BREAKING
April 20, 2025

ထားဝယ်

ရက် ၂၀ကြာ ပျောက်နေသည့် ထားဝယ်သီလရှင်ဆရာလေးကို ခေါ်သွားသူက ပြန်အပ်

Dawei Watch

December 6, 2024

ရက် ၂၀ ကြာ ပျောက်နေသည့် ထားဝယ်သီလရှင်ဆရာလေး မရူပသိင်္ဂီအား ခေါ်ဆောင်သွားသူက ပြန်လာအပ်ကြောင်း အုပ်ထိန်းသူ သီလရှင်ဆရာကြီးက ပြောသည်။ သီလရှင်ဆရာလေး မရူပသိင်္ဂီကို ခေါ်ဆောင်သွားသည့် လှိုင်မြို့နယ်တွင် နေထိုင်သူအမျိုးသမီးက ဒီဇင်ဘာလ ၅ ရက် ည‌ပိုင်းတွင် ပြန်လည်အပ်နှံခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဖုန်းရ‌တော့ ညကိုးနာရီလောက်ပေါ့နော်။ ဒီက အုပ်ထိန်းသူတွေနဲ့ လိုက်သွားတယ်။ ကလေးက သူ့မှာမိဘမရှိဘူးပြောလို့ သူကမွေးစားဖို့ ခေါ်ထားတယ်လို့ပြောတယ်။ သူပြန်ထည့်လိုက်ပါမယ်၊ ရဲလည်းမတိုင်ပါနဲ့လို့ ပြောတယ်” ဟု အထက်ပါ အုပ်ထိန်းသူသီလရှင်က ပြောဆိုသည်။ နိုဝင်ဘာလ ၁၅ ရက်တွင် ကမာရွတ်မြို့နယ်၊ ရပ်ကွက် (၁) ရထားသံလမ်းအနီး၌ အဖော်သီလရှင်များနှင့်အတူရှိနေချိန် အထက်ပါအမျိုးသမီးက မရူပသိင်္ဂီ တစ်ပါးတည်းကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။ ခေါ်ဆောင်သွားပြီးနောက် ရက် ၂၀ […]

မောရဝတီရေတပ်က ကံပေါက်တွင် ညဘက် နေအိမ်များကို စစ်ဆေး

Dawei Watch

December 5, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် မောရဝတီရေတပ်က ဒီဇင်ဘာလ ၁ ရက်မှစ၍ ညစဥ် ရပ်ကွက်တစ်ခုချင်းအလိုက် နေအိမ်များကို ဝင်ရောက်စစ်ဆေးနေသည်ဟု ဒေသခံများထံကသိရသည်။ ဒီဇင်ဘာလ ၁ ရက်တွင် မြသီတာရပ်ကွက်၊ ၂ ရက်နေ့ တွင် ခိုင်သဇင်ရပ်ကွက် ၊ ၃ ရက်နေ့တွင် မိကျောင်းအိုင် ရပ်ကွက်နှင့် ၄ ရက်နေ့တွင် လှည်းကုန်းရပ်ကွက်ရှိ နေအိမ်များကို စစ်ဆေးခဲ့ဟုဆိုသည်။ “အိမ်တိုင်းဝင်စစ်တာတော့မဟုတ်ဘူး လမ်းတစ်ခုကိုဝင်ရင် တစ်လမ်းလုံးစစ်ခံရတယ်။ အိမ်ထောင်စု(စာရင်း)တောင်းကြည့်တယ်။ အိမ်ပေါ်ကို တက်ကြည့်တယ်။ လူပိုရှိနေလားမေးတယ်” ဟု ကိုယ်တိုင်စစ်ခံခဲ့ရသည့် မြသီတာရပ်ကွက်နေသူတစ်ဦးက ပြောပြသည် ။ လှည်းကုန်းရပ်ကွက်တွင်မူ ယမန်နေ့ည ဒီဇင်ဘာလ ၄ ရက် ညဦးပိုင်းကတည်းက လမ်းပိတ်ထားပြီး နေအိမ်အချို့ကို မောရဝတီရေတပ်က ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ယင်းရပ်ကွက်နေသူများထံက သိရသည် ။ ဧည့်စာရင်းစစ်သကဲ့သို့ […]

ထားဝယ်မြစ်အတွင်း ပုပ်ပွနေသည့် အမျိုးသားအလောင်းတွေ့

Dawei Watch

December 5, 2024

ထားဝယ်မြစ်အတွင်း၌ ယနေ့(ဒီဇင်ဘာ ၅) နံနက် ၈ နာရီဝန်းကျင်တွင် ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ ထံမှသိရသည်။ အဆိုပါအမျိုးသားအလောင်းမှာ အသက် ၄၀ ကျော်အရွယ်ခန့်ရှိပြီး ထားဝယ်မြို့ရှိ ကြက်စားပြင်ရပ်ကွပ်၊ မော်လမြိုင်ဆိပ်ကမ်းအနီး ထားဝယ်မြစ်အတွင်းရှိ ငါးဖမ်းလှေများကြား၌ ပေါ်နေခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်း တာဝန်ရှိသူဦးနိုင်မျိုးသွင်က ပြောသည်။ “လွန်ခဲ့တဲ့သုံးရက်လောက်က သေပုံရတယ်။ ပန်းဆီရောင်အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည်အမဲရောင် ဝတ်ထားတယ်”ဟု ၎င်းကပြောသည်။ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကိုမူ အသေးစိတ်မသိရသေးပေ။ အလောင်းကိုမျက်မြင်တွေ့ရသည့် မြို့ခံများကမူ သေဆုံးသူ၏ လက်တွင်ဝါယာကြိုးဖြင့် နောက်ပြန်ချည်ထားပြီး ခြေထောက်ကိုလည်း ဝါယာကြိုးများဖြင့် ချည်ထားသည်ကို တွေ့ရသည်ဟုပြောသည်။ သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်းက သယ်ယူပြီး ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ […]

အက်တမ်ဖုန်းလိုင်း ဖိုင်ဘာကြိုးပြန်ဆက်ခွင့်ရရန် တင်ပြ

Dawei Watch

December 5, 2024

တနင်္သာရီတိုင်းတွင် ရက်ရှည်ပြတ်တောက်နေသည့် အက်တမ်ဖုန်းလိုင်း ပြန်လည်အသုံးပြုနိုင်ရေးအတွက် ပြတ်တောက် နေသော ဖိုင်ဘာကြိုးအား ပြန်ဆက်နိုင်ရေး စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို တင်ပြထား‌ကြောင်း စုံစမ်းသိရှိရသည်။ ပြတ်တောက်နေသည့် အက်တမ်းဖိုင်ဘာကြိုးအား ယနေ့ ဒီဇင်ဘာလ ၅ ရက် ညနေ ၄ နာရီနောက်ဆုံးထားပြီး ပြန်ဆက် ပေးရန် သက်ဆိုင်ရာ ဖိုင်ဘာကုမ္ပဏီထံ အကြောင်းကြားထားကြောင်းလည်း စုံစမ်းသိရှိရသည်။ “တကယ်လို့ သူတို့ဘက်က (ဖိုင်ဘာကုမ္ပဏီဘက်က) ဒီနေ့ ညနေ ၄နာရီအထိ ပြန်ဆက်မပေးဘူးဆိုရင် အက်တမ်ကုမ္ပဏီ ကနေ ကိုယ်တိုင်သွားဆက်မယ်။ အဲဒီလိုသွားဆက်ခွင့်ရဖို့ကိုလည်း ဝန်ကြီးဌာနကို စာတင်ထားတယ်” ဟု အက်တမ် ကုမ္ပဏီနှင့် လုပ်ငန်းတွဲလုပ်ကိုင်နေသည့် ထားဝယ်မြို့ခံ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာ၊ ၂၇ မိုင်၊ ဥဿရံကျေးရွာတို့အနီးတွင် နိုဝင်ဘာလ […]

ရေဖြူတွင် စစ်ကြောင်းဝင်ချိန် အရပ်သားသုံးဦး ပစ်သတ်ခံရ

Dawei Watch

December 4, 2024

ရေဖြူမြို့နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ခဲ့သည့်ကာလအတွင်း အရပ်သားသုံးဦးပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ သဗြေဇွန်းရွာသား အသက် ၄၀အရွယ်ဦးကြည်စိုးသည် နိုဝင်ဘာလ ၂၃ရက်က နဘုလယ်ဒေသ (ရေနက်ဆိပ်ကမ်း) မှ ဆိုင်ကယ် ဖြင့်ထွက်လာစဉ် စစ်ကောင်စီတပ်နှင့်တိုးပြီး ရလိုင်ရွာစာသင်ကျောင်းအနီးပစ်သတ်ခံရကြောင်း ဒေသခံအချို့က ဆိုသည်။ နိုဝင်ဘာလ ၂၄ရက်တွင် ကျောက်ဝှက်ကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားချိန် ထွက်ပြေးတိမ်းရှောင်ရန် ဆိုင်ကယ်ဖြင့်ထွက်လာ သည့် အသက် ၇၆ နှစ်ခန့်ရှိ ဦးဥာဏ်ရှိန်လည်း စစ်ကောင်စီတပ်နှင့်တိုးပြီး ပစ်သတ်ခံရကြောင်း ကျောက်ဝှက်ကုန်း ရွာသား ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းနေ့က ဦးဉာဏ်ရှိန်နှင့်အတူ စစ်ကြောင်း၏ ဖမ်းဆီးခြင်းခံရသူ ဒေသခံအခြားငါးဦးရှိခဲ့ပြီး ၎င်းတို့ကိုမူ ယနေ့ ဒီဇင်ဘာလ ၄ရက် နံနက်ပိုင်းတွင် စစ်ကြောင်း ရေဖြူမြို့ဘက်သို့ ထွက်ခွာချိန် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင်ကျောက်ဝှက်ကုန်းရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအနီးရှိဥယျာဉ်ခြံတစ်ခု၌ […]

ထားဝယ်နှင့် သရက်ချောင်းအကြားရှိ တိုးဂိတ် ဖျက်ဆီးခံရ

Dawei Watch

December 4, 2024

ထားဝယ်မြို့ နှင့် သရက်ချောင်းမြို့အကြား ကနိုင်းဒါရွာက တိုးဂိတ် ဒီဇင်ဘာလ ၃ ရက်ညက ဖျက်ဆီးခံရကြောင်း လမ်းသွားလမ်းလာများနှင့် ရွာခံများထံကသိရသည် ။ ယင်းတိုးဂိတ်မှာ ပြည်ထောင်စုလမ်းမပေါ်ရှိ ထားဝယ်မြို့နယ်၊ ကနိုင်းဒါရွာနှင့် ရှင်မုတ္ထီးရွာအကြားတွင် တည်ရှိသည့် မြို့ဝင်ကြေးကောက်သည့် ဂိတ်ဖြစ်သည်။ တိုးဂိတ် အဆောက်အအုံရှိ မှန်တံခါးပေါက်များ ရိုက်ခွဲခံထားရပြီး တိုးဂိတ်အနီး ကွင်းပြင်ရှိ တဲအိမ်ငယ်အချို့လည်း မီးလောင်ထားသည်ကို ယနေ့ နံနက်ပိုင်းတွင် တွေ့ခဲ့ရသည်ဟု ကနိုင်းဒါရွာသားတစ်ဦးက ပြောသည် ။ အဆိုပါ တိုးဂိတ်ကို မည်သည့် အဖွဲ့အစည်းက လာရောက်ဖျက်ဆီးသွားသည်ကို ယနေ့ ညနေပိုင်းအထိ အတည်မပြုနိုင်သေးပေ။ ယနေ့ ဒီဇင်ဘာလ ၄ ရက် နံနက်အစောပိုင်းတွင်မူ ပေါက်တိုင်းတံတား(စစ်ကောင်စီ စစ်ဆေးရေးဂိတ်) ဘက်တွင် သေနတ်ဖောက်သံ အနည်းငယ်ကြားရပြီးနောက် နံနက်ပိုင်း ပေါက်တိုင်းတံတား ဂိတ်ဖွင့်ချိန်မှစ၍ […]

သရက်ချောင်းတွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်၍ အရပ်သားတစ်ဦးဒဏ်ရာရ

Dawei Watch

December 4, 2024

သရက်ချောင်းမြို့နယ်၊ ဆင်ကူး‌ကျေးရွာအနီး‌ဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီး‌ဖြင့် ပစ်ခတ်သဖြင့် အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၂ ရက် ညနေ ၄နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဆင်ကူးရွာနှင့် သုံးဖာလုံခန့်ဝေးသည့်နေရာတွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ကျရောက်ပေါက်ကွဲစဉ် ဥယျာဉ်ခြံလုပ်ကိုင်နေသည့် ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။ “ပစ်နေတာ ခုနစ်ချက်လောက် ကြားလိုက်တယ်။ လက်နက်ကြီး (အစ) စင်ပြီး ထိခိုက်သွားတာပါ။ လက်‌မောင်းမှာ ထိသွားတယ် နည်းနည်းပဲ။ မစိုးရိမ်ရပါဘူး” ဟု ၎င်းက ပြောသည်။ သရက်ချောင်းမြို့တွင် စစ်ကောင်စီ၏ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ၄၀၃ နှင့် ၄၀၄ […]

ဝေဒီရွာသူ ညီအစ်မနှစ်ဦး ထားဝယ်မြို့သို့သွားစဉ် ဖမ်းဆီးခံရ

Dawei Watch

December 4, 2024

လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှ ထားဝယ်မြို့သို့ သွားရောက်ခဲ့သည့် ညီအစ်မနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဒီဇင်ဘာလ ၄ ရက်တွင် ‌အသက် ၂၀ ဝန်းကျင်အရွယ် မယုလှိုင်နှင်းနှင့် ၎င်း၏ ညီမဖြစ်သူတို့သည် ကိစ္စတစ်ခုဖြင့် ထားဝယ်မြို့သို့ ဆိုင်ကယ်ဖြင့်သွားပြီး မြို့ပေါ်တွင် ရှိနေစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း နီးစပ်သူတို့က ပြောသည်။ ထားဝယ်မြို့ မြောင်းပုလဲစာသင်ကျောင်းအနီးရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် ၎င်းတို့ညီအစ်မနှစ်ဦး ရှိနေချိန် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးကြောင်း နီးစပ်သူတို့က ဆိုသည်။ “ယုလှိုင်နှင်းကတော့ ရွာမှာပဲနေတယ်။ သူ့ညီမလေးကတော့ မလေးရှားကနေ ပြန်လာတာ မကြာသေးဘူး။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိဘူးရှင့်” ဟု ဝေဒီရွာသူတစ်ဦးက ပြောသည်။ လတ်တလောတွင် ၎င်းညီအစ်မနှစ်ဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရသေးပေ။ စစ်ကောင်စီတပ်သည် Facebook ကဲ့သို့သော […]