝေယံကျော်၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ အချို့ကိုမူ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့သည်ဟု သိရကြောင်း ၎င်းကပြောသည်.၎င်းတို့ကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး မည်သူ့ကို မည်သည့်ပုဒ်မ ဖြင့် တရားစွဲဆိုခဲ့ပြီး ချမှတ်ခံရသည့် ထောင်ဒဏ်အတိအကျကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ […]